စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊
ရှုခင်းသာပန်းခြံအတွင်းရှိ ကြိုးတံတားအား ပြန်လည်ပြုပြင်ရန် သက်ဆိုင် ရာ ကျွမ်းကျင်ပညာရှင်များမှ
ညွှန် ကြားထားကြောင်း သိရသည်။
.
.
ဒေသတွင်းသာမက ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဝင် ရောက်လည်ပတ်မှု
များပြားသည့် တောင်ကြီးမြို့၊ ရှုခင်းသာပန်းခြံအ တွင်းရှိ ကြိုးတံတားအား ပြန်လည် ပြုပြင်ဆောင်ရွက်ရန်အတွက်
ပြည် နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး အပါအဝင် တာဝန်ရှိ သူများက စက်တင်ဘာလ
စက်တင်ဘာလ ၂၃ ရက်က ကွင်းဆင်းစစ် ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
''စက်တင်ဘာ ၂၃ ရက်က ရှုခင်းသာ ပန်းခြံအတွင်းမှာရှိတဲ့ ကြိုး တံတားကို
ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ နေပြည်တော်က တံတားအထူးအဖွဲ့ ညွှန်ကြားရေးမှူး
ချုပ်တို့အဖွဲ့နဲ့အတူ သွားရောက်ကြည့် ရှု စစ်ဆေးခဲ့တယ်။ ကြိုးတံတားက နှစ်တွေလည်း ကြာတော့ဆွေးမြေ့
တာတွေ တချို့ဖြစ်နေပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ရယ် တံတားခိုင်မာမှု ရှိဖို့ကို
ပြန်လည်ပြုပြင်ဆောင်ရွက် သွားမှာပါ'' ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှု
ဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကြိုးတံတားအား ၁၉၉ဝ ခုနှစ်၊ ဇွန်လ ၁ ရက်တွင်စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး
စတင်ဖွင့်လှစ်စဉ် က တံတားပေါ်တွင် လူ ၁ဝဝ ဦး အထိ တစ်ပြိုင်နက် ဖြတ်သန်းသွား လာနိုင်ကြောင်း
အသိပေးကြေညာ ခဲ့သော်လည်း ယခုအခါ သက်တမ်း ကြာမြင့်လာပြီ ဖြစ်သည့်အတွက် တံ တားပေါ်တွင်
လူ ၃ဝ ဦးသာ ဖြတ် သန်းသွားလာခွင့်ပြုရန် ပညာရှင်များ က အကြံပြုခဲ့ပြီး ကုမ္ပဏီမှ ၁ဝ
ဦး သာ ဖြတ်သန်းသွားလာခွင့်ပြုရန် ၂ဝ၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင် သတ်မှတ်ခဲ့ကြောင်း
သိရသည်။
.
''တံတားကြီးက သက်တမ်း နှစ် ၂ဝ လောက် ရှိပြီဆိုတော့ ပျက်စီး ယိုယွင်းလာတာ
ရှိပါတယ်။ အရင်က လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ယူစဉ် ကာလမှာ ပြင်ဆင် ထိန်းသိမ်း
စောင့်ရှောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တာဝန်ယူပြီး ကာလ
မှာလည်း ပြီးခဲ့တဲ့ ၃ နှစ်က BE တပ် အကူအညီနဲ့ လိုအပ်တဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေကို
လုပ်ဆောင်ခဲ့ပါ တယ်။ အခုတော့ တံတားသက်တမ်း ကလည်း ကြာမြင့်လာပြီ ဖြစ်တဲ့အ တွက်အကြီးစား
ပြင်ဆင်ဆောင်ရွက် မှုတွေကို လုပ်ဆောင်နိုင်ဖို့ ၂ဝ၁၇ နိုဝင်ဘာလမှာ ရှမ်းပြည်နယ်အစိုးရ
အဖွဲ့ကို အကူအညီ တောင်းခံခဲ့ပါ တယ်။ အဲဒီကနေ အစီရင်ခံစာ ထွက် လာပြီးတော့ ဒါကို အကြီးစားပြင်
ဆင် ဆောင်ရွက်ဖို့ စီစဉ်ရတာ ဖြစ်ပါ တယ်''ဟု ရှုခင်းသာ ပန်းခြံနှင့် ကြိုး တံတားအား တာဝန်ယူ
ထိန်းသိမ်း လျက်ရှိသည့် Excellent Myanmar ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးမင်းလွင်က
ကမ္ဘောဇတိုင်းသို့ ပြောကြားထားသည်။
.
အဆိုပါ ကြိုးတံတားကို ၁၉၉ဝ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး
တံတားအရှည် ပေ ၃ဝဝ ရှိကြောင်း အကျယ် ၅ ပေ ၈ လက်မနှင့် အ မြင့်ပေ ၃ဝ ရှိကြောင်း သိရသည်။
တံတား တည်ရှိသည့် မြေနေရာမှာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်ပိုင်မြေ
နေရာ ဖြစ်ကာ Exellent Myanmar ကုမ္ပဏီမှ နှစ်ရှည် ငှားရမ်းလုပ် ကိုင်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan