မိုင်းကိုင်တွင် ကျောက်မီးသွေးသတ္ထုတူးဖော်ခြင်းအား ဒေသခံ သံဃာနှင့် ပြည်သူများ ထပ်မံကန့်ကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်တွင် ကျောက်မီးသွေးသတ္ထုတူးဖော်ခြင်းအား ဒေသခံ သံဃာနှင့် ပြည်သူများ ထပ်မံကန့်ကွက်


နန်းလှိုင်လှိုင်ဦး (မိုင်းကိုင်)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ယတ် ခမ်းနားကျေးရွာအုပ်စု၊ ဝမ်တီးဝမ် လွေးရွာ အနီးတွင် ဟိန်းမေတ္တာကုမ္ပ ဏီမှ ကျောက်မီးသွေး သတ္ထုတူး ဖော်မည့် ကိစ္စကို ဒေသခံ သံဃာတော်နှင့် ပြည်သူများမှ စုပေါင်း၍ ထပ်မံ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ကန့်ကွက်မှုကြောင့် မိုင်း ကိုင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ၄ ဦးက ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ရာ တာဝန်ရှိသူများမှ နယ်မြေကွင်း ဆင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် လူ ထု တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့က ဆင်ခြေဖုန်းမြောက် ကျေးရွာအုပ်စု၊ လွိုင်လိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
.
လူထုတွေ့ဆုံပွဲသို့ သတ္ထုတွင်း ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေး မှူးချုပ်၊ ဦးခင်လတ်ကြီး၊ အမှတ် (၁) သတ္ထုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံအုပ် ချုပ်ရေး အဖွဲ့အစည်းများ၊ ရဟန်း သံဃာတော်များနှင့် ပြည်သူများ စုစုပေါင်း ၄၆ဝ ဦးတို့က ကျောက် မီးသွေးတူးဖော်ခြင်းနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
.
ကျောက်မီးသွေး သတ္ထုတူး ဖော်ခြင်းအတွက် ပြည်သူများက ကန့်ကွက်ခြင်းကိစ္စအပေါ် လက်ရှိ အခြေအနေနှင့် ပြည်သူ့အသံများ၊ မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှု အခြေအနေများ ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာ သော ပြည်သူများက ရေမြေတော တောင် ပျက်စီးဆုံးရှုံးမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နှစ်နာနိုင်မှုများ ကြောင့် ကျောက်မီးသွေး သတ္ထုတူး ဖော်ခြင်းအား ခွင့်ပြုမည် မဟုတ် ကြောင်းနှင့် ဆက်လက်ကန့်ကွက် သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည်ဟု သိရသည်။
.
မိုင်းကိုင်မြို့နယ်တွင် ဝမ်ယတ် ခမ်းနားကျေးရွာအုပ်စု၊ အပါအဝင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၃၄၈ ကျေးရွာရှိပြီး လူဦးရေ စုစုပေါင်း ၇၂၇၅၁ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats