နောင်(မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် အောက်တိုဘာ ၄ ရက်၊ ညပိုင်းက
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် သီပေါမြို့နယ်အားကစားကွင်းအတွင်း
ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် လက်ရှိ ကျင်းပနေသည့် ကျေးရွာပေါင်းစုံဘောလုံးပွဲစဉ်များကိုလည်း
ရပ်ထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။
.
.
အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် နမ့်ပေါ့ချောင်းရေများလျှံတက်လာကာ
သီပေါမြို့အတွင်း ရေကြီး၊ ရေလျှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုးက ၄ ရက်ညမှာ စရွာတယ်။ မနက်ထိရွာတယ်။ တောင်ကျချောင်းရေတွေဆင်းလာ
ပြီးတော့ ဘောလုံးကွင်းထဲ ရေတွေပြည့်သွားလို့ နောက်ရက်ရေကျချိန်မှာ ပြန်ကန်မှာဖြစ်ပါတယ်”ဟု
သီပေါမြို့ မှ ဒေသခံ ကိုစိုင်းလွင်က ပြောသည်။
.
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့အတွင်းရှိ နေအိမ်ခြံဝန်းများအတွင်း
ရေများဝင်ရောက်ခြင်း၊ လမ်းပေါ် ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
“တစ်နှစ်မှ ဒီလိုရေကြီးတာမရှိခဲ့ပါဘူး။ ဒီနှစ်မှ နမ့်ပေါ့ချောင်းရေများလာတော့
ဘောလုံးကွင်းကနေတဆင့် ကျွန်တော်တို့ ရပ်ကွက်တွေ လျှံသွားတာပါ။ ဘောလုံးကွင်းထဲမှာက ဒူးလောက်ရှိတယ်။
ဒီထက်ကြီးရင်တော့ စိုးရိမ်ရပါတယ်”ဟု သီပေါမြို့မှ ဒေသခံ ကိုစိုးမင်းမြတ်က ပြောသည်။
.
အဆိုပါ ရေကြီးမှုကြောင့် ကျောင်းစုရပ်၊ ဘောလုံးကွင်းတိုက်တန်းရေကျော်ခြင်းများ၊
တုံစင့်ရပ်ကွက်တံတား လမ်းရေကျော်ခြင်း၊ ရပ်ကွက်များအတွင်း ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့သဖြင့်
တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးနေကြောင်း
သိရသည်။
.
.
.
#KBZTai #Shan