ဆရာ ယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်မှ ၁၇ ရက် အထိ
.
တနင်္ဂနွေ
.
ရှင်းလင်းရန်ရှိသောကိစ္စများ ပြန်ပေါ်လာမည်။ စိတ်အနည်းငယ်ရှုပ်ထွေးကျဆင်းရလိမ့်မည်။
ဘာသာ ရေးကောင်းမှုများ ဆောင်ရွက်ဖြစ်လိမ့်မည်။ စီးပွားရေးအခွင့်အလမ်း တွေ့နေသော်လည်း
ယူမရဖြစ်နေ သေးသည်။ မိတ်ဆွေများထံ အကူအညီတောင်းရတတ်သည်။ ယာဉ်ပြုပြင်ရမည်။ အိမ်သို့ညအိပ်ဧည့်သည်
လာမည်။ ကုန်သည်များမှာ ရောင်းအားတက်လာမည်။ ဝန်ထမ်းများမှာ ဝင်ငွေအပိုရရှိလိမ့်မည်။
ပွဲစားများ မှာ မြေ၊ အိမ်၊ ကား စသည်အရောင်းတည့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူကြောင့်
စိတ် ပျော်ရမည်။ အတူလည်ပတ်ရမည်။ ကျန်းမာရေးကိစ္စများတွင် ကိုက်ခဲနာကျင်မည်။ ကံကောင်းစေသော
ဂဏန်းမှာ(၄/၆/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ကြံရည်ဆက်ကပ်လှူပါ။
တနင်္လာ
.
မီးစက်များ၊ မီးပစ္စည်းများဝယ်ရမည်။ ကောင်းသောသတင်းကြားသိရမည်။ သားသမီးတို့
လှည့်ကွက်ကြား မိမိရောက်လိမ့်မည်။ ခရီးသွားလာရမည်။ စီးပွားရေးတွင် မြှုပ်နေသောငွေပြန်ပေါ်လာမည်။
ထင်မှတ်မထားသူကို ပြန်တွေ့လိမ့်မည်။ အဝတ်အထည်သစ် ဝင်မည်။ စားသောက်ဆိုင်ကောင်း တစ်ခုရောက်မည်။
ကုန်သည်များမှာ အရောင်းကောင်းသော်လည်း ငွေအလိမ်ခံရမည်။ သတိပြုပါ။ ဝန်ထမ်းများမှာ အားလပ်ချိန်
ပိုရလာမည်။ စိတ်ပျော်ရွှင်ရမည်။ ပွဲစားများမှာ ခိုက်ရန်ဖြစ်ရမည်။ ငယ်သူများမှာ အချစ်ရေးတွင်
ချစ်သူနဲ့ ပြတ်စဲရလိမ့်မည်။ လမ်းခွဲမည်။ ကျန်းမာရေးကိစ္စများတွင် အူရောင်ခြင်း၊ အစာအိမ်နာခြင်း
ကြုံတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၅/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ပေါင်မုန့်ကြော်လှူပါ။
.
အင်္ဂါ
.
ယာဉ်အသစ်လဲလှယ်ရမည်။ ယာဉ်သက်တမ်းတိုးရလိမ့်မည်။ ငွေကြေးများများ
ဝင်လာကံရှိသည်။ လုပ်ငန်းအသစ်စတင်ရန် ကြံစည်ရမည်။ အခွင့်အရေးပေါ်လာမည်။ အသက်ကြီးမိဘများအတွက်
ကျန်း မာရေးကိစ္စဆောင်ရွက်ရမည်။ ကျန်းမာရေးပြန်ကောင်းလာမည်။ ကိစ္စဟောင်းများရှင်းရလိမ့်မည်။
ကုန် သည်များမှာ အရောင်းအဝယ် နှေးသလိုဖြစ်ပြီးမှ ပြန်ရောင်းကောင်းမည်။ ဝန်ထမ်းများမှာ
အတွင်းလူ သစ္စာဖောက်ခံရတတ်သည် သတိထားပါ။ ပွဲစားများမှာ မြေအပေါင်တည့်လိမ့်မည်။ ငယ်သူများအချစ်ရေး
တွင် ချစ်သူအသစ်တွေ့မည်။ ကမ်းလှမ်းသူကြုံမည်။ အချို့မှ ဝေးကွာရာမှ ပြန်ဆုံရလိမ့်မည်။
ကျန်းမာရေး ကိစ္စတွင်ဖျားမည်။ အအေးမိမည်။ ကံကောင်းစေသောဂဏန်းမှာ(၁/၄/၈)ဖြစ်သည်။
ယတြာ။ စေတီတစ်ဆူမှာ ပန်းအဖြူလှူပါ။
.
ဗုဒ္ဓဟူး
.
စိတ်ပျော်စရာကောင်းသော နေရာကိုသွားလည်ရလိမ့်မည်။ မိမိမထင်မှတ်သူက
မိမိအပေါ်ပိုကောင်း မွန်နေတာ ကြုံရမည်။ နေအိမ်ပြုပြင်ဆောက်လုပ်ရမည်။ စီးပွားရေးကောင်းမွန်လာတော့မည်။
သားသမီး များအတွက် ဂုဏ်ယူရလိမ့်မည်။ လုပ်ငန်းတိုးချဲ့ရန် အကြံအစည်ဖြစ်လာလိမ့်မည်။ ရွှေဝင်မည်။
ကုန်သည် များမှာ ဝန်ထမ်းပြဿနာပေါ်လိမ့်မည်။ ဝန်ထမ်းများမှာ အရေးကြီးအလုပ်များ အချိန်မီမပြီးသဖြင့်
စိတ်ညစ်ရ မည်။ ပွဲစားများ အနည်းငယ် ပွဲခ ရလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူပေးသော
လက်ဆောင်ရမည်။ ကျန်းမာရေးကိစ္စများတွင် နားနာမည်၊ နားအူမည်၊ နားပိတ်နေမည်။ ကံကောင်းစေသော
ဂဏန်းမှာ (ဝ/၆/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သပြေညွန့်
၁၇ ညွန့်လှူပါ။
.
ကြာသပတေး
.
ရင်ခုန်စိတ်လှုပ်ရှားရသောကာလများဖြစ်နေလိမ့်မည်။ အိမ်တွင်းရှိလူများတစ်ယောက်တစ်မျိုး
ထူးခြား နေမည်။ ပစ္စည်းပျောက်တတ်သဖြင့် သတိပြုရန်တော့လိုပါမည်။ ငွေလည်းအထားမှားတတ်ပါသည်။
ချိန်းဆို ထားသောကိစ္စများပြားလိမ့်မည်။ ထင်ရှားသောသူများနဲ့ လမ်းမှာဆုံတွေ့မည်။ မရောက်တာကြာပြီဖြစ်
သောနေရာသို့ ရောက်မည်။ ကုန်သည်များမှာ ဖောက်သည်ကိစ္စ၊ တပည့်ကိစ္စများကြောင့် အချင်းချင်းစကား
များမည်။ ဝန်ထမ်းများမှာ မိမိယူရသော တာဝန်လွဲချော်မှုဖြစ်လိမ့်မည်။ ပွဲစားများမှာ မြေအရောင်းတည့်ပါ
မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူက မိမိကိုလှည့်စားနေသည်။ အထက်စီးဆန်နေသည်စ
သည်တို့မြင်လာလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အာရုံကြောအားနည်းမည်။ ကံကောင်းစေသော
ဂဏန်းမှာ (၄/၇/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ချိုချဉ်လှူပါ။
.
သောကြာ
.
ခရီးထပ်မံသွားရလိမ့်မည်။ သားသမီးပေးသောငွေကြေး(သို့မဟုတ်)အောင်မြင်မှုမိမိရရှိလိမ့်မည်။
အ တိုက်အခံအနှောင့်အယှက်များ စတင်လွတ်မြောက်လိမ့်မည်။ ငွေကြေးအထူးဝင်လာကိန်းလည်း ရှိနေပါသည်။
စီးပွားရေးကောင်းမွန်လာမည်။ သားသမီးအတွက် အသစ်ထူထောင်ပေးနိုင်မည်။ မိတ်ဆွေသစ်လည်း တိုးတက်လာမည်။
ကုန်သည်များမှာ အရောင်းသွက်ပစ္စည်းကောင်းများ မိမိရမည်။ ပြန်လည်ရောင်း ချလွယ်ပြီး အမြတ်များများရမည်။
ဝန်ထမ်းများ လစာတိုးတော့မည်။ အပိုဝင်ငွေလည်းရတတ်သည်။ ပွဲစားများမှာ ပွဲခ ကောင်းကောင်းရမည့်
ကာလမျိုးဖြစ်သည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူနဲ့အငြင်းပွား ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင်
သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသောဂဏန်းမှာ(၃/၆/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် နာနတ်သီးလှူပါ။
.
စနေ
.
ကားပြုပြင်ရခြင်း၊ ကားအသစ်ဝယ်ခြင်းကြုံမည်။ ဆွေမျိုးအပူသည်အိမ်ပေါ်ရောက်လာမည်။
ပါဝင် ကူညီရလိမ့်မည်။ြေ<ွကးကိစ္စဖြေရှင်းရ မည်။ ငွေကြေးနည်းနည်းခက်ခဲကြပ်တည်းနေမည်။
အဝတ်အစားသစ် ရမည်။ လှပသောပစ္စည်းများလည်းဝင်လာမည်။ ခရီးထွက်ရမည်။ ထူးခြားသောသတင်းကြားသိရမည်။
ကုန်သည်များမှာ အရောင်းအဝယ်အမြတ်ပြန်ရလာမည်။ ဝန်ထမ်းများခွင့်ယူရခြင်း၊ အလုပ်နည်းပါးခြင်း
တစ်ခုခုကြုံမည်။ ပွဲစားများမှာ အပေါင်တည့်မည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူအကူအညီယူရလိမ့်မည်။
အကြံကောင်းလည်းရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် တုပ်ကွေးမိတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ
(၂/၅/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆေးလှူပါ။
.
.
.
#KBZTai #Shan