လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာတွင်ခိုလှုံနေသော တိုက်ပွဲရှောင်များ လားရှိုးမြို့သို့ ထပ်မံတိမ်းရှောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာတွင်ခိုလှုံနေသော တိုက်ပွဲရှောင်များ လားရှိုးမြို့သို့ ထပ်မံတိမ်းရှောင်



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာတွင်ခိုလှုံနေသော တိုက်ပွဲရှောင်ပြည်သူများမှာ အီ နိုင်းကျေးရွာအနီး လက်နက်ကိုင်များတပ်စွဲနေခြင်းနှင့် ပစ်ခတ်မှုများကြောင့် အောက်တိုဘာ ၂၉ ရက်တွင် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်သို့ ထပ်မံတိမ်းရှောင်လာကြကြောင်း သိရှိရသည်။  
.
.
အောက်တိုဘာ ၂၆ ရက်တွင် ထိတွေ့ပစ်ခတ်မှုများကြောင့် အီနိုင်းကျေးရွာအနီးရှိ ရွာများမှ ရွာသားများသည် အီနိုင်းကျေးရွာသို့ တိမ်းရှောင်လာရာ အောက်တိုဘာ ၂၈ ရက်၊ ညပိုင်းတွင်လည်း အီနိုင်းကျေးရွာအနီး လက် နက်ကိုင်များ တပ်စွဲနေခြင်းနှင့် ပစ်ခတ်မှုများကြောင့် လားရှိုးမြို့သို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ် ကြောင်း သိရသည်။ 
.
အောာက်တိုဘာ ၂၆ ရက်မှာ ပစ်ခတ်မှုဖြစ်လို့ ရွာသားတွေက အီနိုင်းဘုန်းကြီးကျောင်းနဲ့ မန်မိုင်ကချင်ဘုရား ကျောင်းမှာလာနေကြတာ။ အခုက အီနိုင်းကျေးရွာမှာ လာပြီးပစ်ခတ်မှုဖြစ်တော့ ရွာသားတွေက လားရှိုးမြို့က မန်ဆူရှမ်းကျောင်းမှာ နေကြတာပါ”ဟု အီနိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
လားရှိုးမြို့နှင့် ၉ မိုင်ဝေးသော အီနိုင်းကျေးရွာအတွင်း နတ်စင်ကုန်းနှင့် ၁၀ မိုင်ကွေ့နေရာတွင် နှစ်ဖက်ပစ်ခတ် မှုများဖြစ်ပွားနေကြောင်း သိရသည်။
.
အနေ့ညက ခဏလေးဖြစ်သွားတယ်။ ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ အကြာကြီးပစ်ကြတယ်။ ဒါကြောင့် မိသားစုလိုက်ထွက်ပြေးလာကြတာပါ။’’ဟု ၁၀ မိုင်ရွာမှ လီဆူတိုင်းရင်းသား တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် အီနိုင်းကျေးရွာတွင်ခိုလှုံနေသော တိုက်ပွဲရှောင်ရွာသား ၅၀၀ ခန့်မှာ အီနိုင်းဘုန်း ကြီးကျောင်း၌ ခိုလှုံနေရာက လားရှိုးမြို့သို့ ထပ်မံတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats