တစ္ပတ္တာ ကံၾကမၼာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ္ပတ္တာ ကံၾကမၼာ


ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှ ၁၀ ရက် အထိ
.
တနင်္ဂနွေ
.
စိတ်ပျော်ရွှင်ကျေနပ်ရလိမ့်မည်။ ခင်မင်သိကျွမ်းဖူးသော မိတ်ဟောင်းနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရလိမ့် မည်။ ငွေကြေးအခက်အခဲ ကြုံသော်လည်း ကူညီသူကြောင့် အသင့်သင့်ပြေလည်သွားလိမ့်မည်။ စီးပွား ရေးအခက်အခဲမှ လွတ်မြောက်ကျော်ဖြတ်နိုင်မည်။ မိမိလိုချင်သော ပစ္စည်းများ ဝင်လာပါမည်။ ပစ္စည်းမေ့ ကျန်လိမ့်မည်။ သတိထားပါ။ ကုန်သည်များမှာ မိမိကုန်ပစ္စည်းများ ပျက်စီးလိမ့်မည်။ ဝန်ထမ်းများ အလုပ်ရှုပ်ထွေးနေမည်။ ပွဲစားများမှာ အရောင်းအဝယ်တည့်လုလုဖြစ်နေမည်။ ငယ်သူများ အချစ်ရေးကိစ္စ တွင် ချစ်သူဟောင်းကြောင့် စိတ်အနှောင့်အယှက်နည်းနည်းကြုံမည်။ ကျန်းမာရေးကိစ္စများတွင် ဇက်ကြောတက်မည်။ ဖျားနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၄)ဖြစ်သည်။
ယတြာ။ စေတီ၏စနေထောင့်တွင် ပန်းဖြူ ၅ ပွင့်လှူပါ။
.
တနင်္လာ
.
ကားမောင်းသင်ရမည်။ ဆိုင်ကယ်မောင်းသင်ရမည်။ စက်ပြုပြင်ရန်လည်း ပေါ်ပေါက်မည်။ ထိတ်လန့် စရာ နည်းနည်းဖြစ်ပေါ်မည်။ စိုးရိမ်စရာတော့မရှိပါ။ သူများ အကောက်ကြံခံရခြင်း၊ မကောင်းပြောခံရခြင်း ကြုံမည်။ ရွှေနည်းနည်း ပြန်ဝင်လာမည်။ အြေ<ွကးကိစ္စ စကားပြောဆို ဖြေရှင်းရမည်။ ဘာသာရေး ဆောင် ရွက်ဖြစ်မည်။ ကုန်သည်များမှာ ဖောက်သည်နည်းနည်း တိုးလာလိမ့်မည်။ ဝန်ထမ်းများ စာရင်းမှားခြင်း၊ အလုပ်မှားခြင်း ကြုံမည်။ ဂရုစိုက်ပါ။ ပွဲစားများမှာ အပေါင်ဆက်တည့်ပါမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူနဲ့ ပြန်ဆုံမည်။ စကားပြောရမည်။ ကျန်းမာရေးကိစ္စများတွင် ခါးနာမည်။ အကြောလွဲ၊ အကြောတင်တတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သပြေလှူပါ။
.
အင်္ဂါ
.
ခရီးဝေးသွားလာရမည်။ မရောက်ဖူးသောအိမ်များသို့ အလည်လည်းသွားရတတ်ပါသည်။ အစား ကောင်းစားရမည်။ ညစာစားပွဲကြုံမည်။ အခက်အခဲ ပြဿနာများပြေလည်လာမည်။ ကြီးသူအတွက် အပူသောကနည်းနည်းတွေ့မည်။ နေအိမ်သို့ လိမ်လည်သူလာမည်။ သတိထားပါ။ ယခုကာလအတွင်း ဘီရိုမဝယ်သင့်ပါ။ ကုန်သည်များမှာ အရောင်းအဝယ်ဆက်လက်ကောင်းနေမည်။ ဝန်ထမ်းများမှာ အတွင်း လူသစ္စာဖောက်ခံရမည်။ ပွဲစားများမှာ မြေအရောင်းတည့်လိမ့်မည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူကြောင့် ပျော်ရွှင်ရမည်။ သတင်းကောင်းကြားရမည်။ ကျန်းမာရေးကိစ္စတွင် နားနာခြင်း၊ နားရေဝင်ခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၆/၂)ဖြစ်သည်။
ယတြာ။ ဘုရားတွင် စပျစ်သီးလှူပါ။
.

ဗုဒ္ဓဟူး
.
ကားဝင်မည်။ အသစ်လဲလှယ်ရတတ်သည်။ ဆိုင်ကယ်များလည်း ဝင်လာကိန်းရှိသည်။ မိတ်ဆွေ ကောင်းများ အသစ်တွေ့လိမ့်မည်။ အလုပ်ရှာနေသူများ အလုပ်ရမည်။ စီးပွားရေးကံပြန်လည်ကောင်းမွန် လာမည်။ ကြီးမားသော အမြတ်ရမည်။ ခရီးယာယီသွားလာရမည်။ အဝေးဧည့်လည်းလာမည်။ ကုန်သည် များမှာ အရောင်းကောင်းလာမည်။ ပစ္စည်းပြန်ဝယ်ရန် ခက်ခဲလိမ့်မည်။ ဝန်ထမ်းများမှာ အထက်လူကြီး များ၏ မစခြင်းခံရမည်။ ပွဲစားများမှာ ငွေချေးငှားသုံးရလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့ အတူလည် ပတ်ရမည်။ စားသောက်ဆိုင်သွားရမည်။ ကျန်းမာရေးကိစ္စများတွင် ယားယံခြင်း၊ အနာပေါက်ခြင်းကြုံပါ မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၇/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.
ကြာသပတေး
.
ထူးခြားသော အိပ်မက်မက်ခြင်း၊ စိတ်လှုပ်ရှားစရာများ ကြုံတွေ့ရခြင်း၊ အလိုရှိသော ပစ္စည်းဝင်လာခြင်း၊ ဖုန်းအသစ်ရခြင်း၊ သူငယ်ချင်းကောင်းတွေ့ခြင်း စသည်တို့ကြုံမည်။ သတိထားရန်အချက်မှာ အရေးကြီး သော စာရွက်စာတမ်းပျောက်ဆုံးတတ်သည်။ ယခုကာလအတွင်း ရွှေဝင်မည်။ ငွေကြေးချေးငှား သူအိမ်ကို ရောက်လာမည်။ ကုန်သည်များမှာ ပစ္စည်းအခိုးခံရမည်။ ငွေအလိမ်ခံရမည်။ ဝန်ထမ်းများမှာ အောက်လူနဲ့ စကားများမည်။ ပွဲစားများ အပေါင်ကိစ္စနည်းနည်းဖြစ်မည်။ ငွေအသင့်သင့်ဝင်လာမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူအသစ်ရမည်။ ကမ်းလှမ်းခံရမည်။ ချစ်သူရှိမှန်းမသိသဖြင့် လာကပ်လိမ့်မည်။ ကျန်းမာရေးကိစ္စတွင် အစားမှားမည်။ ဝမ်းပျက်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၃/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ဖျော်ရည်ကပ်လှူပါ။
.
သောကြာ
.
ခရီးတစ်ကြိမ်သွားရလိမ့်မည်။ ငွေကြပ်တည်းရာမှ ပြန်လည်ချောင်လည်လာမည်။ သူငယ်ချင်း မိတ်ဆွေအ တွက်ဝင်ရောက်ဖြေရှင်းကူညီပေးရလိမ့်မည်။ နေအိမ်တွင် လျှပ်စစ်မီးများ ပြင်ရမည်။ စက်အတွက်ငွေကုန် မည်။ ငယ်သူသားသမီးအတွက် ငွေကုန်မည်။ စီးပွားရေးတိုးချဲ့ထူထောင်ရန် ပြင်ဆင်မည်။ အလှူများသွား ရမည်။ နေအိမ်အတွင်းပစ္စည်းဆန်းဝင်မည်။ ကုန်သည်များမှာ အရောင်းအားတန့်နေမည်။ပစ္စည်းအဝင် များနေလိမ့်မည်။ ဝန်ထမ်းများ အလုပ်ပိနေမည်။ တာဝန်ပိုမိုထမ်းဆောင်ရမည်။ ပွဲစားများမှာအလုပ်မဖြစ် ဘဲငွေကြပ်နေမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူစိတ်ကောက်ပြီး မခေါ်မပြောခြင်းကြုံမည်။အချို့ယာ ယီခွဲရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင်ဖျားမည်။ အအေးမိမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/ ၅)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပေါက်စီလှူပါ။
.
စနေ
.
ရုတ်တရက် ပွပေါက်တိုးမည့်ကံကျန်သေးသည်။ ထီပေါက်ကိန်းရှိပါသည်။ ဘုရားစေတီသွားရောက်ရ မည်။ ရေကန်များ၊ မြစ်များသွားလာရမည်။ နေအိမ်တွင် ရေကိစ္စဆောင်ရွက်ရမည်။ ရုံးသွားရမည်။ စာ ရွက်စာတမ်းကိစ္စများ ဆောင်ရွက်ရမည်။ ပျက်တတ်သည် သတိထားပါ။ စကားအရမ်းမပြောရ။ စီးပွားရေး အခွင့်ကောင်းပေါ်မည်။ ကုန်သည်များမှာြေ<ွကးကျ များနေလိမ့်မည်။ ဝန်ထမ်းများမှာ အပြောင်းအရွှေ့များ သင်တန်းများ၊ ခရီးများဖြစ်ပေါ်မည်။ ပွဲစားများမှာ ပွဲခခေါင်းပုံဖြတ်ခံရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေး တွင် ချစ်သူနဲ့ ပြန်လည်အဆင်ပြေမည်။ ကွဲကွာနေပါက ပြန်တွေ့မည်။ ကျန်းမာရေးကိစ္စတွင် ဝမ်းချုပ်၊ ဆီးချုပ်ကြုံမည်။ ရင်ပြည့်ရင်ကယ်ဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၆/၉)ုဖြစ်သည်။
ယတြာ။ စေတီတွင် ထီးနီ(၉)လက်၊ အုန်း (၁)ညွှန့်လှူပေးပါ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats