ဝါတွင်းသုံးလ ဝစီပိတ်တရားအား ထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူထွက် ဆံချမင်္ဂလာ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဝါတွင်းသုံးလ ဝစီပိတ်တရားအား ထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူထွက် ဆံချမင်္ဂလာ ပြုလုပ်



မိုင်းမော (တြိဂံနယ်မြေ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့နယ်၊ မုန်းကျက်ကျေးရွာအ နီးရှိ ထမ်ဖာလျမ်လိုဏ်ဂူ၌ ဝါတွင်းသုံး လ ဝဇီပိတ်တရားအားထုတ် သီတင်း သုံးနေထိုင်လျက်ရှိသည့် သဒ္ဓမ္မဇော တိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိ ယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏ သံဝရသည် အောက်တိုဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ် တွင် ဂူထွက်ခဲ့ပြီး ရပ်ဝေးရပ်နီးမှ လာ ရောက်ဖူးမြော် ခံသော တပည့်ဒါယ ကာ၊ ဒါယိကာမ ၅ဝ ဦးခန့်တို့အား ဖူးမြော်အကြည်ညိုခံ၍  ဆုတောင်း မေတ္တာပို့ တရားဟောကြားခဲ့ပြီး မွန်း လွဲ ၁ နာရီခွဲတွင် ဆံချမင်္ဂလာပြုလုပ် ခဲ့ကြောင်း သိရသည်။
.
 
.
ဆရာတော်သည် ၄င်းဂူတွင် ဆက်လက်သီတင်းသုံးနေထိုင်လျက် ရှိကြောင်းနှင့် အောက်တိုဘာ ၂၄ ရက်နေ့တွင် ဆရာတော်အား ဖူး မြော်ကြည်ညို ရန်အတွက် ရပ်နီး ရပ်ဝေးမှ ဒေသခံရွာသူ ရွာသားများ၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ် နှင့် မိုင်းပျဉ်းမြို့နယ်များမှ ပြည်သူ လူထုများ၊ စုစုပေါင်း အင်အား ၆ဝဝ ဦးခန့်သည် မုံးကျက်ဓမ္မရုံ၌စောင့် ဆိုင်းနေထိုင်လျက်ရှိကြောင်း သိရ သည်။
.
''ဆရာတော်က တရားအား ထုတ်ဖို့အတွက် ဇူလိုင် ၂၃ ရက်နေ့ က စတင်ပြီး တာချီလိတ်မြို့မှ မိုင်း ပျဉ်းမြို့အနီးက မုံးကျက်ကျေးရွာရှိ ထမ်ဖာလျမ်လိုဏ်ဂူမှာ ဝါးတွင်းသုံးလ ဝဇီပိတ်တရားအားထုတ်ခဲ့ပြီး သီတင်း ကျွတ်လပြည့်နေ့မှာ ဂူထွက်ခဲ့တာပါ၊ တာချီလိတ်မြို့ကိုပြန်ြ<ွကဖို့အတွက် သတ်မှတ်ရက်ကိုတော့ မသိရသေးပါ ဘူး''ဟု တပည့်ဒါယကာတစ်ဦးက ပြောသည်။
.
မိုင်းဖုန်းဆရာတော်သည် ဝါ တွင်းကာလတွင် နှစ်စဉ် လိုဏ်ဂူအ တွင်းတရားအားထုတ်လေ့ရှိပြီး ပထမအကြိမ်တွင် မိုင်းပျဉ်းမြို့နယ်၊ မိုင်း မန်းအုပ်စု၊ ပါဟိုင်းဂူတွင် ဝါတွင်းသုံး လ တရားအားထုတ်ခဲ့ကာ မိုင်းဆတ် မြို့နယ်၊ မုန်းကျက်ကျေးရွာအနီး ရှိ ထမ်ဖာလျမ်လိုဏ်ဂူတွင် ဒုတိယအ ကြိမ် ဝါတွင်းသုံးလဝစီပိတ်တရားအား ထုတ် သီတင်းသုံးခဲ့ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats