တရုတ်ယွမ်ဈေး တက်လာခြင်းကြောင့် တရုတ်ဆိုင်ကယ် အရောင်းအဝယ် ခက်ခဲနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်ယွမ်ဈေး တက်လာခြင်းကြောင့် တရုတ်ဆိုင်ကယ် အရောင်းအဝယ် ခက်ခဲနေ

နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ဆိုင်ကယ်ဈေးကွက်တွင် တ ရုတ်ယွမ်ဈေး တက်လာခြင်းကြောင့် အရောင်းအဝယ် ပြုလုပ်ရာတွင် အခက်အခဲများရှိနေကြောင်း ဆိုင်ကယ် ရောင်းအဝယ် သမားများထံမှ သိ ရသည်။
.
 
.
လားရှိုးမြို့တွင် ယခုလအတွင်း တရုတ်ယွမ် ဈေးတက်လာခြင်းများ ကြောင့် ဆိုင်ကယ်ဈေးကွက်တွင် ဈေးနှုန်း တည်ငြိမ်မှုမရှိတော့ကြောင်း သိရသည်။
.
''ဆိုင်ကယ် ရောင်းရတာက ဒီ နေ့ ရောင်းလိုက်တာ၊ နောက်ရက် ပြန်ဝယ်တော့ အရင်းပဲဖြစ်နေတယ်။ ဒီနေ့ ခုနှစ်သိန်းနဲ့ ရောင်းလိုက်တယ်။ နောက်ရက်ပြန်ဝယ်ရတာက ခုနှစ် သိန်းတစ်သောင်း ဖြစ်နေတာတွေ ဖြစ်နေတော့ ရောင်းရ၊ ဝယ်ရတာ ခက်တာပေါ့''ဟု လားရှိုးဆိုင်ကယ် ပွဲစားတန်းမှ ကိုဖက်ကပြောသည်။
.
ပြီးခဲ့သည့် လပိုင်းတွင် ရေကြီး ရေလျှံမှုများကြောင့် ဆိုင်ကယ်ဈေး ကွက်အေးနေရာမှ ဈေးကွက်ပြန် လည်အရောင်း အဝယ်ကောင်းချိန် ယခုရက်ပိုင်းအတွင်း တရုတ်ငွေဈေး တက်လာသဖြင့် ဆိုင်ကယ်ဈေး ကွက်မှာ ပုံမှန်မရှိတော့ကြောင်း ကို ဖက်က ပြောသည်။
.
''တရုတ်ငွေဈေးက တက်နေတော့ ဒီနေ့ တစ်သောင်းမြတ်လို့ ရောင်းလိုက်တယ်။ နောက်နေ့က တော့ ဝယ်ရတာကိုက နှစ်သောင်း လောက် ပိုနေတာတွေ ရှိတယ်။ ဝယ်သူတွေအနေနဲ့ကလည်း ဒီဘီး က လေးသိန်းတန်မို့  လေးသိန်း ပဲယူလာတယ်။ ဒီရောက်တော့ သုံး သောင်းလောက် ပိုနေတော့ အောက် ဘီးအနိမ့်ဆုံးဘီး ရှာပြီးဝယ်သွား ကြရတာတွေဖြစ်နေပါတယ်''ဟု လားရှိုးမြို့မှ ဆိုင်ကယ် အကျိုး ဆောင် ကိုခိုင်ဝင်းက ပြောသည်။
.
အဆိုပါ ပွဲစားတန်းသို့ ဆိုင်ကယ် ဝယ်ယူရန် လာရောက်သူများက မိမိလိုချင်သော ဆိုင်ကယ်အမျိုးအ စား၏ ပေါက်ဈေးနှင့် ကိုက်ညီသည့် ငွေယူလာသော်လည်း ငွေဈေးမြင့် တက်မှု မြန်ဆန်နေခြင်းကြောင့် ရ ရာဆိုင်ကယ်ကိုသာ ဝယ်ယူခဲ့ရပြီး တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာ ငွေ ကျပ် ၂၄ဝ အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats