မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရန်အတွက်
မေးခွန်း တင်သွင်း၍ ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ တဆင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့
အကြောင်းကြားစာ ပေးပို့ထားခဲ့ သော်လည်း အချိန်မီလာရောက် ဖြေကြားခြင်း မရှိသည့်အတွက်
၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လိုက်နာမှု အားနည်းသောကြောင့် တောင်သူလယ်သမား
အခွင့်အရေး များ နစ်နာမှု ဖြစ်ပေါ်စေခဲ့သည်ဟု မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ
ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းနောင့်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
.
''စက်တင်ဘာ ၆ ရက်ကတည်း က မေးခွန်းတင်တယ်။ လွှတ်တော် မစမီ ၁ဝ ရက်အလို
တင်ရမယ်ဆိုတဲ့ စည်းကမ်းအတိုင်း လိုက်နာ လုပ် ဆောင်ခဲ့ပေမယ့် ကြယ်ပွင့်ပြမေးခွန်း မပါလာလို့
လွှတ်တော်ကို မေးတဲ့ အခါ အချက်အလက်တွေ မပြည့်စုံတဲ့ အတွက် လာမဖြေတာလို့ သိရ တယ်။ ကျွန်တော့်
မေးခွန်းအပြင် တခြားကိုယ်စားလှယ်တွေရဲ့ မေးခွန်း ၃ ခု၊ စုစုပေါင်း မေးခွန်း ၄ ခု မပါလာဘူးလို့
သိရတယ်။ မေးခွန်းက တောင်သူတွေ အကျိုးစီးပွားကို နိုင် ငံတော်က လုပ်ဆောင်ပေးရမယ့် မေးခွန်းနဲ့
ဆိုင်တာဖြစ်လို့ အချိန်မီ မသိရတော့ နစ်နာစေတာပေါ့။ ပြီး တော့ အခြေခံဥပဒေပါ အစိုးရက
လုပ်ဆောင်ပေးရမှာ ကိုလည်း အ လေးမထားရာ ရောက်တယ်။ လူထု က သူတို့အတွက် အစိုးရက ဘာ လုပ်
ပေးနိုင်မလဲဆိုတာ သိလိုတဲ့ ဆန္ဒ ပြင်းပြနေကြတာကို မေးခွင့် မရခဲ့တော့ လူထုကို ပြန်ရှင်းပြဖို့
မရှိ ဘူး ဖြစ်သွားတယ်။ မေးခွန်းကို လာမဖြေပေမယ့် အစိုးရက တတ် စွမ်းသမျှ လုပ်ပေးရင်ကိုပဲ
တောင် သူလယ်သမား လူထုတွေ ကျေနပ် နိုင်ကြမှာပါ''ဟု ဦးစိုင်းနောင့်က ပြောသည်။
ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်
ပုံမှန်အစည်းအဝေးတွင် ဦးစိုင်းနောင့်မှ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ''နိုင်ငံခြားမှ
တင်သွင်းသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် ပဲအမျိုးမျိုးတို့မှာ နိုင်ငံတော်မှ
ခွင့်ပြုထားခြင်း ရှိ/ မရှိ'' မေးမြန်းရန် တင်ပြခဲ့ခြင်း ဖြစ်ပြီး လက်ရှိအခြေအနေတွင်
နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်းများ မှ အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များ ဝင်ရောက်နေမှုကြောင့်
ပြည်တွင်းစိုက် ပျိုးသူ တောင်သူများအတွက် ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့်
ကြက်သွန်ဖြူစိုက် တောင်သူများ ထိခိုက်နစ်နာနေမှု ဖြစ်ပေါ်နေသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
အခန်း (၁) နိုင်ငံ တော် အခြေခံမူများ၊ အပိုဒ် ၂၃ အရ နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏
(က)အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဌာန်း ဆောင်ရွက်မည်။
(ခ) စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုး ရရှိရန် ကူညီဆောင်ရွက်မည်
ဟူသည့် စ ကားရပ်များအတိုင်း လက်တွေ့ နစ်နာမှုများ ဖြစ်ပေါ်နေသည့် စိုက် ပျိုးတောင်သူများအတွက်
လူထု ကိုယ်စားလှယ်မှ စည်းကမ်း သတ် မှတ်ချက်နှင့် အညီ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရန်
တင်ပြခဲ့ သော်လည်း ပြည်နယ်အစိုးရမှ လာရောက်ဖြေကြားခြင်း မရှိသည့် အပေါ် ဦးစိုင်းနောင့်မှ
ပြောကြား ခဲ့ခြင်း ဖြစ်သည်။
.
''ဒီမှာက တစ်ပိဿာ ကျပ် ၂ဝဝ၊ ထိုင်း ၄ ဘတ်ပဲ ရတော့တယ်။ အရင်း တောင်
မရဘူး။ အကြီးအကျယ် ရှုံးရတာ။ ပြည်တွင်းကို ဝင်နေတဲ့ ကြက်သွန်ဖြူတွေကြောင့်ပဲ။ ကျွန်
တော်ဆို ပိဿာ ၅ဝဝဝ လောက် ဆုံးရှုံးတယ်''ဟု မိုးနဲမြို့မှ ကြက် သွန်စိုက်တောင်သူ ဦးစိုင်းကြီးညို
က ပြောသည်။
.
အလားတူ လဲချားမြို့နယ်မှ ကြက်သွန်ဖြူ ပွဲရုံပိုင်ရှင် ဒေါ်နန်း ခမ်းလူကလည်း
''တာချီလိတ် အမှတ် (၂) တံတားက ဖြတ်လို့ရတယ်။ ဒါ ပေမဲ့ ထိုင်းက တစ်ကီလိုအပေါ်မှာ ၂၂ ဘတ်
ကောက်တယ်ဆိုတော့ ဈေးက ၁၈ ဘတ်ပဲ ရတာ။ ကားခ၊ အလုပ်သမားခ၊ အလေးချိန် လျှော့ခ ဘာမှမပါသေးဘူး။
၎ ဘတ် ရှုံးနေပြီ။ ဒီနှစ်က တရုတ်ဘတ် အများကြီး ဝင်လာတော့ ရှမ်းကြက်သွန်ဖြူက လုံးဝ အရှုံးပါပဲ''ဟု
ပြောသည်။
.
''ဒါကြောင့် ဒီလို ထိုင်းက အခွန် များပြားစွာ ကောက်ခံနေမှုကို နှစ်နိုင်ငံ
ညှိနှိုင်းပေးဖို့ ရှိ/မရှိ မေး ခွန်းကို မေးမြန်းဖို့လည်း ရှိမယ်။ ပြီးတော့ ဒီလိုပဲ
တရုတ်က ဝင်နေ တဲ့ သီးနှံတွေကို ပြည်တွင်းက စိုက်တောင်သူတွေ နစ်နာမှု မရှိ အောင် အချိန်ကာလ
တစ်ခုအရ တားမြစ်ဖို့ ရှိမလား၊ အခွန်တိုး ကောက်ပြီး တားဆီးမလား မေးခွန်း တွေမေးဖို့
ရှိပါမယ်။ ဒါမှ အစိုးရ တောင်သူလယ်သမားတွေကို အ ခြေခံဥပဒေနဲ့အညီ ကူညီစောင့် ရှောက်ရာ
ရောက်မှာ ဖြစ်ပါတယ်'' ဟု ဦးစိုင်းနောင့်က ဆက်လက် ပြောကြားခဲ့သည်။
.
ထိုင်းနိုင်ငံအနေဖြင့် စက်တင်ဘာလ ၁၉ ရက်က မြန်မာနိုင်ငံထွက် ကြက်သွန်နီများကို
အခွန်ကင်းလွတ်ခွင့် ပြုခဲ့သဖြင့် ပြည်တွင်းတွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၇ဝဝ မှ ၁၄ဝဝ
အထိ ဈေးမြင့်တက်ခဲ့ပြီး ကြက်သွန်နီစိုက် တောင်သူများ အကျိုးအမြတ် ရရှိသကဲ့သို့ ကုန်
သည်များလည်း တွက်ချေကိုက် ခဲ့ကြောင်း ရှမ်းပြည်နယ် ထွက် ကုန်များအနက် အဓိကထွက်ကုန်
တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူ ကိုလည်း ကြက်သွန်နီကဲ့သို့ စီစဉ် ပေးစေလိုကြောင်း လက်ရှိတွင်
စ ရိတ်ပင် မရသည့်အတွက် ကြက် သွန်ဖြူစိုက်တောင်သူများ သာမ က ကုန်သည်များပါ ဆုံးရှုံးမှုများ
ကြုံတွေ့နေရသဖြင့် အစိုးရမှ ကူ ညီဆောင်ရွက်ပေးရန် လိုလားလျှက် ရှိကြောင်း ကြက်သွန်ဖြူစိုက်
တောင် သူများထံမှ သိရသည်။
.
.
.
#KBZTai #Shan