ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
.
လူမှုကွန်ရက် စာမျက်နှာပေါ် တွင် ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးကော်မတီဝင်
ဦးစိုင်းလုံခမ်း၏ရေး သားဖော်ပြချက်သည် စည်ပင်သာ ယာရေးဌာန၏ တာဝန်အရ ဆောင် ရွက်နေမှုအား
ပြည်သူလူထုအထင် အမြင်လွဲမှားမှု ဖြစ်ပေါ်စေနိုင်သော ကြောင့် ဖြစ်စဉ်အမှန်အား နားလည် သိရှိရန်
လိုအပ်သည်ဟု ကျိုင်းတုံ မြို့ရှိ တွဲဘက်ပြည်နယ်စည်ပင်သာ ယာရေးဌာနမှ ဒုတိယညွှန်ကြားရေး
မှူးဦးလုကာက ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးကော်မတီဝင် ဦးစိုင်းလုံခမ်းသည်
အောက်တိုဘာလ ၁ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေ မြောင်းတူးဖော်ရန်အတွက် ငွေကျပ်
၂၉ဝ၆ သိန်း ကုန်ကျခဲ့ကြောင်း၊ သို့သော် လုပ်ငန်းရှင်တစ်ဦးမှ ၁ နှစ်အာမခံဖြင့် ကျောက်စီ
၂ ပေထုကြမ်းခင်း ကွန် ကရစ်လောင်းရာတွင် ငွေကျပ် သိန်း ၂၄ဝဝ သာ ကုန်ကျခဲ့ရာ ကျပ်သိန်း
၅ဝဝ ခန့် ပိုမိုသက်သာခဲ့ကြောင်း၊ ငွေကြေးကုန်ကျမှုအရ ကျပ်သိန်း ၅ဝဝ ခန့် ကွာဟမှုရှိခဲ့ရာ
အဂတိမှုမြောက်/ မမြောက် သိရှိလိုကြောင်းဖြင့် အဂ တိလိုက်စားမှုကော်မရှင်အား တင်ပြ သည့်ပုံစံဖြင့်
ရေးသားထားခဲ့ခြင်း ဖြစ်သည်။
ယင်းရေးသားချက်နှင့် ပတ်သက် ၍ ရှမ်းပြည်နယ် တွဲဘက်ပြည်နယ် စည်ပင်သာယာရေးဌာန၊
ဒုတိယညွှန် ကြားရေးမှူး ဦးလုကာက ''မြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ ရေ မြောင်းလုပ်ငန်းကို
စိတ်ဝင်စားကြတဲ့ လုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးမှာ ဦးစိုင်းလုံခမ်းကိုယ်တိုင် ပါဝင်တက်
ရောက်ပြီး တရားဝင် ဆွေးနွေး ခွင့်နဲ့ မရှင်းလင်းရင် ပြန်လည်မေးမြန်းခွင့် ရှိနေပါလျက်နဲ့
အခုလို လူမှုကွန်ရက် ပေါ်မှာ ရေးသားလိုက်တာမျိုးက စည်ပင်သာယာရေးဌာနကို ပြည်သူ လူထု အထင်အမြင်လွဲမှားသွားစေ
နိုင်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီနီဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ကျိုင်း
တုံမြို့၊ နောင်ကျောက်လမ်းထိပ်မှ လွယ်မွေလမ်းယာဘက်ဘေးရှိ ပေ ၄ဝဝဝ ကျော် ရေနုတ်မြောင်းအတွင်း
ကျောက်စီကွန်ကရစ်လောင်း လုပ် ငန်းအတွက် ငွေကျပ် ၂၉ဝ၆ သိန်း သတ်မှတ်ချထားပေးခဲ့ပြီး
ရှမ်းပြည် နယ်စည်ပင်သာယာရေးကော်မတီမှ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ဌာနနှင့် စည်ပင်သာယာရေးကော်မ
တီအား လုပ်ဆောင်ရန်ခွင့်ပြုပေး ထားခြင်းဖြစ်ကြောင်းသိရသည်။
.
အဆိုပါ ရေမြောင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျိုင်း တုံမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင် က ''ဦးစိုင်းလုံခမ်းရဲ့ ရေးသားချက် နဲ့ ပတ်သက်လို့
ဘာမှမပြောလိုပါ ဘူး။ ရှမ်းပြည်နယ်စည်ပင်သာယာ ရေးကော်မတီရဲ့ တာဝန်ပေးချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။
ပြီး တော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ ငွေ ကြေးထိန်းသိမ်းသုံးစွဲ ဆောင်ရွက် စဉ်မှာ ကော်မတီတွေဖွဲ့စည်းဆောင်
ရွက်ခဲ့တာဖြစ်လို့ မသမာမှုမဖြစ်နိုင် ပါဘူး''ဟု ¤င်း၏သဘောထားအမြင် ကို ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီ နီဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ်
၂၉ဝ၆ သိန်းဖြင့် ဆောင်ရွက်မည့် ရေ မြောင်းကျောက်စီကွန်ကရစ်လောင်း ခြင်းလုပ်ငန်းအတွက်
မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သည့်
တည်ဆောက်ရေးကော်မတီ၊ ပစ္စည်း ဝယ်ယူရေးကော်မတီ၊ ကြီးကြပ်ရေး အဖွဲ့၊ အရည်အသွေးစစ်ဆေးရေး
အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးရရှိသည့် ရန်ပုံငွေမှ ပြည်တွင်း အခွန်များဦးစီးဌာနသို့
အခွန် ၂ ရာ ခိုင်နှုန်း ပေးသွင်းခြင်း၊ ယခင်ကြိုတင် ဆောင်ရွက်ခဲ့သည့် ရေမြောင်းအမှိုက်
နှင့် နုန်းဆယ်ယူခြင်း၊ မြေတူးခြင်း လုပ်ငန်းများအတွက်စိုက်ထုတ် သုံး စွဲခဲ့သည့် ငွေများအား
ပြန်လည်နုတ် ယူခြင်းနှင့် ပြည်နယ်လျှပ်စစ် အင် ဂျင်နီယာမှူးရုံးအဝင် တံတား ပြန် လည်
တည်ဆောက်ရန် ကုန်ကျစရိတ် များရှိနေသဖြင့် ပိုလျှံငွေ မကျန်ရှိနိုင် ဘဲ ဖြစ်နေကြောင်း
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
.
.
#KBZTai #Shan