သိန္နီတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းနှင်သူ ပြင်းထန်စွာ ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းနှင်သူ ပြင်းထန်စွာ ဒဏ်ရာရရှိ



ချစ်လှ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်၊ ညနေပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းနှင်သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သိန္နီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
.
လားရှိုး-မူဆယ်လ ပြည်ထောင်စုလမ်းမကြီးဘေး၊ သိန္နီမြို့၊ မြို့ဦးစက်သုံးဆီအရောင်းဆိုင် အနီးတွင် အောက်တိုဘာလ ၂၉ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က လားရှိုးဘက်မှ သိန္နီဘက်သို့ ကျော်စိုး မောင်းနှင်လာသော ShaYan-125 အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ်သည် ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်ဘက်မှ ယာဉ်မောင်း ကျိုးခိုင်ရီ မောင်းနှင်သည့် ODYSSEY အမျိုးအစား (အဖြူရောင် လိုင်စင် စိစစ်ဆဲ) မော်တော်ယာဉ်သည် တစ်ဘက်ယာဉ်ကြောအတွင်း ဝင်ရောက်ကာ ဆိုင်ကယ်အား တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကျော်စိုးမှာ ဒဏ်ရာ (စိုးရိမ်ရ) ပြင်းထန်စွာ ရှရိခဲ့ပြီး သိန္နီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ ယာဉ်အားမဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောရှိ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိကာ ဒဏ်ရာရရှိစေသူ ယာဉ်မောင်း ကျိုးခိုင်ရီအား သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats