တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက် စွန့်လွှတ်၍ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန် လိုအပ်ကြောင်း ရပခ တိုင်းမှူး ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက် စွန့်လွှတ်၍ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန် လိုအပ်ကြောင်း ရပခ တိုင်းမှူး ပြောကြား


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်နက် စွန့်လွှတ်၍ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန်လိုအပ်ကြောင်း အ ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဏြဥ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အ ဖွဲ့ တွေ့ဆုံပွဲအခမ်းအနားတွင် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က ပြောကြားခဲ့ သည်။ 
.
 
.
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်က ပြည်သူ့စစ်ဌာနေဆိုသည်မှာ မိမိ စိတ် သဘောဆန္ဒအလျောက် ဒေသခံ ပြည်သူလူထုတို့ကို ကာကွယ်စောင့် ရှောက်သင့်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကိုလည်း မိမိ သဘောဆန္ဒအလျောက် လုပ်အား ပေး ဝင်ရောက်လုပ်ကိုင်ရန် လိုအပ် ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင် စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် အခြေခံ အကျဆုံး လိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေး ဟု ဆိုရာတွင်လည်း သာမန်အနေ အထားနှင့် တဒင်္ဂ အခိုက်အတန့် မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးဖြစ် ရန် လိုအပ်ကြောင်း၊ ထာဝရငြိမ်း ချမ်းရေးဖြစ်မှသာ တိုင်းရင်းသားပြည် သူလူထု အားလုံးမျှော်မှန်းသော ဒီမို ကရေစီနှင့် ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံကို တည်ထောင်နိုင်မည်ဖြစ် ကြောင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအနေဖြင့် လက်နက်စွန့် လွှတ်၍ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန် လိုအပ်ကြောင်း၊ မည်သူမဆို မိမိနိုင်ငံတော်ကာကွယ် ရန်နှင့် မိမိတိုင်းရင်းသားလူမျိုးနွယ် စုများကို ကာကွယ်ရန်အတွက် တပ် မတော်အတွင်းသို့ ဝင်ရောက်ခွင့် ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူ့စစ်(ဌာနေ)အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးပါ ကြောင်း၊ ပြည်သူ့စစ်ဂုဏ်သိက္ခာနှင့် အညီဒေသအတွင်း ပြည်သူလူထု လေးစားရသော၊ အားကိုးရသော ပြည်သူ့စစ်တပ်မတော်အဖြစ်သက် ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့ အ စည်းများနှင့် ပေါင်းစည်းပြီးမိမိဒေသ အတွင်းတည်ငြိမ်အေးချမ်းမှု၊ တရား ဥပဒေစိုးမိုးမှုများ၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေး သွား စေလိုကြောင်းအား ယင်းတွေ့ ဆုံပွဲတွင် တိုင်းမှူးမှ ပြောကြားခဲ့ သည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က သတင်းရေးသား ဖော်ပြထားခြင်း ဖြစ်သည်။
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အတွင်းရေးမှူးချုပ် ဦးခွန်သိန်း ဖေက တိုင်းမှူး၏ ပြောဆိုမှုနှင့် ပတ်သက်၍ ''အမှန်ကတော့ တိုင်း ပြည်ကို တကယ်ချစ်ရင် ပြည်သူ ကို တကယ်ချစ်ရင် လက်နက်ကိုင် လမ်းစဉ်ကို စွန့်တာက အကောင်း ဆုံးပေါ့။ နည်းလမ်းက ဒီတစ်ခု တည်းရှိတာ မဟုတ်ဘူး။ ဥပမာ ပ အိုဝ်းလက်နက်ကိုင်က ပြည်သူကို ချစ်တယ်။ ပြည်သူကို စစ်ဘေး စစ်ဒဏ် မဖြစ်စေချင်တော့ဘူး။ နောက် တိုင်းပြည်ကိုလည်း စစ်ရေး စစ်ရာနဲ့ ပတ်သက်ပြီးတော့ ဝန်ထုပ် ဝန်ပိုး မဖြစ်စေချင်တော့ဘူး။ PNO ကနေ လက်နက်ကိုင် လမ်းစဉ်စွန့် တယ်။ မြန်မာနိုင်ငံတော်က ချမှတ် ထားတဲ့ ဥပဒေမူဘောင်ထဲကနေ နည်း လမ်းတကျနဲ့ ကိုယ့်ဒေသအကျိုးအ တွက် တောင်းဆိုတယ်။ ကိုယ့်ရဲ့ လို အပ်ချက်ကတော့ ချက်ချင်းလက်ငင်း နိုင်ငံတော်ကလည်း မလုပ်ပေးနိုင်ဘူးလေ။ ဒါပေမဲ့ တဖြည်းဖြည်း ခြင်း ကိုယ့်ရည်မှန်းချက်တော့ ရလာမှာပါပဲ။ အဲဒီလိုပဲ ခံယူပါတယ်'' ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ  PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂၆ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အထူးဒေသ (၆) ဏြဥ အသွင်ပြောင်း ပြည်သူ့ စစ် (ဌာနေ) တာဝန်ရှိသူများ တွေ့ ဆုံပွဲကို ပြုလုပ်ခဲ့ပြီးနောက် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ တပ်မတော်မှ ထောက်ပံ့ငွေ ၆၇ဝ,၃ဝဝ,ဝဝ ကျပ်၊ စားနပ်ရိက္ခာ အဖြစ် ဆန် ၃၂၉ အိတ်၊ ဆီ ၃၆၂ ပိဿာ၊ ဆား ၃၆၂ ပိဿာ တို့ကို ပေး အပ်ခဲ့ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats