တောင်ကြီးမြို့မဈေးအတွင်း ခါးပိုက်နှိုက်အန္တရာယ်အတွက် အသိပေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအတွင်း ခါးပိုက်နှိုက်အန္တရာယ်အတွက် အသိပေးသွားမည်



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၊ မြို့မဈေးကြီးအတွင်းသီ တင်းကျွတ်နှင့် တန်ဆောင်တိုင်ပွဲ တော်ကာလ၊ လူစည်ကားချိန်များ၌ ခါးပိုက်နှိုက်အန္တရာယ် သတိပြုနိုင် စေရန်အတွက် အများပြည်သူအား အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော် ခြင်း လုပ်ငန်းကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
.
''ဈေးဝယ်လာတဲ့ ပြည်သူလူထု တွေ မိမိတို့ရဲ့ ရွှေငွေ၊ လက်ဝတ် လက်စားတွေ၊ ပိုက်ဆံအိတ်တွေကို သေချာ ဂရုစိုက်ဖို့ သတိပေးနှိုးဆော် မှာ ဖြစ်ပါတယ်။ တခြားဒေသက ခရီးသွားတွေ လာတဲ့အချိန်တွေဖြစ် တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပွဲတော် ကာလတွေမှာလုပ်မှာပါ။ တခြားဒေသက ခရီးသွားတွေကျ တော့ ခရီးတစ်ထောက်နားပြီးရင် ဒေသထွက်ကုန်တွေ ဝယ်တာတွေ ရှိ တော့ သူတို့ပိုက်ဆံအိတ်တွေ နမော် နမဲ့ ထားတတ်ကြတယ်။ ဈေးလုံ ခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့ အ ပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့မဈေး တာဝန်ခံ ဦးခင်အေးက ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲ တော်ဖြစ်သော တောင်ကြီးမြို့တော်  တန်ဆောင်တိုင်ပွဲတော် ကာလအ တွင်း၌ တောင်ကြီး မြို့မဈေးသို့ လာရောက် လည်ပတ်ကြသည့် ပြည် တွင်း/ပြည်ပ ဘုရားဖူးများ၊ ခရီးသွား ဧည့်သည်များ၊ ဈေးဝယ်များဖြင့် စည်ကားလေ့ရှိရာ ခါးပိုက်နှိုက် အန္တ ရာယ် သတိပြုမိစေရန်အတွက် အ များပြည်သူများအား အသံချဲ့စက် ဖြင့် သတိပေးမှုများကို တစ်ရက် လျှင် ၆ ကြိမ်ခန့် ပြုလုပ်သွားမည် ဖြစ်ပြီး မြို့မဈေးတာဝန်ခံအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဈေးအတွင်း လှည့် လည် စောင့်ကြပ် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရ သည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ တောင် ကြီးတန်ဆောင်တိုင်ပွဲတော် ကာလ အတွင်းက တောင်ကြီးမြို့မဈေး၌ ခါးပိုက်နှိုက်ခံရမှု ၅ ကြိမ်ခန့် ဖြစ် ပွားခဲ့ပြီး ငွေကျပ် ၁၂ သိန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
.
တောင်ကြီးမြို့မဈေးအတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊ ဆိုင်ခန်းပေါင်း ၁၇ဝဝ ကျော်ရှိပြီး ပျံကျဈေးသည် များလည်း အများအပြားရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats