ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နောင်တုံရေကန်အတွင်း၌
ငါးများ သေဆုံးလျက်ရှိပြီး ရေကန် ညစ်ညမ်းနေသဖြင့် ဌာနဆိုင်ရာများ နှင့် အရပ်ဘက် လူမှုရေးအဖွဲ့အ
စည်းများ၊ ရေကန် ပတ်ဝန်းကျင် နေထိုင်သူများ အနေဖြင့် ပူးပေါင်း ပါဝင်ကြရန် လိုအပ်သည်ဟု
ကျိုင်း တုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်မှ ¤င်း၏ လူမှုကွန်ရက်စာ မျက်နှာတွင်
တိုက်တွန်းနှိုးဆော်ခဲ့ သည်ဟုသိရသည်။
.
.
ယင်းကဲ့သို့ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်
တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏ စိုး တိုက်တွန်းချက်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်
စည်ပင်သာယာ ရေးဌာန၊ အင်ဂျင်နီယာ ဌာနစိတ် တာဝန်ခံ ဦးမြင့်ကျော်သူက ''ကျွန် တော်တို့ဌာနအနေနဲ့
အောက်တိုဘာ လဆန်း ကတည်းက ရေကန်ထဲမှာ ငါးသေဆုံးမှုကို စတင်သိရှိခဲ့ပြီး ငါး သေဆုံးမှု
လျော့နည်း သက်သာ စေရေးနဲ့ ငါးသေတွေကို ဖယ်ရှားရှင်း လင်းနေပါတယ်။ မီးသတ် ဦးစီးဌာန
နဲ့ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီတို့လည်း ပါဝင်ဆောင်ရွက်ခဲ့ပေမယ့် ကန်ရေ မသန့်ရှင်းတာကြောင့်
အခုထိ ငါးသေဆုံးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကန်ရေပြင် မသန့်ရှင်းမှု ဖြစ်ပွား သည်နှင့်ပတ်သက်၍ ရေကန်အတွင်း ၌
ငါးသေများကို ဖယ်ရှားရှင်းလင်း ပေးနေသည့် စည်ပင်သာယာရေးဌာ နမှ နေ့စားဝန်ထမ်း တစ်ဦးကလည်း
''ကျွန်တော်တို့က ကန်ထဲမှာရှိတဲ့ အမှိုက်အိတ်တွေ့လို့ မနေ့ကမှ ဆယ် ယူပြီး ကန်ဘောင်မှာ
ထားခဲ့ပါတယ်။ အခုမနက် ကန်ထဲကို အမှိုက်အိတ် ပစ်ချထားတာ တွေ့ရပါတယ်။ ကန် ပတ်ဝန်းကျင်မှာ
နေထိုင်သူတွေလည်း စည်းကမ်းရှိဖို့ လိုအပ်ပါတယ် ''ဟု ¤င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
နောင်တုံ ရေကန်အတွင်းသို့ ရေ ဝင်ပေါက်အဖြစ် အသုံးပြုနေသည့် ကျိုင်းတုံမြို့၏
အနောက်ဘက်ရှိ နမ့်ခင် ရေချောင်းမှ နောင်တုံကန်အထိ ရေမြောင်းအရှည် ၁၄၅ဝဝ ပေရှိ ပြီး
မြောင်းတစ်လျှောက် လမ်းဘေး ဝဲယာမှ လယ်ယာမြေ စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် နေထိုင်သူများ
၏ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓါတု ဆေးဝါးများ၊ စာြး<ွကင်းစားကျန် ဆီ ပါသည့် ရေဆိုးရေညစ်များအား
မြောင်းအတွင်းသို့ စွန့်ပစ်ခြင်းကြောင့် ရေလမ်းကြောင်း ပိတ်ဆို့၍ ရေမရ ခြင်းတို့ကြောင့်
ရေကန်ညစ်ညမ်း၍ ငါးများသေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဝဏ္ဏစိုးမှ ၄င်း၏ လူမှုကွန်ရက်
စာမျက်နှာတွင် ကျိုင်း တုံမြို့ရှိ လူမှုရေး အသင်းအဖွဲ့များ သည် နောင်တုံကန် သန့်ရှင်းသာယာ
လှပရေး လုပ်ငန်းများတွင် ပါဝင်ရန် မေ့လျော့နေပြီး နောင်တုံကန်၏ လက် ရှိ ကျန်းမာရေးအခြေအနေသည်
စိုးရိမ်ဖွယ် ရှိနေသဖြင့် သတင်းမီဒီ ယာများ အနေဖြင့် ဖြစ်စဉ်အား မီး မောင်းထိုးရေးသား
ဖော်ပြစေလို ကြောင်း ဖော်ပြပါရှိသည်။
.
ကျိုင်းတုံမြို့ရှိ နောင်တုံရေ ကန်သည် ကန်ရေပြင်အကျယ် ၃၅ ဒသမ ၃၇၉
ဧက ကျယ်ဝန်းပြီး စော်ဘွားများ အုပ်ချုပ်စဉ် အချိန်က လူအားဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan