မွန်ဂို ဂေါ်ရခါးအမျိုးသားအသင်း ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မွန်ဂို ဂေါ်ရခါးအမျိုးသားအသင်း ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဆို



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါးလူ မျိုးများအနေဖြင့် အမျိုးသားအသင်း အဖွဲ့ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်း မွန်ဂိုဂေါ်ရခါး အမျိုးသား ဦးဘာရိတ်ရိုင်း (ခ)ဦးခွန် မင်းလွင်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
.
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ကျရောက်သည့် အ ပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များ ပူဇော်ကန်တော့ပွဲကို တောင်ကြီး မြို့၊ ကန်အောက်ရပ်ကွက်ရှိ သူရ ဿတီ မယ်တော်ကျောင်းတွင် ပြု လုပ်ရာ အဆိုပါ အခမ်းအနားတွင် ဦးဘာရိတ်ရိုင်းက ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
.
''ကျွန်တော်တို့ဟာ အသင်းအဖွဲ့ တစ်ခုတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ မွန်ဂိုမျိုးနွယ် မျိုးနွယ်ဂေါ်ရခါး အမျိုးသားများအသင်း ဆိုပြီး ဖွဲ့စည်း တည်ထောင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ အသင်းဖွဲ့ တည်ထောင်နိုင်ဖို့အတွက် ကြိုးစား နေရတဲ့ရည်ရွယ်ချက်က ဂေါ်ရခါး လူမျိုးတွေရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မြန် မာနိုင်ငံကို ပြန်လည် ကျေးဇူးပြု ဆောင်ရွက်နိုင်စေဖို့အတွက် ရည် ရွယ်ထားတာပါ'' ဟု ¤င်းက ပြော သည်။
.
မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါးအမျိုးသားများ အသင်း ဖွဲ့စည်းတည် ထောင်ပြီးပါက လူငယ်များအားပြု စုပျိုးထောင်ပေးခြင်း၊ လူငယ်များ ကို ပညာပေး စည်းရုံး၍ လူမျိုးချစ် စိတ်၊ ဘာသာစာပေ မြတ်နိုးချစ်ခင် သည့်စိတ်များ ပေါက်ဖွားရှင်သန်လာ စေရန်၊ ဂေါ်ရခါးလူမျိုးတို့၏ ကျေးဇူး ရှင်ဖြစ်သော မြန်မာနိုင်ငံကို ပြန် လည် ကျေးဇူးပြုနိုင်ရေးအတွက် အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ထားကြောင်း သိ ရသည်။
.
မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါးလူ မျိုးများ၏ သက်ကြီးဘိုးဘွား ပူ ဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍  ''မွန်ဂိုမျိုး နွယ်ဂေါ်ရခါး ဘိုးဘွားတွေကို ကျွန် တော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ ဂါဝရပြု ကန်တော့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာ့အရပ်ရပ်ရှိ သက်ကြီး ရွယ်အို ဘိုးဘွားတွေကို သက်ဆိုင်ရာ နိုင် ငံ၊ ဒေသနဲ့ လူမျိုးတွေ အလိုက် ပုံ စံအမျိုးမျိုးနဲ့ ဂါရဝပြု ပူဇော်လေ့ ရှိကြပါတယ်။ အဓိက ရည်ရွယ် ချက်ကတော့ ကျွန်တော်တို့ ဘိုးဘွား တွေရဲ့ ကျေးဇူးကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မွန် ဂိုမျိုးနွယ် ဂေါ်ရခါးတွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြု လုပ်တာ ဖြစ်ပါတယ်''ဟု ဦးဘာရိတ် ရိုင်းက ပြောသည်။
.
အဆိုပါ သက်ကြီးပူဇော်ပွဲ အ ခမ်းအနားတွင် တောင်ကြီးမြို့နယ် အတွင်းရှိ အသက် ၇၅ နှစ်နှင့်အ ထက် မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါး ဘိုး ဘွား ၃၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၆၅ဝဝ နှုန်းရှိ လှူဖွယ်ပစ္စည်းများနှင့် ငွေကြေးများ ပူဇော်ကန်တော့ခဲ့ကြ ပြီး ဘိုးဘွားများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ရိုင်း၊ လင်ဘူး၊ ဂူရွန်း၊ မော်ဂေါ်ရ် (ခ) ထာပါး၊ ယက္ခာရိုင်း၊ ဆူနဝါးရိုင်း၊ သာမန်း (ခ) လာမား၊ ပါရ်ဒန်း (ခ) နေဝါးရ် စသည့် ဂေါ်ရခါး လူမျိုးများ နေထိုင်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats