စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ် တွင် မြို့မဈေးအပါအဝင်ဈေးအနီး
ဝန်းကျင်ရှိ ယာဉ်ရပ်နားခ ကောက်ခံ သောနေရာများ၌ ယာဉ်ရပ်နားခ ဈေးနှုန်း တိုးမြှင့်ကောက်ခံမှုအပေါ်
မြို့ပေါ်နေ ပြည်သူများမှ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
.
.
''ဒီယာဉ်ရပ်နားခ တိုးကောက် တာကတော့ ဘာကြောင့်လဲဆိုတာ မသိရဘူး။ အခုဆို
ဆိုင်ကယ်ဆိုရင် နှစ် ဆတက်တာကတော့ များတာပေါ့။ နောက်တစ်ခုက အရောင်းအဝယ် တွေကလည်းတစ်နိုင်ငံလုံးကြပ်
တည်း နေတယ်။ ကုန်ဈေးနှုန်းတွေ အား လုံးနီးပါးတက်နေတယ်။
အခု ယာဉ် ရပ်နားခတွေပါထပ်ပြီး တက် မယ် ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဘယ် လိုလုပ်ရမလဲမသိတော့ပါဘူး''
ဟု တောင်ကြီးမြို့မဈေးအတွင်း ရောင်းရချနေသူ ကိုစန်းယုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယခုနှစ် အောက်တိုဘာလမှစ၍
တောင်ကြီးမြို့ပေါ်တွင် ယာဉ်ရပ်နား ခ သတ်မှတ်ထားသော ဈေးနှုန်း များမှာ ကားလတ်
တစ်စီး ၅ဝဝ ကျပ် ၊ ကားငယ်တစ်စီး ၃ဝဝ ကျပ်နှင့် ဆိုင်ကယ် တစ်စီး ၂ဝဝ ကျပ်နှုန်းဖြင့်
ကောက်ခံ လျက်ရှိကြောင်း သိရ သည်။
.
''အရင်တုန်းက ဆိုင်ကယ်ရပ် နားခတွေက ၁ဝဝ ကျပ်ပဲ။ အခုက ၂ဝဝ ကျပ် ဖြစ်သွားပြီ။
သူတို့ သတ် မှတ်ထားတဲ့ နေရာတွေမှာဆို ခဏပဲ ရပ်ရပ် ၂ဝဝ ကောက်တယ်။ တောင် ကြီးမြို့ပေါ်မှရှိတဲ့
ယာဉ်ရပ်နားခ ကောက်တဲ့နေရာတွေ အကုန်လုံးမှာ ကောက်နေတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာဌာနတွေ
အနေနဲ့ ပြည် သူတွေကိုငဲ့ညှာပြီး လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့''ဟု တောင်ကြီး မြို့နေ
မမျိုးမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယာဉ်ရပ်နားခများကို တောင်ကြီး မြို့ပေါ်ရှိ မြို့မဈေးအနီးဝန်းကျင်၊
စဝ်စံထွန်ဈေးအနီးဝန်းကျင်၊ အမှတ် (၅) ဈေး အနီးဝန်းကျင်နှင့် မြို့တွင်း ရှိ ယာဉ်ရပ်နားခ
ကောက်ခံရန် သတ် မှတ်ထားသော နေရာများ၌ တောင် ကြီးမြို့နယ် စည်ပင်သာယာရေးဌာန မှ လေလံအောင်ရရှိထားသော
လုပ် ငန်းရှင်က ကောက်ခံလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်စည်ပင်သာ ယာရေးဌာနမှ မြို့မဈေးယာဉ်ရပ်နား ခကောက်ခံခြင်းလုပ်ငန်းအတွက်
ကျပ်သိန်း ၈ဝဝ၊ အမှတ် (၅)ဈေး ယာဉ် နားခ ကောက်ခံခြင်းလုပ်ငန်းအတွက် ကျပ် ၃၅၁ သိန်း၊
စစ်စံထွန်းဈေး ယာဉ်နားခ ကောက်ခံခြင်းလုပ်ငန်းအ တွက် ကျပ် ၂၇၁ သိန်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း
အချိန်ပိုင်းယာဉ် ရပ်နားခကောက်ခံခြင်းလုပ်ငန်းအ တွက် ကျပ်သိန်း ၅၉ဝ တို့ဖြင့် လေ လံအောင်
လုပ်ငန်းရှင်များအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် လေလံရောင်းချပြီး လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ကြောင်း
သိရသည်။
.
''ဒီနှစ်သတ်မှတ်လိုက်တဲ့ နှုန်းထားအသစ်နဲ့ ကောက်တာ ဖြစ်တယ်။ ဒီလကစပြီး
ကောက်တာပါ။ အဓိက ကောက်ခံတာကတော့ မြို့မဈေး၊ စဝ် စံထွန်ဈေး၊ အမှတ်(၅)ဈေးနဲ့ လမ်း
မကြီးပေါ်မှာ ကားတွေအကြာကြီး မရပ်အောင် အချိန်ပိုင်းနဲ့ ကောက်တာ တွေ ရှိတယ်။ ဒီကောက်တာက
လည်းခေတ်ကာလနဲ့ ကိုက်ညီအောင် ကော်မတီရော အဆင့်ဆင့်ခွင့်ပြုချက် တောင်းပြီးမှ ကောက်တာဖြစ်တယ်''ဟု
တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့
ပြော သည်။
.
ယင်းကဲ့သို့ ယာဉ်ရပ်နားခ တိုးမြှင့် ကောက်ခံခြင်းကို တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးဌာန၊ စည်ပင်သာ ယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူပြီး
ကောက် ခံခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan