ဟော်မုဇ်ရေလက်ကြား၏ ရာဇသံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟော်မုဇ်ရေလက်ကြား၏ ရာဇသံ



စိုင်းကွမ်းမိုင်း
.
.
၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ တွင် အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့် တပ်ဖွဲ့မှ ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး ဟိုစိန် ဆာလာမီက အမေရိကန်မှ အီရန်အား ခြိမ်း ခြောက်နေလျှင် အီရန်တပ်မတော်သည် ဟော် မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ပြောဆိုခဲ့သည်။ အမေရိကန်နှင့် ၄င်းဒေသ တွင်း မဟာမိတ်များကို ဟော်မုဇ်ရေလက်ကြား အတွင်းသို့ ဖြတ်သန်းဝင်ရောက်ခွင့် ပြုမည် မဟုတ်ဟု ဗိုလ်ချုပ်ကြီး ဆာလာမီက ခြိမ်းခြောက် ပြောဆိုခြင်းသည် ဘာသာရေး ခေါင်းဆောင် ကြီး အယာတိုလာ၊ ခါမေနီက ပါရှန်ပင်လယ် ကွေ့၌ အမေရိကန်ရေတပ် ထိန်းချုပ်စိုးမိုးမှု အား ဝေဖန်ပြောဆိုပြီးနောက် ဤစကားထွက် ပေါ်လာခြင်း ဖြစ်သည်။
.
ဤပြောဆို ခြိမ်းခြောက်မှုသည် ဟော်မုဇ် ရေလက်ကြားနှင့် စပ်လျဉ်း၍ အီရန်တို့က လူ သိရှင်ကြား ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်သည်။ ၂ဝ၁၅ ဖေဖော်ဝါရီလတွင် အီရန်ရေတပ်တပ်ဖွဲ့ သည် Great Proper-9 အမည်ရှိ စစ်ရေးလေ့ ကျင့်မှုကို ပြုလုပ်ခဲ့ရာ၌ ရေလက်ကြားအတွင်း အမေရိကန် လေယာဉ်တင် သင်္ဘောပုံစံတူ ဖောင်ကြီးတစ်ခု ပြုလုပ်၍ ဒုံးကျည်များဖြင့် ဖောက်ခွဲနစ်မြှုပ်ကာ ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့ပစ်သည့် ပုံသဏ္ဍာန်စစ်ရေးလေ့ကျင့်ခဲ့ ကြသည်။
.
တစ်ဖန် အီရန် ရေတပ်ဗိုလ်ချုပ်ကြီး အလီ မာဒ်ဗီကလည်း အမေရိကန်လေယာဉ်တင် သဘောင်္ကြီးများသည် ဒုံးကျည်များ၊ ရော့ကတ် များနှင့် တော်ပီဒိုများ သိုလှောင်ရာ ကုန်လှောင် ကြီးများနှင့် လွန်စွာတူညီနေသဖြင့် ၄င်းတို့ကို ဖောက်ခွဲနစ်မြှုပ်ပစ်ခြင်းအားဖြင့် ဟော်မုဇ်ရေ လက်ကြားကို ပိတ်ဆို့ပစ်နိုင်ကြောင်း ခြိမ်း ခြောက်လာပြန်သည်။ သို့သော် လေယာဉ်တင် သင်္ဘောများပေါ်တွင် အသင့်ဖြန့်ကြက်ထား သည့် အဆင့်ဖြင့် တိုက်လေယာဉ်များက အီရန် ရေတပ် သဘောင်္များကို ကြိုတင်၍ ချေမှုန်း ဖျက်ဆီးနိုင်စွမ်း ရှိနေခြင်းကိုကား ထည့်သွင်း ကာ ပြောဆိုခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့ သည်။
.
၂ဝ၁၇ ဒီဇင်ဘာလတွင် ဟော်မုဇ်ရေလက် ကြားအနီး အမေရိကန် ရေတပ်သဘောင်္များနှင့် ကုန်တင်သဘောင်္များ ရှိနေသည့် နေရာသို့ အီ ရန်ရေတပ်မှ ရော့ကတ်များဖြင့် စမ်းသပ်ပစ် လွှတ်ခဲ့သည်။ ထို့ပြင် ၂ဝ၁၈ ဇန်နဝါရီလလယ် တွင်လည်း အီရန်ရေတပ် စစ်ရေးလေ့ကျင့်နေသည့် နေရာအနီးသို့ ချဉ်းကပ်လာသော အမေ ရိကန် ရေတပ် သဘောင်္အား သတိပေးမောင်း နှင်နိုင်ခဲ့သည်။ ထို့ပြင် အမေရိကန်လေယာဉ် တင် သဘောင်္တစ်စီးပေါ် အီရန် မောင်းသူမဲ့ လေယာဉ်တစ်စီး ပျံဝဲ၍ အမေရိကန်ရေတပ် သဘောင်္များကို အသေခံဒရုန်းဖြင့် တိုက်ခိုက် လေဟန် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။
.
အီရန် အယာတိုလာစုံသျှောင်များသည် နျူကလီးယား သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး သံတမန်ရေး အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် ယခင်သမ္မတဟောင်း အိုဘား မား အစိုးရအဖွဲ့၏ အားနည်းချက်ရှိခြင်းဟု ထင်မြင်ယူဆကာ ယခုကဲ့သို့ ရဲတင်းလာခြင်း ဖြစ်သည်ဟု သမ္မတထရမ့်၏ လက်ထောက်များ က ဝေဖန် သုံးသပ်ကြသည်။ သမ္မတ အိုဘား မားအစိုးရ အဖွဲ့သည် အီရန်တို့အပေါ် တစ်ဖက် သတ် လိုက်လျောမှုများကြောင့် အီရန်တို့သည် စိတ်ဆန္ဒကောင်းမွန်သည့် တုံ့ပြန်ချက်များကို လုံးဝပြုလုပ်ခြင်း မရှိခဲ့ခြင်း ဖြစ်ကြောင်း သမ္မ တထရမ့်၏ လက်ထောက်များက ယူဆလျက် ရှိသည်။
.
၂၈-၉-၂ဝ၁၈ ရက်နေ့တွင် အယာတို လာခါမေနီသည် အီရန် ပြည်သူများသို့ ရုပ်သံမှ တစ်ဆင့် မိန့်ခွန်းပြောဆိုရာ၌ အီရန်သည် ဒေ သတွင်း အကြပ်အတည်း ပြဿနာများနှင့် ပတ် သက်၍ အမေရိကန်နှင့် မည်သည့်အခါတွင်မျှ ပူးပေါင်းဆောင်ရွက်သွားမည် မဟုတ်ကြောင်း အမေရိကန်တို့၏ ဒေသတွင်း မဟာဗျူဟာသည် အီရန်အား ရာနှုန်းပြည့် ဆန့်ကျင် တိုက်ခိုက် လိုခြင်းပင် ဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။  ထိုကဲ့သို့ အယာတိုလာခါမေနီ၏ ပြောဆိုဝေဖန် မှုအား အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြော ခွင့်ရ ပုဂ္ဂိုလ်မစ္စတာမာ့စ်တုန်နာက အယာတို လာခါမေနီ၏ ပြောဆိုမှုသည် အမေရိကန်အစိုး ရအနေဖြင့် အီရန်အား ယခုအနေအထားအတိုင်း လျစ်လျူရှုထား မည်လော၊ သို့မဟုတ် တင်းမာစွာ အရေးယူရမည်လော ဟူသည့် သဘောထား ပြောင်းလဲလာမည်လော ဆိုသည်ကို အကဲစမ်း လိုက်ခြင်းပင် ဖြစ်ကြောင်း ဝေဖန်ကာတုံ့ပြန်ခဲ့ သည်။
.
အမေရိကန် အစိုးရအနေဖြင့် အီရန်အား တင်းမာစွာ အရေးယူခဲ့မည်ဆိုလျှင် အီရန်ခေါင်း ဆောင်များသည် ဟော်မုဇ်ရေလက်ကြားကို ရှေ့တန်းတင်၍ ပြဿနာပြုလုပ်နိုင်ရန် ကြံစည် ထားပုံရဟု မစ္စတာတုန်နာက ဆက်လက်ပြော ကြားသည်။
.
ပင်လယ်ရေကြောင်းအားဖြင့် သယ်ဆောင် ကူးသန်းနေသည့် ကမ္ဘာ့ရေနံပမာဏ၏ သုံးပုံတစ်ပုံသည် ဟော်မုခ်ရေလက်ကြားမှ တဆင့် ဖြတ်သန်းကာ သယ်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အီရန်ခေါင်းဆောင် များ၏ ခြိမ်း ခြောက်ပြောဆိုနေမှုများသည် ကမ္ဘာ့ရေနံ ဈေး နှုန်းအား အဆမတန် မြင့်တက်လာစေရန် ဖန်တီး နေခြင်း ဖြစ်သည်ဟု ဖိအားပေး ခြိမ်းခြောက် နေမှုပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ က သုံးသပ်လာကြသည်။ ထို့ပြင် ထိုသို့ခြိမ်း ခြောက်ပြောဆိုမှုများသည် အီရန်တို့၏ သက် တမ်းရှည်ကြသည့် မဟာဗျူဟာ ရည်မှန်းချက် ဖြစ်သည့် အမေရိကန်တို့ကို ပါရှန်ပင်လယ်ကွေ့ မှ လုံးဝ ထွက်ခွာသွားစေရန် မောင်းနှင်ထုတ် သည့် နည်းဗျူဟာ တစ်ရပ်လည်း ပိုမို၍ ဖြစ် နိုင်ဖွယ် ရှိသည်ဟု ဆက်လက်သုံးသပ်နေကြ သည်။
.
ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ အီ ရန်တို့၏ ခြိမ်းခြောက်ပြောဆိုမှုသည် အနှစ်မ ပါသော အခြောက်ဆန်ပင် ဖြစ်နေသော်လည်း ရည်မှန်းချက်ကား ကြီးမားလေးလံမှု ရှိနေသည် ကို တွေ့ရှိရသည်။ သို့သော် အီရန် အစ္စလာမ် မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် ဟော် မုဇ်ရေလက်ကြားအား ပိတ်ဆို့မှု မပြုနိုင်ဟု ယုံ ကြည်ထားပါက မှားယွင်းသွားနိုင်သည် သာမ က နောင်တရဖွယ် အမျိုးမျိုးဖြင့် ကြုံတွေ့ရမည် ဟု ဝေဖန်ထားကြသည်။
.
ယခုအချိန် အခိုက်အတန့်တွင် အီရန်တပ် ဖွဲ့များသည် ပြဿနာအရပ်ရပ်ကို ဖန်တီးနိုင် သည့် အင်အားမပြည့်စုံ သေးဘဲ ပါရှန်ပင်လယ် ကွေ့တွင် အမေရိကန်ရေတပ်၏ လွှမ်းမိုးထိန်း ချုပ်မှုသည်လည်း ခိုင်မာတောင့်တင်း လျက်ပင် ရှိနေသည်။ သို့သော် အီရန် တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားကိုသာ သေချာဃနစွာ ပိတ်ဆို့နိုင်မည့် အချိန်တွင်အမေရိကန်တို့ သိက္ခာများ လုံးဝကျဆင်းသွားဖွယ် ရှိပေသည်။
.
၂ဝဝ၂ ခုနှစ်တွင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရသည့် အနေအထားဖြင့် အမေ ရိကန် ရေတပ်သည် ထိုလေ့ကျင့်မှုတွင် လေ ယာဉ်တင် သဘောင်္တစ်စီးနှင့် ခရူဇာသဘောင်္ ၁ဝ စီးတို့ ပျက်စီးဆုံးရှုံးခဲ့လေဟန် အနေအထားမျိုး လေ့ကျင့် ခဲ့ကြခြင်း ဖြစ်သည်။
.
ထိုစဉ်က စ၍ ပါရှန်ပင်လယ်ကွေ့တွင် အမေရိကန် ရေတပ်ဖွဲ့သည် အင်အားယုတ်လျော့ ခဲ့ပြီး ရုရှားနှင့် တရုတ်တို့ကလည်း အမေရိကန် ရေတပ် ဗိုလ်ကျစိုးမိုးမှုကို ကန့်ကွက်ရှုတ်ချခဲ့ကြ သည်။
.
ယနေ့ အချိန်တွင် အမေရိကန်ရေတပ်သည် အစမ်းသပ်ခံရမည့် အနေအထားသို့ ရောက်ရှိ သွားသည်။ အီရန် တပ်မတော်မှ ဟော်မုခ်ရေ လက်ကြားအား ပိတ်ဆို့နိုင်ခဲ့မည်ဆိုလျှင် အမေ ရိကန် အိမ်ဖြူတော်အနေဖြင့် စစ်ရေးအင်အား နှင့် ထိရောက်ပိုင်နိုင်စွာ တုံ့ပြန်ကာဖြေရှင်းနိုင် ပါမည်လော ဟူသော မေးခွန်းတစ်ရပ်ပေါ်ထွက် လာတော့သည်။
.
ဒေါ်နယ်ထရမ့်သည် မိမိကိုယ်ကို ယုံကြည်မှု အားနည်းသော သမ္မတတစ်ဦး အနေဖြင့် အယာတိုလာတို့၏ ကျူးကျော်ရမ်းကားမှုကို အ ပြစ်ပေးအရေးယူသွားရန် ကြိုးပမ်းအားထုတ် ခြင်းမရှိသကဲ့သို့ ရေလက်ကြား အရေးအခင်းဖြင့် တက်လာမှု မရှိစေရေးအတွက် လျင်မြန်စွာ ဆုံး ဖြတ်ကာ ဆောင်ရွက်မည့် အခြေအနေသည် လည်း ယနေ့အချိန်ထိတိုင် မရှိသေးချေ။
.
ဒေသတွင်းတွင် အီရန်အားဆန့်ကျင်ကြသည့် ဆွန္ဒီအာရပ်နိုင်ငံများ( ဆော်ဒီအာရေဗျ ကူဝိတ်၊ ယူအေအီး စသည်)နှင့်လည်း အမေရိ ကန်တို့သည် ဆက်ဆံရေးပိုင်း၌ အဖုအထစ်များ ဖြင့် ရင်ဆိုင်နေရသောကြောင့် အိမ်ဖြူတော် သည် နောက်ကွယ်မှနေ၍ ဦးဆောင်နေရုံဖြင့် အီရန်အား နှိပ်ကွက်မှု မပြုနိုင်ချေ။ ပါရှန်ပင် လယ်ကွေ့ ဆွန္ဒီနိုင်ငံများသည် အီရန်အားဆန့် ကျင်တိုက်ခိုက်ကာ အနိုင်ယူနိုင်ရန် လက်နက် ခဲယမ်း မီးကျောက်နှင့် စစ်ရေးကျွမ်းကျင်မှု ပညာရှင်များ လုံလောက်မှု ကင်းမဲ့လျက်ရှိသည်။
.
အကယ်၍သာ ပါရှန်ပင်လယ်ကွေ့ ဆွန္ဒီနိုင်ငံများ ညွှန့်ပေါင်းအဖွဲ့က အီရန်အား ဝိုင်းဝန်း ကာ တိုက်ခိုက်ခဲ့ ပါလျှင်လည်း အမေရိကန် ကျောက်ထောက် နောက်ခံပေး၍ ပံ့ပိုးလာနိုင်မှု ကလည်း သေချာရေရာမှု မရှိသေးချေ။ အီရန် တို့က အမေရိကန် လေယာဉ်တင်သဘောင်္အား ဒုံးကျည်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့လျှင်ကား မ ထင်မှတ်သည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် ဂျီနီဗာ၌ သံတမန်များ တွေ့ဆုံ ဆွေးနွေး တိုက်ပွဲအား အဆုံးသတ် သည့်နည်း ဖြင့်သာ ပြီးဆုံးသွားနိုင်မည် ဖြစ်သည်။ အမျိုး သား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ် တန် ပြောကြားခဲ့သကဲ့သို့ အီရန်အစိုးရအား ဖြုတ်ချကာအစိုးရသစ်တစ်ရပ်ကို ပြောင်းလဲခန့် အပ်နိုင်စွမ်းသည် ထရမ့်အစိုးရထံ၌ အင်အား မရှိပေ။ ယခု သီတင်းပတ်အတွင်း၌ ထရမ့်နှင့် အီရန်တို့ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း မည်သည့်နည်းပုံစံမျိုးနှင့် မဆို ဆွေးနွေးလို ကြောင်း ကမ်းလှမ်းပြောဆိုမှုကို အီရန်သမ္မတ ဟာ ဆန်ဂိုဟာနီက အီရန်သည် မြောက်ကိုရီး ယား မဟုတ်ကြောင်း ပြတ်သားစွာ တုံ့ပြန်ပြော ဆိုခဲ့သည်ဟု သတင်းအသီးသီးတွင် ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။
.
ရေနံတင်သဘောင်္ကြီးများ စသည့် ကမ္ဘာ့ ကုန်သွယ်မှု၏ ၉ဝ ရာခိုင်နှုန်းသည် ဟော်မုဇ် ရေလက်ကြားမှ ဖြတ်သန်း စီးဆင်းနေကြခြင်း ဖြစ်သည်။ မကြာမီက ၁၅ နှစ်ကြာမျှမဟာဗျူ ဟာမြောက် ကမ္ဘာ့ရေလက်ကြားများကို စဉ် ဆက်မပြတ် လေ့လာနေသည့် သုတေသီစီလီ ယံနေးလ်က ဟော်မုဇ်ရေလက်ကြားသည် စီး ပွားရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း အသက်သွေးကြောတစ်မျှ အရေးပါအရာရောက်သည်ဟု အစီရင်ခံစာ ရေး သားတင်သွင်းခဲ့သည်။ လွန်ခဲ့သော လတွင် သမ္မတထရမ့်က အီရန်နျူကလီးယား သဘော တူညီချက်မှ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် မကြာမီမှာပင် အီရန် သမ္မတဂိုဟာနီက ဟော် မုဇ်ရေလက်ကြားအား ပိတ်ဆို့မည်ဟု ခြိမ်း ခြောက်လိုက်မှုကြောင့် ရေလက်ကြား၏ ပထဝီ မဟာဗျူဟာ အရအရေးပါမှုကို ကမ္ဘာ့ပြည်သူ များက အာရုံစိုက်လာကြတော့သည်။
.
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာပေါ်တွင် အဓိက ကျသော ကျဉ်းမြောင်းသည့် ရေလမ်း များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဤကျဉ်း မြောင်းသည့် ဟော်မုဇ်ရေလက်ကြားသည် အိန္ဒိ ယသမုဒ္ဒရာနှင့် အာရေဗျပင်လယ် ပါရှန်ပင် လယ်ကွေ့တို့နှင့် ဆက်စပ်လျက်ရှိသည်။ သ မိုင်းမှတ်တမ်းများအရ ဟော်မုဇ်ရေလက်ကြား သည် အာရပ်နှင့် ပါရှန်ယဉ်ကျေးမှုများကို အိန္ဒိ ယတိုက်ငယ်၊ အာရှပစိဖိတ်နှင့် အမေရိကန် တိုက်ကြီးတို့နှင့် ရှည်လျားသော သမိုင်းတစ် လျှောက် ဆက်စပ်ပေးလျက်ရှိသည်။
.
ထိုကဲ့သို့ သမိုင်း ဆက်စပ်မှုအား ပြန်ပြောင်း ကြည့်မည် ဆိုပါက ရေတပ်ဖြင့် ပင်လယ်ကို စိုးမိုးသော ကိုလိုနီအင်ပါယာများ ထွက်ပေါ်ခြင်း မပြုမီ ၁၆ ရာစုနှစ်များမှ စ တင်ကာ တရုတ် နိုင်ငံမှ ထွက်ရှိသည့် ငွေ ထည် မြေထည် ပစ္စည်းများ၊ ပိုးထည်များ သည် အင်ဒိုချိုင်းနား ကျွန်းဆွယ်မှ ထွက်ရှိ သည်။ ဟင်းခတ် အမွှေးအကြိုင် များကို ဤ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းကာ ဗဟို အာရှဒေသနှင့် ဥရောပသို့ သယ်ဆောင်ကာ ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။
.
ယနေ့ခေတ်ကာလတွင် ပထဝီအနေအထား အား လေ့လာကြည့်ရမည်ဆိုလျှင် ဟော်မုဇ်ရေ လက်ကြားသည် အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံကို အိုမန်၊ ယူအေအီးနိုင်ငံများနှင့် ပိုင်း ခြားထားသည်။ အိုမန်နှင့် ယူအေအီး တို့သည် အမေရိကန်နှင့် ဆော်ဒီတို့၏ မဟာမိတ်များ ဖြစ်ကြသည်။
.
ရေနံစိမ်းနှင့် အရည်သို့ ပြောင်းလဲထားသည့် သဘာဝဓာတ်ငွေ့ တင်ပို့သည့် ပင်လယ်ကွေ့  နိုင်ငံများ ဖြစ်ကြသော အီရန်၊ အီရတ်၊ ကူဝိတ်၊ ဘားရိန်း၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး နိုင်ငံတို့မှ ရေနံတင် သဘောင်္များသည် ဟော်မုဇ်ရေလက်ကြားမှသာ ဖြတ်သန်းနေကြရ သည်။
.
(၁၉၈ဝ-၁၉၈၈) အီရန်-အီရတ်စစ်ပွဲတွင် ၂၁ မိုင်အကျယ်ရှိသည့် ဟော်မုဇ်ရေလက်ကြား သည် အီရန်-အီရတ် ပဋိပက္ခ၏ သတ်ကွင်း ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ရေနံပမာဏ၏ ၃ဝ ရာခိုင်နှုန်းထိ စီးဆင်းနေသည့် ဟော်မုဇ် ရေလက်ကြားတွင် အီရန်နှင့် အီရတ်တို့၏ ရေ တပ်နှင့် လေတပ်တို့သည် နှစ်ဖက်ရေနံတင် သဘောင်္ကြီးလတ်ငယ်များကို အပြန်အလှန်ပစ် ခတ်ဖျက်ဆီးကာ နစ်မြှုပ်ခဲ့ကြသည်။ ထိုစဉ်က ကူဝိတ်ရေနံတင် သဘောင်္များသည် ပစ်မှတ် ထား တိုက်ခိုက်မှုမှ လွတ်ကင်းစေရန်အတွက် အမေရိကန်အလံကို လွင့်တင်၍ ရေလက်ကြား မှ ဖြတ်သန်းခဲ့ကြရသည်။
.
အီရန်-အီရတ် စစ်ပွဲအတွင်းတွင် ဟော်မုဇ် ရေလက်ကြားမှ ရေနံများဆက်လက် သယ် ဆောင်နိုင်ခဲ့ပါသော်လည်း ဟော်မုခ်ရေလက် ကြားမှ ဖြတ်သန်းသည့် ရေနံတင်သဘောင်္များ အတွက် အသက်အာမခံကြေးသည် ၄ဝဝ ရာ ခိုင်နှုန်းထိတိုင် လွန်မင်းစွာ မြင့်တက်သွားခဲ့ရ သည်။ ထို့ကြောင့်ပင် ထိုစဉ်ကတည်းက စတင် ၍ ကမ္ဘာ့ဈေးကွက်၌ ဒီဇယ်နှင့် ဓာတ်ဆီစည့် လောင်စာဈေးနှုန်းများသည် ခေါင်ခိုက်ခဲ့ကြရ သည်။
.
မကြာမီ ကာလက သမ္မတထရမ့်သည် အီ ရန် နျူကလီးယား သဘောတူညီချက်မှ နှုတ် ထွက်ကြောင်း ကြေညာပြီးသည့်နောက်တွင် အီ ရန်သမ္မတ ရိုဟာနီက ဟော်မုဇ်ရေလက်ကြား အား ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဟော်မုဇ် ရေလက်ကြားသာ ပိတ်ဆို့ခဲ့မည် ဆိုလျှင် စွမ်းအင်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုအတွက် အမေရိကန်ပြည်သူ များမှ ရင်ဆိုင်ကာ တွေ့ကြုံခံစား နိုင်မည် လော ဟူသည့် မေးခွန်းက ရုတ်တရက် ထွက် ပေါ်လာတော့သည်။
.
ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့၍ ရေနံ ကုန်သွယ် စီးဆင်းမှုကို အဟန့်အတားဖြစ်စေ ရန်အတွက် အီရန်တို့သည် စစ်ရေးအင်အားကြီး မားတောင့်တင်းရန် လိုအပ်ခြင်း မရှိတော့ဘဲ ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေကြ သည့် ကုန်တင်သဘောင်္ဟူသရွေ့ကို ဒုံးကျည် ကော်ပီ၊ ရေမြှုပ်မိုင်းများဖြင့် ဖောက်ခွဲနစ်မြှုပ် ကာရေကြောင်း သွားလာမှုကို ပိတ်ဆို့နိုင်ပေ သည်။ သို့သော် အမေရိကန်ရေတပ်ဗိုလ်ချုပ် ကြီး ဒင်းနစ်ဘလဲနှင့် ကတ်ရက်လစ်ကာ သယ်လ်တို့က ရေလက်ကြားတွင် ရေကြောင်း သွားလာမှုကို ပိတ်ဆို့ခဲ့မည်ဆိုပါက အီရန်တို့ သည် ဒုက္ခတွင်းသို့ သက်ဆင်းရမည်သာမက နိုင်ငံလည်း ပျောက်ဆုံးသွားနိုင်သည်ဟု ထုတ် ဖော်ပြောဆိုခဲ့သည်။
.
အဆင့်မြင့် ခေတ်မီကုန်သဘောင်္ကြီးများသည် လွန်စွာကြီးမားလှသဖြင့် ၄င်းတို့ကို ပျက် စီးသွားစေရန် ချွတ်ယွင်းသွားစေရန် ပြုလုပ်လို ခြင်းသည် လွယ်ကူသည့် ကိစ္စရပ်မဟုတ်ကြောင်း ရေတပ်ဗိုလ်ချုပ်များကဆက်လက် ပြောဆိုခဲ့ကြ သည်။
.
၁၉၈ဝ ပြည့်လွန်နှစ်များတွင် အသုံးပြု သည့် ရေနံတင် သဘောင်္များနှင့် ယနေ့ ခေတ်မီ ရေနံတင် သဘောင်္တို့၏ တည်ဆောက် ထားပုံတို့သည် တူညီမှု မရှိဘဲ လွန်စွာ ခြား နားကာ တိုးတက်လာနေသည်ကို တွေ့ရှိရ သည်။ ခေတ်မီရေနံတင် သဘောင်္များသည် ကိုယ်ထည်နှစ်ထပ်ဖြင့် တည်ဆောက်ထား၍ ပစ်ခတ်နစ်မြှုပ်စေရန် လွန်စွာ ခက်ခဲလှပေ သည်။ ထို့ပြင် ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့ရန် ခြိမ်းခြောက်မှုကြောင့် ရေနံတင် သေဘာၤ၊ ကုန္သေဘာၤမ်ား၏ အသက် အာ မခံကြေးများ လွန်စွာ မြင့်တက်လာခြင်း၊ ကမ္ဘာ့လောင်စာဈေးနှုန်းများ ခေါင်ခိုက်လာ ရခြင်း စတော့ရှယ်ယာ ဈေးကွက်များ တည် ငြိမ်နေရာမှ လှုပ်ရှားမှု ပြင်းထန်လာရခြင်း စသည့် စီးပွားရေး ငလျင်လှုပ်မှုများကို ကမ္ဘာ့ ပြည်သူများ သာမက အီရန်နိုင်ငံကလည်း တွေ့ကြုံကာ ခံစားသွားကြရမည် ဖြစ်ကြောင်း ကို နိုင်ငံရေးပညာ ရှင်များက ဝေဖန်ထောက်ပြ နေလျက် ရှိကြသည်။ အကယ်၍သာ သမ္မတ ရိုဟာနီက ဟော်မုဇ်ရေလက်ကြားအား ပိတ် ဆို့မည်ဟု ခြိမ်းခြောက်မှုသာ ဖြစ်မြောက် အောင်မြင်ခဲ့ မည်ဆိုပါက။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats