မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်၊ မိုင်းတုံမြို့တွင်
အောက်တိုဘာလ ၂၆ ရက် နံက်ပိုင်းက တောင်ပေါ်၌ မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်ကျချောင်းရေ
ကျ ဆင်းမှုကြောင့် လယ်ဧက ၂ဝဝ ခန့် ရေလွှမ်းမိုးကာ ချောင်းကူးသစ်သား တံတားတစ်စင်း ရေတိုက်ပျက်စီးခဲ့
ကြောင်း မိုင်းတုံမြို့ စီမံခန့်ခွဲရေးကော် မတီထံမှ သိရသည်။
.
.
''မိုးက ဆက်တိုက်ရွာလာတာ အောက်တိုဘာ ၂၅ ရက်ကတော့ မြို့ပေါ်မှာတိတ်သွားပြီး
တောင်ပေါ် ဘက်မှာ ရွာတော့ ညက နမ့်တုံချောင်း ရေးကျလာလို့ ရေကင်းချပြီး စောင့် ကြည့်ခဲ့ကြပါတယ်။
လူနေအိမ်ခြေ အထိအခိုက်တော့ မရှိပေမယ့် ကမ္မဋ္ဌာန်းကျောင်းသွား ချောင်းကူး တံတားကတော့ ရေတိုက်စားပါသွား
ပါတယ်''ဟု မြို့နယ်ဒုရဲတပ်ဖွဲ့မှူးဒုရဲ မှူး ကိုကိုဇော်က ပြောသည်။
အောက်တိုဘာလ ၂၅ ရက် ည ၁၁ နာရီခွဲ မိုးရွာသွန်းမှုကြောင့် နမ့် တုံချောင်းရေကြီးရေလျှံမှုကို
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသောမတ်၊ စ ခန်းမှူးနှင့်
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ် ဖွဲ့ဝင်များပူးပေါင်း၍ ချောင်းတစ် လျှောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့
ရာ အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီတွင် မြို့မရပ်ကွက်မှ ကမ္မဋ္ဌာန်း ကျောင်းသွားလမ်း
ကားလမ်းပေါ်ရှိ နမ့်တုံချောင်းကူးတံတား ပေအရှည် ၉ဝ၊ အကျယ် ၁၈ ပေခန့်ရှိ သစ်သား တံတား၏
အရှေ့ဘက်ပေ ၂ဝ ခန့်မှာ ရေတိုက်စား၍ပြိုကျကာ အရှေ့ဘက် ချဉ်းကပ်အုတ်ခုံနှင့် ကတ္တရာလမ်း
၈ ပေခန့် မြေနိမ့်ကျ ပျက်စီးခဲ့ကြောင်း တွေ့ရှိရသည်။
.
''မြေစာရင်းဌာနနဲ့ ပူးတွဲပြီး ရေ လွှမ်းခံရတဲ့ လယ်တွေကို လိုက်တိုင်း
ပါတယ်။ ဧက ၂ဝဝ လောက်ရေလွှမ်း ခံနေရတာတွေ့ရပြီး ပျက်စီးမှုအ တိုင်းအတာကိုတော့ ရေကျသွားမှ
သာ သေချာတိုင်းထွာမှသိရမှာဖြစ်ပါ တယ်''ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာ နမှ တာဝန်ခံဦးအုန်းကျော်မြင့်က
ဆို သည်။
.
အောက်တိုဘာလ ၂၆ က နမ့် တုံချောင်း တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး
မိုင်းတုံ မြို့ရှိ၊ ဝမ်နား၊ ဖာချယ်၊ ဝမ်မိုင်၊ ဟောင်လီ၊ အုန်းတောကွင်းများရှိ လယ်ဧက
၁၉၈ ဒသမ ၂ဝ ဧကမှာ ရေလွှမ်းမိုးခံခဲ့ရသည်ကို တွေ့ရှိကာ အချို့ရိတ်သိမ်းပြီး မိုးစပါးအချို့
ချောင်းရေဖြင့်မျောပါဆုံးရှုံးမှု အ နည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ၄င်း ထံက သိရှိရသည်။
.
မိုင်းတုံမြို့တွင်းသို့ နမ့်တုံချောင်း၊ နားညုချောင်းများ ဖြတ်သန်းစီးဆင်း
လျက်ရှိရာ မိုးသည်းထန်စွာရွာသွန်းပါ က ချောင်းများရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်ပြီး
ပြီးခဲ့သည့်ရက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် နားညု ချောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး
တစ်မြို့ လုံးအားထားနေရသည့် ကိုယ့်အား ကိုယ်ကိုးရေအားလျှပ်စစ်မြောင်း ဘောင်များပြိုကျသဖြင့်
လျှပ်စစ်မီး ပေးဝေမှု ပြတ်တောက်ခဲ့သည်ဟု သိ ရသည်။
.
.
.
#KBZTai #Shan