ကျော်ကျော်လင်း (ရှမ်းပြည်)
.
.
မိုးတဖွဲဖွဲ ရွာနေသော်လည်း နေကသာ နေသည်။ မိုးတိမ်များကြားမှ နေလုံးကို
မမြင်ရ သော်လည်း အလင်းရောင်နှင့် အပူရှိန်ကို ခံစားရနေသည်။ တော်သလင်းမိုးကား တဖွဲဖွဲရွာလိုက်၊
ခမ်ပြင်းပြင်း ရွာလိုက်နှင့် တော်သလင်း လကို သတိပေးနေသကဲ့သို့ ရွာခြင်းဖြစ်သည်။ မနက်ပိုင်းကာလလောက်က
ကောင်းကင်မှာ ရေတစ်စက်မှ မကျန်ဟု ထင်ရလောက်အောင် သဲကြီးမဲကြီး ရွာချလိုက်သော်လည်း ယခုကာ
လတွင် နောက်တစ်ကြိမ်ရွာရန် အစပျိုးနေသည် ဟု ဆိုရမည်။ တဖြည်းဖြည်း ရွာနေရာမှ နေ ရောင်လည်း
မြင်နေရသည်။ နေပူမိုးရွာ အခြေ အနေမှ မိုးတိတ်သွားသည်။ နေရောင်ပွင့်လာ သည်။ ထိုအခြေအနေနှင့်အတူ
မြေကြီးအတွင်း အောင်းနေသော မှိုများလည်း အပြိုင်းအရိုင်း မြေပြင်သို့ တိုးထွက်လာသည်။
ကြီးမားသော မှိုပွင့်များအဖြစ် မြေပြင်သို့ ထွက်လာခြင်း ဖြစ် သည်။ မှိုရှာ မှိုခူးသူများ
အပြိုင်အဆိုင် အလု အယက်၊ မြန်မာစကားတွင် မမျှော်လင့်ဘဲ လာဘ်လာဘ တစ်စုံတစ်ခုကို ရလိုက်လျှင်
ရလိုက်တဲ့ ထိုပုဂ္ဂိုလ်၏ မျက်နှာကို ''မှို ရတဲ့ မျက်နှာ''ဟု တင်စားပြောကြပါသည်။ အလွန်ချိုသော
လူတိုင်းနီးပါးနှစ်သက်သော မှိုနှင့် တင်စား ခြင်းဖြစ်သည်။ သို့သော် စားကောင်းသည့် အဆိပ်ကင်းသည့်
မှိုဖြစ်ရန်လည်း လိုပါသည်။ ကမ္ဘာပေါ်တွင် မှိုအမျိုးအစား ပေါင်း သောင်းနှင့် ချီပေါက်ရောက်လေ့
ရှိသည်။ စားသင့်၊ မစားသင့်သည့်မှိုကို ခွဲခြားသိရှိရန် အရေးကြီးသည်။
လူသားများ စားသောက်နေသည့် ကြိုက် နှစ်သက်သည့် မှိုကို စားသောက်မိရာမှ
မှိုအဆိပ်သင့်ခြင်းအကြောင်းကို အခြေခံမျှ သိထားရန် လိုပါသည်။ အရပ်အခေါ်အဝေါ်အားဖြင့် မှိုတောက်သည်ဟု
ခေါ်ကြသည်။ ယင်းသို့ ဖြစ် သည့်အခါ အဆိပ်ပါဝင်နှုန်း အနည်းအများအ လိုက် စားသောက်မိသည်နှင့်
မူးဝေခြင်း၊ အော့ အန်ခြင်းများ ဖြစ်သလို ဝမ်းလျောခြင်းများလည်း ရှိတတ်သည်။ အဆိပ်ပါဝင်နှုန်း
မြင့်မားပါက အသက်ပါ ဆုံးရှုံးရသည့် အဖြစ်များအထိ ကြုံ တွေ့နိုင်ပါသည်။ ကမ္ဘာပေါ်တွင် မှိုအမျိုးအစား
ပေါင်း သောင်းနှင့်ချီ ရှိတတ်သော်လည်း ထိုအ ထဲမှ အမျိုးပေါင်း ငါးဆယ်နှင့် တစ်ရာခန့်သာ
အဆိပ်ရှိ မှိုများဖြစ်သည်ဟု ဆိုသည်။ အချို့ သော မှိုအဆိပ်သည် အလွန်ပြင်းထန်ပြီး အ သက်သေဆုံးသည်အထိ
အန္တရာယ်ရှိနိုင်ပါ သည်။ မှိုစားသုံးခြင်းကို ဂရုစိုက်သင့်သည့် မှိုအ မျိုးမျိုးတွင် အရောင်အမျိုးမျိုးနှင့်
ပုံစံအမျိုးမျိုး ရှိသည်ဟု ဆိုရမည်။ နေရာဒေသအလိုက်ပေါက် ရောက်သည့် မှိုများကို စားသုံးရန်
သင့်မသင့်ကို ဒေသခံများက ပိုမိုသိရှိကြပါသည်။ မှိုအကြောင်း သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင်
မသိဘဲ ချက်ပြုတ်စားမိပါက မှိုတောက်တတ်ပါသည်။ ကံဆိုးပါက အသက်ဆုံးရှုံးသည်အထိ မှိုအဆိပ်
သင့်တတ်သည်။ ထို့ကြောင့် အဆိပ်ရှိတတ် သည့် မှိုများအကြောင်း သေသေချာချာ သိ ထားရန် လိုပါသည်။
.
အဆိပ်ရှိသည့် မှိုများ၏ လက္ခဏာမှာ များသောအားဖြင့် မှိုသည် အရောင်အဆင်းတောက်ပလေ့
မရှိပါ။ အဖြူရောင် သာများသည်။ အစိမ်းရောင် မှိုများတွေ့ရှိပါက လုံးဝမစားသင့်ပါ။ မှိုအမှုန်များ
ထုတ်လွှတ်တတ်သည့် မှိုများကို လည်း မစားသင့်ပါ။ အရောင်အဆင်း တောက် ပသည့် မှိုများကိုလည်း
မစားသုံးသင့်ပါ။ မှို၏ အရွက်တွင် အကြေးဖတ်မျာ ကပ်နေသည့်အခါ တွင်လည်း ရှောင်ကျဉ်ရပါမည်။
အရွက်သည် များသောအားဖြင့် ပြောင်ချောနေရမည့်အစား အကြေးအဖတ်များ ကပ်နေခြင်းကြောင့် အန္တ
ရာယ် သတိပေးနေသည်ဟု ဆိုနိုင်ပါသည်။ ချက်ပြုတ်စားသောက် ခါနီးတွင် မှိုများတွင် အဆိပ်ရှိ
မရှိကို စမ်းသပ်ကြည့်နိုင်သည့် နည်းများလည်း ရှိပါသည်။ အမှန်တကယ်ဆိုရလျှင် စားသုံးသူ
အတော်များများသည်လည်း စမ်းသပ်ပြီးမှ စားသုံးလေ့ရှိပါသည်။ မှိုကိုအဆိပ် ကင်း မကင်း စမ်းသပ်ပြီးမှ
ချက်ပြုတ်စားသောက်ခြင်း ကြောင့် မှိုအဆိပ်သင့်သည့် အန္တရာယ်မှ ကင်း ဝေးနိုင်ပါသည်။ အဆိပ်ရှိ
မရှိ ကိုယ်တိုင်သာ စမ်းသပ်နိုင်သည်။ အဆိပ်ရှိ မရှိ စမ်းသပ်သည့် မှိုကို လက်ဖြင့် ညှစ်လိုက်ခြင်းဖြင့်
အညို ရောင်၊ အမဲရောင် ပြောင်းသွား ပါက အဆိပ်ရှိ နိုင်ပါသည်။ လက်ဖြင့် ပွတ်ချေလိုက်သည့်အခါ
သွေးရောင်လို အနီရောင် အရည်များ ထွက် လာပါက ထိုမှိုသည် မစားသုံးသင့်ပါ။ နည်းတစ် ခုမှာ
မှိုကို ဆားရေစိမ်ကြည့်လိုက်ပါက အရောင် မဲသွားပါက မစားသင့်သော မှိုဟုဆိုရမည်။
.
မချက်ပြုတ်မီက မှိုများကို စစ်ဆေးမကြည့်ခဲ့သော်၊ မစမ်းသပ်ခဲ့သော်လည်း
အိုးထဲရောက်မှ မီးဖိုပေါ်ရောက်မှ ယခုလို စမ်းသပ်နိုင်ပါသည်။ မီးဖိုပေါ်တွင် စတီးဇွန်း
ဖြစ်စေ၊ ဒါးပြားဖြင့် ဖြစ်စေ မွှေသည့်အခါ မှိုဟင်းမည်းသွားလျှင် အဆိပ် ရှိနိုင်ပါသည်။
မှိုဟင်းချက်သည့် အခါ တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်လေ့ ရှိ ပါသည်။ ထိုဟင်းချက်စဉ်
ကြက်သွန်နီ ထည့်လိုက်သည့်အခါ မှိုဟင်းမည်းသွားလျှင် မစား သင့်သော မှိုဟင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ကုသိုလ်ကံဆိုးစွာနှင့် အဆိပ်ရှိမှိုများကို ချက်ပြုတ် စားသောက်မိခဲ့သော် မှိုတောက်ခဲ့သော်
သာမန် အပျော့စား အဆင့် နှင့် ဦးနှောက်နှင့် အာရုံ ကြောကို ထိခိုက်သည့်အဆင့်ဟု ဆိုကာအဆင့်
ခွဲခြားနိုင်သည်။ မှို၊ မျှစ်တို့သည် အစာအုပ်စုဝင် များ မဟုတ်သလို အာဟာရဖြစ်စေသည့် အစားအစာများ
စာရင်းတွင်လည်း မပါဝင်ပါ။ သို့သော် လူတော်တော်များများ က နှစ်သက်စွာ စားသောက်လေ့ ရှိသည်။
ထို့ကြောင့်လည်း မှိုစားသောက်ပြီး အဆိပ်အတောက်ဖြစ် မဖြစ်ကို မိမိ ကိုယ်တိုင် ချက်ခြင်းသိရှိရန်
လိုပါသည်။ အဆိပ်ရှိ မှိုစားပြီးနောက် ဖြစ်တတ်သည့် ရော ဂါလက္ခဏာများကို သိထားရန် လိုသည်။
ထို လက္ခဏာသည် အစာစားပြီးနောက် မိနစ်နှစ် ဆယ် နာရီဝက် ကျော်လာပါက မူးဝေလာခြင်း၊ ပျို့ခြင်း၊
အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း စသည့် အစာအဆိပ်သင့်သည့် လက္ခဏာများ ကို ပြလာသည်။
အချို့သော မှိုဆိပ်သည် ပြင်း ထန်ပါက အသက်ဆုံးရှုံးခြင်းအထိ ဖြစ်သွားနိုင် ပါသည်။ ဦးနှောက်နှင့်
အာရုံကြောကို အဆိပ်သင့် ခဲ့သော် လူနာသည် ကယောင်ကတမ်းများ ဖြစ်ရသည်။ အလွန်အမင်း နိုးကြားလာခြင်း၊
အလွန်အမင်း တက်ကြွနေခြင်း၊ အချို့သည် မိန်းမောက စိတ်ဓာတ်ကျခြင်း၊ ငေးငေးငိုင်ငိုင်
ဖြစ်နေခြင်း စသည်ဖြင့် မှိုအဆိပ်သင့်ခြင်းရောဂါတွင် ပုံစံ အမျိုးမျိုး ရှိနေပါသည်။ မှိုအဆိပ်သင့်
ရောဂါ ဖြစ်လာပြီဟု ယူဆသည်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန် သွားရောက် ပြ
သကုသမှုကို ခံယူရန် လိုပါသည်။ သွားရောက် ကုသခံယူရာတွင် မိမိစားသုံးခဲ့သည့် မှိုကို ပြ
သနိုင်ရန် မိမိချက်ပြုတ်စားသောက်ခဲ့သည့် မှို ကို နမူနာယူသွားလျှင် အကောင်းဆုံး ဖြစ်
သည်။ ယခုတင်ပြသည့် မှိုမှာ သဘာဝအ လျောက် မိုးတွင်းကာလ တောတောင်များ၊ ချုံ စပ်များတွင်
တွေ့ရသော မှိုများအကြောင်း ဖြစ် သည်။ မြို့ကြီးများ၏ ဈေးတွင်ရောင်းချနေသော စိုက်ပျိုးရေးမှိုများတွင်ကား
မှိုအဆပ်အသင့်မှု အန္တရာယ် မဖြစ်သလောက်နည်းပါးသည်။ စိတ် ချလက်ချ စားနိုင်သည်ဟု ဆိုရပေမည်။
.
ကျေးလက်တောရွာနေ ပြည်သူများတော တောင်များထဲက ရှာဖွေလို့ ရရှိသည့်
မှိုများ သည်ကိုမူ သေသေချာချာ စစ်ဆေးပြီးမှ စား သုံးသင့်သည်။ ကျေးလက်တောရွာများတွင်
မှို များ အစုံအလင် ပေါက်လေ့ရှိသည်။ တစ်ခါ တစ်ရံ မိမိတို့အနီးဝန်းကျင်ရှိ လူများစားသုံး
သည်ကိုတွေ့မှ စားသောက်ရဲသည့် သူများ လည်း ရှိသည်။ တစ်နည်းဆိုရလျှင် တော တောင်များအတွင်း
သွားလာရင်း ကောက်လာ သည့် မှိုအမျိုးမျိုးများအနက် မိမိလုံးဝ မစားဖူး သည့် မှိုများ ပါဝင်ခဲ့သော်
သေချာတာကလည်း ပါဖို့ သေချာသည်။ ထိုအဖြစ်နှင့် ကြုံလာခဲ့ သော် မစားတာက ပိုကောင်းပါသည်။
အစား တစ်လုတ်အတွက်နှင့် ဒုက္ခရောက်ခြင်းသည် မ ဖြစ်သင့်ဟု စိတ်က ပြတ်သားရန် လိုပါသည်။
တစ်ခါတစ်ရံတွင် သူများမှ မဖြစ်တာ ငါလည်း မဖြစ်နိုင်ဟု ဆုံးဖြတ်ခြင်းထက် အန္တရာယ် ကင်း
ရေးကို ဦးစားပေးခြင်းက ပို၍ အကျိုးရှိသည်။
.
မြို့ကြီးများတွင် ဤပြဿနာသည် ကောက် ရိုးမှို၊ စိုက်ပျိုးမှို၊ ပျိုးမှိုများကြောင့်အန္တရာယ်
ကင်းကင်း စားသုံးနိုင်သည်။ စားသောက်၍ ရ နိုင်သောကြောင့် အသေအချာပျိုးပြီး ရောင်းချ
ခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။ တောထဲ တောင်ထဲမှ မှိုကို ရှာဖွေကောက်လာခြင်း မ ဟုတ်၍ စားကောင်းတဲ့မှိုဟု
ယုံကြည်ခြင်း ဖြစ် သည်။ တောထဲမှ မှိုဟုဆိုတိုင်း မိမိလည်းစား ဖူးသည့်မှို ဖြစ်မှသာ စားသောက်သင့်သည်ဟု
ဆိုရပေမည်။ ဥပမာ မှိုအလွန်ပေါသည့် တော နယ်တွင် မှိုကြက်မြစ်ဟု ခေါ်သော မှိုအလုံး လိုက်ကလေးများကို
ဟင်းချက်ထားသည်ကို ကြုံဖူးသည်။ ထမင်းချက်ကျွေးသည့် အိမ်ရှင် ကလည်း စေတနာအပြည့်ဖြင့်
ထည့်ပေးသည့် ထိုမှိုဟင်းကို မရဲတရဲဖြင့် စမ်းစားကြည့်ရာမှ ထိုဟင်းခွက် တက်တက်ပြောင်မှ
ထမင်းစိုင်းမှ ထခဲ့သည်ကိုလည်း ကြုံဖူးသည်။ ဟင်း၏ အရ သာမှာလည်း ကြက်မြစ်ကြက်သည်းလို
အရ သာပါတူသည်။ နူးညံ့လှသည်။ တောထဲတောင် ထဲမှရသည့် မစားဖူးသည့် မှိုဖြစ်နေပါက မစား ဖူးသည့်
မှိုဖြစ်ခြင်းကို ရှင်းပြသည့် ဒေသခံ မရှိ ပါက မစားခြင်းသည် အန္တရာယ်ကင်းပါသည်။
.
အကောင်းဆုံးကတော့ အမြဲတမ်းစားသုံး လေ့ရှိသည့် မှိုအမျိုးအစားများကိုသာ
စားသုံး သင့်ပါသည်။ ထိုသို့ မဟုတ်လျှင် ထိုမှို အ ကြောင်းကိုလည်း ကောင်းစွာနားလည်ပြီး
အန္တ ရာယ်ကင်းစွာ စားသုံးနိုင်သည့်မှို ဖြစ်ကြောင်း ရှင်းပြ ပြောပြသည့် ဒေသခံ မှိုစားဖူးသည့်
ပုဂ္ဂိုလ်များနှင့်အတူ စားသုံးခြင်းက စိတ်အချရ ဆုံး ဖြစ်ပေမည်။ ဤနေရာတွင် လူကြိုက်များ
လှသည့် မှိုစိုက်ပျိုးခြင်း သို့မဟုတ်ကောက်ရိုး မှိုများ စိုက်ပျိုးခြင်းအကြောင်း တစေ့တစောင်း
တင်ပြလိုပါသည်။ မှိုစိုက်ပျိုးရေးအတွက် မြေ ကွက်အကျယ်ကြီး မလိုအပ်ပါ။ အထူးသဖြင့် မြို့ပြလည်းမကျ၊
တောလည်းမကျသော အရပ် များတွင် စိုက်ပျိုးပါက သင့်တော်ပါသည်။ တောမကျ မြို့မကျ အရပ်ဟုဆိုလိုက်သဖြင့်
မြို့ များတွင်ကော စိုက်မရဘူးလားဟု မေးစရာရှိ သည်။ မြို့ဖြစ်၍ အိမ်ခန်းဈေးခေါင်ခိုက်နေသော
အရပ်ဖြစ်လို့ဟု ဆိုလျှင် လုံလောက်သည့် အ ဖြေဟု ထင်ပါသည်။ မှိုစိုက်မည့် အခန်းနေရာ ကို
နေထိုင်လိုသူကို အိမ်ခန်းငှား စားခြင်းက ပို၍ တွက်ချေကိုက်မည်ဟု ထင်သည်။ လူနေ ရန် မသင့်သော
အားနေသော နေရာလွတ်များ ရှိလျှင်တော့ မှိုစိုက်ခြင်းဖြင့် တစ်ဖက်တစ်လမ်း မှ ဝင်ငွေရှာနိုင်သည်။
မှို၏ ဈေးကွက်သည် အ ကြီးကြီး ဖြစ်နေသည်ကို မှိုစိုက်ပျိုးရေးကို တွင် တွင်ကျယ်ကျယ် လုပ်ကိုင်နေသူများထံမှ
သ တင်းရသည်ဟု ဆိုလိုက်ချင်ပါသည်။ ပေနှစ် ဆယ်ပတ်လည်ရှိ မှိုစိုက်ကွက်တစ်ခုဖြင့် မိသား
စုမီးဖိုချောင်ကို ကောင်းကောင်းအထောက်အပံ့ ပြုနိုင်သူ မှိုစိုက်သူတစ်ဦးကိုလည်း အားကျစ
ဖွယ်မြင်ဖူးခဲ့ပါသည်။
.
.
.
#KBZTai #Shan