စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တွင် မှုခင်းများလျော့နည်းကျဆင်း စေရေးအတွက်
လုံခြုံရေးကင်မရာ (CCTV)များ တပ်ဆင်သွားမည် ဖြစ် ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးချုပ် ဇော်ခင်အောင်ထံမှ သိရ သည်။
.
.
''တောင်ကြီးမြို့တွင်းမှာ စီစီတီဗီတွေ တပ်ဆင်သွားဖို့စီစဉ်နေပါ
တယ်။ ဘယ်နှစ်လုံးတပ်မယ်ဆိုတာ တော့ မသိသေးဘူး။ အကြမ်းခန့်မှန်း ထားတာတော့ အလုံး ၅ဝ နဲ့
၆ဝ တပ်ဆင်ဖို့ စီစဉ်ထားတယ်။ အတိ အကျတော့ မသိသေးဘူး။ အထူးသ ဖြင့်တော့ လူစည်ကားတဲ့နေရာတွေ၊
ပြစ်မှုဖြစ်ပွားလေ့ရှိတတ်တဲ့ နေရာ တွေမှာ တပ်ဆင်သွားမှာပါ။ ပြစ်မှုတွေ မဖြစ်ပွားဖို့
ကျွန်တော်တို့အနေနဲ့ ပညာပေးတွေ အရင်လုပ်ဆောင် တယ်။ ဒီလိုပညာပေးတာတွေကို လည်းလေ့လာကြပါ။
ပြည်သူတွေ အနေနဲ့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မှုခင်း ဖြစ်မှုတွေကို သတင်းပေးရင် မှုခင်း
တွေ ပိုပြီးကျဆင်းလာမှာပါ''ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင် အောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ လုံခြုံရေးကင်မရာများ တပ်ဆင်ရာတွင် တောင်ကြီးမြို့
၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်း အပါအဝင် လူစည်ကားရာနေရာများ၊ မှုခင်းဖြစ်
ပွားတတ်သော နေရာများကို အဓိက ဦးစားပေး၍ တပ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။
.
လက်ရှိတွင် တောင်ကြီးမြို့ရှိ လမ်းဆုံမီးပွိုင့်နေရာများ၌ ယာဉ်ထိန်း
ရဲတပ်ဖွဲ့မှ လုံခြုံရေး CCTV ကင်မ ရာများ တပ်ဆင်ထားရှိပြီး ယခု ထပ်မံတပ်ဆင်မည့် လုံခြုံရေးကင်
မရာများအတွက် ရှမ်းပြည်နယ်အစိုး ရအဖွဲ့၏ အသေးသုံး ရန်ပုံငွေမှ ကျ ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
လုံခြုံရေးကင်မရာ တပ်ဆင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ရာ
ကုမ္ပဏီ ၂ ခုမှ တင်ဒါအောင်မြင်ထားပြီး ဃဃွှဠ ကင်မရာ အလုံးရေ ၆ဝ အတွက် ငွေကျပ် သိန်းပေါင်း
၁၁ဝဝ ခန့်ကုန် ကျမည်ဟု ခန့်မှန်းထားကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
.
ထို့အတူ တောင်ကြီးမြို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ လားရှိုး၊ကျိုင်း
တုံ၊ တာချီလိတ် အစရှိသည့် မြို့ကြီး များတွင်လည်း လုံခြုံရေးကင်မရာများ ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan