မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပထမနှစ် သင်တန်းဝင်ခွင့် နိုဝင်ဘာလ ၉ ရက်အထိ လျှောက်ထားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပထမနှစ် သင်တန်းဝင်ခွင့် နိုဝင်ဘာလ ၉ ရက်အထိ လျှောက်ထားနိုင်



ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ပထမနှစ်သင်တန်း တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာနှင့် ထိုင်းဘာသာ အထူးပြုများအတွက် ဝင်ခွင့် ထပ်မံလျှောက်ထားလိုသူများအား အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၉ ရက်နေ့အထိလျှောက် ထားခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ အထူးပြုဘာသာများအတွက် ဦးစားပေး ရွေးချယ်မှု မကိုက်၍ ကျန်ရှိခဲ့သူများအနေဖြင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ တက်ရောက်ရန် ဆန္ဒရှိပါက ဝင်ခွင့်ပြန်လည် လျှောက်ထားရန် ခေါ်ယူထားခြင်းဖြစ်ပြီး လျှောက်ထားလိုသူများ သည် ၂ဝ၁၈ ခုနှစ် ဇွန်လက ဝင်ခွင့် လျှောက်ထားပြီး လူတွေ့ နှုတ်ဖြေစစ်ဆေးခံယူပြီးသူများ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
.
ပြန်လည်လျှောက်ထားလိုသူများ အနေဖြင့် မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်ကျောင်းသားရေးရာ ဌာနတွင် စနေ၊ တနင်္ဂ နွေရုံးပိတ်များတွင်ပါ လျှောက်ထားနိုင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats