တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပွဲတော်ကို ၁၀ ရက်ကြာ ကျင်းပပြုလုပ်သွားရန် အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပွဲတော်ကို ၁၀ ရက်ကြာ ကျင်းပပြုလုပ်သွားရန် အတည်ပြု



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို မူလက ၉ ရက် သာ ကျင်းပရန် စီစဉ်ထားသော်လည်း ဒေသခံများ၏ တောင်းဆိုမှုအရ ယခင်နှစ်များနည်းတူ ၁၀ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ပြီးနောက် ပွဲတော်ကာလကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ ၁၀ ရက်ကြာ ကျင်းပပြုလုပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
.
“မီးပုံးပျံ ပညာရှင်တွေ၊ ဒေသခံတွေ တောင်းဆိုတာကြောင့်ရယ်၊ နောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ကလည်း မေတ္တာရပ်ခံတဲ့အတွက် ပွဲတော်ကို ယခင်နှစ်များနည်တူ ၁၀ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်”ဟု တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ရိုးရာမီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲအပြင် ဓါတ်ပုံပြိုင်ပွဲ၊ ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲနှင့် စာပေဆိုင်ရာ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats