တောင်ကြီးစည်ပင်၏ လုပ်ငန်းလိုင်စင်များ စိစစ်ရောင်းချမှုမှ ကျပ်သိန်းပေါင်း ၅၂ဝဝ ကျော် ရရှိခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးစည်ပင်၏ လုပ်ငန်းလိုင်စင်များ စိစစ်ရောင်းချမှုမှ ကျပ်သိန်းပေါင်း ၅၂ဝဝ ကျော် ရရှိခဲ့


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာန၏ ၂ဝ၁၈-၁၉ ဘဏ္ဍာ ရေးနှစ်အတွက် အရပ်ရပ် အခွင့် အရေးလိုင်စင်များ စိစစ်ရောင်းချမှုမှ ကျပ်သိန်းပေါင်း ၅၂ဝဝ ကျော်ရရှိခဲ့ ကြောင်း သိရသည်။
..

.
''သက်တမ်းတိုးပြီး ရောင်းချခဲ့တာကတော့ မြို့ဝင် ဘီးခွန်ဂိတ် တွေဖြတ်တဲ့ စဥ့်ဟယ်ဂိတ်နဲ့ သစ် တောဂိတ်ပါ။ နောက်တစ်ခုက မြို့မဈေး အိပ်သာဝင်ကြေးပါ။ မြို့ဝင် ကြေး စဥ့်ဟယ်ဂိတ်ကို လိုင်စင် ကြေး ကျပ်သိန်း ၃၄ဝ နဲ့ ရောင်းချ ခဲ့တာပါ။ သစ်တောဂိတ်က လိုင်စင် ကြေးသိန်း၂၇ဝ နဲ့ရောင်းချခဲ့တာ ပါ။ အကုန်လုံး စုစုပေါင်းလုပ်ငန်း လိုင်စင်ပေါင်း ၂၃ ခု ကို ရောင်း ချမှုကနေကျပ်သိန်းပေါင်း ၅၂၉၄ သိန်းနဲ့ ၁ သောင်းကျပ် ရရှိခဲ့ပါ တယ်''ဟု တောင်ကြီးမြို့နယ် စည် ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်မာမာရင် ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ယင်းကဲ့သို့ ရောင်းချခဲ့ရာတွင် စဥ့်ဟယ်မြို့ဝင် ဘီးခွန်ဂိတ်အား လိုင်စင်ကြေး ကျပ် ၃၄ဝ၊ တောင် ကြီးသစ်တော မြို့ဝင်ကြေး ဘီး ခွန်ဂိတ်အတွက် ကျပ်သိန်း ၂၇ဝ၊ တောင်ကြီမြို့မဈေး အိပ်သာဝင် ကြေးကောက် လုပ်ငန်းအတွက် ကျပ် ၇၉၈ သိန်းတို့အား သက် တမ်းတိုး စိစစ်ရောင်းချခဲ့ပြီး ၂ဝ၁၈- ၁၉ ဘဏ္ဍာရေးနှစ်အတွက် အရပ် ရပ် အခွင့်အရေး လိုင်စင်များ စိစစ် ရောင်းချမှု ပြီးစီးသည့်လုပ်ငန်းများမှာ တောင်ကြီးမြို့မဈေး ကုန်ခြောက်သား ငါးဈေး ပျံကျဈေးကောက် လုပ်ငန်း အတွက် လိုင်စင်ကြေး ကျပ် ၁၇ဝ၂ သိန်း၊ စဝ်စံထွန်းဈေး ပျံကျဈေး ကောက်လုပ်ငန်းအတွက် လိုင်စင် ကြေး ကျပ် ၂၃၅ သိန်း၊ အေးသာ ယာ အေးသီရိဈေးပျံကျဈေးကောက် လုပ်ငန်းအတွက် ကျပ်သိန်း ၃၃ဝ၊ စဥ့်ဟယ်ဈေး ပျံကျ ဈေးကောက်/ စက်ဘီး အပ်ခလုပ်ငန်း အတွက် ကျပ် ၁၂၈ သိန်း၊ ရွှေညောင်ဈေး ပျံကျဈေးကောက်လုပ်ငန်း အတွက် ကျပ် ၃ဝ၇ သိန်း၊ စစ်စံထွန်းဈေး အိပ်သာ ဝင်ကြေးကောက် လုပ် ငန်းအတွက် ကျပ် ၁၇၁ သိန်း၊ ရွှေညောင်ဈေး အိပ်သာဝင်ကြေး ကောက်လုပ်ငန်းအတွက် ကျပ် ၆၂ သိန်း၊ မြို့မဈေး ယာဉ်ရပ်နား ခကောက် ခံခြင်းလုပ်ငန်းအတွက် ကျပ်သိန်း ၈ဝဝ၊ အမှတ် (၅)ဈေး ယာဉ်နားခ ကောက်ခံခြင်းလုပ်ငန်းအတွက် ကျပ် ၃၅၁ သိန်း၊ စစ်စံထွန်းဈေး ယာဉ်နား ခ ကောက်ခံခြင်း လုပ်ငန်းအတွက် ကျပ် ၂၇၁ သိန်း၊ အေးသာယာ ကုန် တင်ယာဉ် ဂိတ်ဝင်ကြေး အတွက် ကျပ် ၄၉ သိန်း၊ ရွှေညောင်ဈေး ဆိုင်ကယ်/ စက်ဘီးအပ်လုပ်ငန်း အ တွက် ကျပ် ၇၁ သိန်း၊ သစ်တော ဂိတ် ကုန်တင်ယာဉ် ဝင်ကြေးအတွက် ကျပ် ၇၁ သိန်း၊ အေးသာယာမြို့၊ အေးသီရိဈေး မော်တော်ယာဉ်ရပ် နားခ ကောက်ခံခြင်းလုပ်ငန်းအတွက် ကျပ် ၁၁၅ သိန်း၊ မင်္ဂလာဦးရပ်ကွက် အပေါင်ဆိုင်အတွက် လိုင်စင်ကြေး ကျပ် ၅ သိန်း၊ ဈေးပိုင်းရပ်ကွက် အပေါင်ဆိုင် လုပ်ငန်းအတွက် လိုင် စင်ကြေး ၅ သိန်းကျပ်၊ ရွှေညောင် အပေါင်ဆိုင်လုပ်ငန်းအတွက် လိုင် စင်ကြေး ကျပ် ၆ သိန်း၊ ဟော်ကုန်း ရပ်ကွက် အပေါင်ဆိုင် လုပ်ငန်း အတွက် ကျပ် ၄ သိန်း၊ လမ်းမ တော်ရပ်ကွက် အပေါင်ဆိုင်အတွက် လိုင်စင်ကြေး ၅၁ဝဝဝဝ ကျပ်၊ သစ် တောရပ်ကွက် အပေါင်ဆိုင်အတွက် လိုင်စင်ကြေး ၄၅ဝဝဝဝ ကျပ်၊ ညောင် ရွှေဟော်ကုန်းရပ်ကွက် အပေါင် အတွက် လိုင်စင်ကြေး ၅ သိန်းကျပ်၊ ကန်အောက်ရပ်ကွက် အပေါင်ဆိုင် အတွက် ၅၅ဝဝဝဝ ကျပ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း အချိန်ပိုင်းယာဉ် ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းအ တွက် ကျပ်သိန်း ၅၉ဝ တို့အား စိစစ် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အေးသာယာ၊ ရွှေညောင်လမ်း ဘေး ဈေးကောက်လုပ်ငန်းမှာမူ လေ လံယူမည့်သူ မရှိသည့်အတွက် ဌာန မှ တာဝန်ယူ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats