တာချီလိတ်၌ ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းအတွင်း မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းအတွင်း မီးလောင်မှုဖြစ်ပွား



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ စကားဝါလမ်းရှိ အိမ်ခန်းငှား၌ အောက်တိုဘာ ၂၈ ရက်နေ့ လည်ပိုင်းက ဖယောင်းတိုင်ဖြင့် ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ စကားဝါလမ်း၊ အိမ်အမှတ်(၈/၅၃)၊ လိုင်းခန်းအမှတ်(၈)တွင် အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်မှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မီးသတ်ယာဉ် ၃ စီးဖြင့် အခင်းဖြစ်နေရာသို့ သွား ရောက် ငြိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ အိမ်ခန်းတွင် နေထိုင်သူ မရန်ကြူ (၃ဝ နှစ်)သည် နေအိမ် လိုင်းခန်းရှိ သုံးထပ်သား ဘုရားစင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူးဇော်ခဲ့ပြီး အပြင်သို့ ထွက်သွားရာ ဖယောင်းတိုင်းမီးမှ သုံးထပ်သား ဘုရားစင်အား မီးကူးစက်လောင် ကျွမ်းပြီး  နံရံကပ်သုံးထပ်သား ဘုရားစင်နှင့် ဘုရားစင်အောက်ရှိ သုံးထပ်သား ဗီရို တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''ဖယောင်းတိုင်နဲ့ ဘုရားမီးပူးဇော်ခဲ့ပြီး အပြင်ထွက်သွားခဏထွက်သွားတဲ့အချိန် ဖယောင်တိုင်မီးစာကုန်ခမ်းပြီး သုံးထပ်သား ဘုရားစင်ကို မီးလောင်ခဲ့တာပါ၊ အနီးပတ် ဝန်းကျင်က ဝိုင်းဝန်းငြိမ်းလိုက်တော့ ကျွန်တော်တို့ေ ရာက်တဲ့အချိန် မီးကငြိမ်းနေပါပြီ၊ ဆုံးရှုံးမှု နည်းနည်းပဲတွေ့ရပါတယ်''ဟု အရန်မီးသတ်း ဒုတပ်ရင်းမှူး ဦးရဲနန္ဒာက ပြောသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ မရန်ကြူ (၃ဝ နှစ်)အား တာချီလိတ်မြို့မရဲစခန်းက (ပ)၃၇၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats