နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာမှ ဒေသ ခံ တစ်ဦးမှာ အောက်တိုဘာ ၁၉ ရက်က မိုင်းနင်းမိသဖြင့်
ခြေဖ၀ါးပြတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
.
.
“မန်ကန်ရွာကအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ရွာမှာ လူတစ်ယောက်မိုင်းနင်းမိထားတယ်ဆိုပြီး
ဖုန်းဆက်လာလို့ လူမှုရေးကားက သွားခေါ်လာတာပါ။ လက်ဖက်ခြံမှာ လက်ဖက်ခူးနေတဲ့ လင်းမယားနှစ်ယောက်ထဲက
အမျိုးသားက မိုင်းနင်းမိပြီးပေါက်ကွဲလို့ ထိခိုက်သွားတာ။ အခုက ဆေးရုံမှာကုသနေပါတယ်။’’ဟု
နမ့်ဆန်မြို့မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောသည်။
နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာနေ ဦးအိုက်နွမ်း(၅၃)နှစ်သည်
နမ့်ဆန်မြို့နှင့် (၁၃)မိုင် ဝန်းကျင်အကွာရှိ လက်ဖက်ခြံ၌ လဖက်သွားရောက်ခူးနေစဉ် အမည်မသိလက်နက်ကိုင်တစ်ဖွဲ့မှ
ထောင်ထား သော မြေမြှုပ်မိုင်းကို နင်းမိရာက ပေါက်ကွဲမှုဖြစ်ပွားကာ ညာခြေဖ၀ါးပြတ်ထွက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“အများအားဖြင့်တော့ လက်ဖက်ခြံတွေထဲမှာ ထောင်ကြတာသိရတယ်။ လဖက်ခူးတဲ့သူတွေအများဆုံး
ထိခိုက်တာ ရှိတယ်။ မိုင်းနင်းပေါက်ကွဲပြီဆိုရင် ခြေထောက်ကတော့ ထိတာများတယ်။ သေဆုံးသူတွေလည်း
ရှိပါတယ်။”ဟု
နမ့်ဆန်မြို့နယ်မှ လက်ဖက်စိုက်တောင်သူ ဦးဆမ်ယွန်းက ပြောသည်။
.
အဆိုပါ ဒဏ်ရာရလူနာအား ကရုဏာရှင်လူမှုကူညီရေးလူနာတင်ယာဉ်ဖြင့် နမ့်ဆန်ပြည်သူဆေးရုံသို့
ပို့ဆောင် ကုသလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan