မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ မော်တော်ယာဉ်
တစ်စီးပေါ်မှ တရားမဝင် လက်နက် ကိုင်ဆောင်သူ ၂ ဦးကို ပိတ်ဆို့ရှာဖွေရေးဆောင်ရွက် နေစဉ်
အောက်တိုဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ် ချမ်းမြေ့အောင် ဦးစီးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရဲတပ်ဖွဲ့မှ
ဒုရဲအုပ် ဇော်ဇော်၊ မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ ဒုရဲအုပ် မြတ်ကြည်သာနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ
တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အောက်တိုဘာ ၆ ရက်ည ၁၁
နာရီ ၂ဝ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ဟောင်လိတ်လမ်းဆုံမီးပွိုင့်၌ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ်
ဆေးခမ်းရပ်ကွက်ဘက်မှ တာချီလိတ်မြို့တွင်း ဘက်သို့ အိုက်ဝန်းလီး မောင်းနှင်လာသည့် Mark
X အမျိုး အစား အနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဘယ်ဘက်အခြမ်းတွင် လိုက်ပါလာသူ
အိုက်သန်း၏ ခါးကြားအတွင်းမှ သြစတြေးလျနိုင်ငံထုတ် Glock အမျိုး ကျည်အိမ်တပ်လျက် ပစ္စတိုသေနတ်
၁ လက်၊ ၄င်းကျည် ၇ တောင့်တို့အား တွေ့ရှိသဖြင့် ၄င်းတို့ နှစ်ဦး စီးနင်းလာသည့် ကားနှင့်အတူ
သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ တရားမဝင်လက်နက်ကိုင်ဆောင်သူ အိုက်သန်း (၄၅ နှစ်)နှင့်
အိုက်ဝန်းလီး (၁၈ နှစ်)၊ မိုင်းဖုန်း(က)၊ ဝမ်ပုံကျေးရွာ၊ တာချီလိတ်မြို့နယ်နေသူ နှစ်ဦးအား
တာချီလိတ်မြို့မရဲစခန်းက(ပ)၃၄၅/၂ဝ၁၈၊ ရှမ်းလက်နက်အမိန့်အပိုဒ် ၁၂(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း
သိရသည်။
.
.
.
#KBZTai #Shan