မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၇)၊ သရဖီလမ်းပေါ်တွင် အောက်တိုဘာလ ၁၅ ရက်က အိမ်စီးယာဉ်ငယ်တစ်စီး
ပေါ့ဆမီးကြောင့် မီးလောင်ရာမှ ယာဉ်မောင်းဖြစ်သူ မီးအဟပ်ခံရကြောင်း ကျောက်မဲမြို့မရဲစခန်းမှ
သိရသည်။
.
.
“ဓါတ်ဆီဘူးတွေ
ဝယ်လာတာကို ကားပေါ်ဆေးလိပ်သောက်တော့ ဓါတ်ဆီက မီးထတောက်လို့မီးဟတ်ခံရတာပါ”ဟု ကျောက်မဲမြို့မီးသတ်ဌာနမှတာဝန်ကျဒုတက
သက်နောင်ထွန်းက ပြောသည်။
ကျောက်မဲမြို့၊
ရပ်ကွက်(၉)၊ နယ်မြေ(၇)ရှိ သရဖီလမ်းပေါ်တွင် အောက်တိုဘာလ ၁၅ ရက်ည ၁၂ နာရီ ၁၅ မိနစ်အချိန်က
ကားတစ်စီးမီးလောင်နေကြောင်းသတင်းအရ ကျောက်မဲရဲစခန်းမှစခန်းမှူး ဒုရဲမှူး ဟန်ဝင်းအောင်
ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့်ကျောက်မဲခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးဦးဆောင်သည့်
မီးသတ်တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်သို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သရဖီလမ်းပေါ်တွင်
Hilux Surf အနက်ရောင်တစ်စီးမှာ အတွင်းပိုင်းကူရှင်များ၊
မျက်နှာကျက်နှင့် ဒက်ရှ်ဘုတ်တို့ မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိရသည့်အပြင် မော်တော်ယာဉ်
အနီး၌ ယာဉ်မောင်းဦးကွယ်ရှင်း(၅၆)နှစ်ကို တွေ့ရှိသဖြင့် မေးမြန်းရာ ရေသန့်ဘူးခွံ(၅)ဘူးထဲ၌
ဓာတ်ဆီများထည့်၍ ၀ယ်ယူ ခဲ့ပြီး မော်တော်ယာဉ်ကို မောင်းနှင်လာစဉ် အခင်းဖြစ်ရာအရောက်၌
ဓာတ်ဆီနံ့ ရ၍ ကားရပ်ကာ ဆေးလိပ်သောက်လျက် ကားအတွင်းရှာဖွေကြည့်ရှုစဉ်၊ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့်
ဦးကွယ်ရှင်း၏ ၀ဲဘက်လက်ဖမိုးနှင့်ဆံပင်များမီးဟပ်သည့်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ပြီး
ပျက်စီးတန်ဘိုး (၆)သိန်းခန့်ဖြစ်ပေါ်ခဲ့၍် မီးလောင်လွယ်သည့် ဓာတ်ဆီများကိုတင်ကာ မဆင်မခြင်ဆေးလိပ်သောက်ခဲ့သည့်အတွက်
လူကိုထိခိုက်ဒဏ်ရာရရှိစေသူ လားရှိုးမြို့၊ နယ်မြေ(၆)၊ ရပ်ကွက်(၇)တွင်နေသူ ယာဉ်မောင်းဦးကွယ်ရှင်းအား
ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan