မေသူဇော်၊ ကမ္ဘောဇတိုင်း
.
အိန္ဒိယ-မြန်မာ-တရုတ် ၃ နိုင်ငံကို ဖြတ်သန်း ဖောက်လုပ်ထား သည့် ကမ္ဘာကျော်
စတီးဝဲလ်လမ်းမ ကြီး (ခ)လီဒိုလမ်းမကြီးနှင့် တရုတ်- မြန်မာ နှစ်နိုင်ငံအကြားရှိ ဝမ်တိန်
တံတား နှစ် ၈ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၄ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ
ကျင်းကျိန် ရေပူစမ်းဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် မြန်မာနိုင်ငံ၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦး
ဥက္ကာက ကမ္ဘာပေါ်တွင် ထင်ရှားမှတ် တမ်းဝင်ခဲ့သည့် စတီးဝဲလ် (ခ) လီ ဒိုလမ်းမကြီးနှင့် ဝမ်တိန်တံတားသည်
ယခင်က ဝါးတံတားသာ ဖြစ်ခဲ့ပြီး ၁၉၃၈ ခုနှစ် နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီးအတွင်း သံမဏိ
ဘေလီသံဘောင်များဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ပြီးခေတ် ၁၉၅၆ ခုနှစ်၊
ဒီဇင်ဘာလ ၁၅ ရက်တွင် တရုတ်နိုင်ငံသမ္မတ ချူအင်လိုင်းနှင့် မြန်မာနိုင်ငံ ဝန်ကြီး ချုပ်
ဦးဘဆွေတို့ နှစ်ဦးသည် တံတားပေါ်တွင် လက်ချင်းတွဲ လျှောက်လှမ်းကာ တရုတ်-မြန်မာ ဆွေမျိုး
ပေါက်ဖော် ချစ်ကြည်ရေးကို စတင်တည်ဆောက်လာခဲ့သည့် နေရာ ဖြစ်ကြောင်း၊ ယနေ့တိုင် နှစ်နိုင်ငံရှိ
ပြည်သူများ ယင်းတံတားပေါ်တွင် အတူတကွ ဖြတ်သန်းနေကြဆဲ ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့
သည်။
ဝမ်တိန် တံတားမှာ ဝမ်တိန် ချောင်း (ခ) နမ့်ယန်းချောင်းပေါ်တွင် တည်ဆောက်ထားခြင်း
ဖြစ်ပြီး ယနေ့တိုင် မြန်မာနိုင်ငံ၊ ကြူကုတ် (ပန်ဆိုင်း)နှင့် တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်၊
ဝမ်တိန်မြို့ကို ဆက် သွယ်ထားသည့် တံတားအဖြစ်အသုံး ပြုလျက်ရှိပြီး တံတားအလယ်တွင် နှစ်နိုင်ငံ
နယ်ခြားအဖြစ် သတ်မှတ် ထားကာ တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပြုလုပ်ခြင်းနှင့်
နေ့စဉ် ကူးလူး ဆက်သွယ်သွားလာခြင်းများ ဖြင့် နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။
.
ဗိုလ်ချုပ်စတီးဝဲလ် ဦးစီးတည် ဆောက်ခဲ့သည့် လီဒိုလမ်းမကြီးမှာ စုစုပေါင်း
အရှည် ၁ဝ၇၆ မိုင်ရှိ ပြီး အိန္ဒိယနိုင်ငံ၊ လီဒိုမြို့မှ တရုတ် နိုင်ငံ၊ ကူမင်းမြို့အထိ
ဖောက်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လမ်း မကြီး၏ အစိတ်အပိုင်း အချို့မှာ မြန်မာနိုင်ငံအတွင်း
တည်ရှိပြီး အရှည် ၈ ကီလိုမီတာကျော်ရှိ ဝမ်တိန်တံ တားမှာ ဒုတိယကမ္ဘာစစ် အတွင်း က မဟာမိတ်
တပ်များ၏ စစ်လက် နက်ပစ္စည်းများ သယ်ဆောင်ရာ လမ်း ကြောင်းတစ်ခု ဖြစ်သည့်အတွက် ယနေ့တိုင်
ကမ္ဘာပေါ်တွင် ထင်ရှား သည့် တံတားတစ်ခုဖြစ်ကြောင်း သိ ရသည်။
.
အဆိုပါ လီဒိုလမ်းမကြီးကို စတင်ဖောက်လုပ်စဉ်က မြန်မာနိုင်ငံ ဘက်ခြမ်း၊
Burmese Road ဖောက် လုပ်ရာတွင် မြန်မာတိုင်းရင်းသား ၂ သိန်းကျော် ပါဝင်ဖောက်လုပ်ခဲ့
ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
.
ယင်း လီဒိုလမ်းမကြီးနှင့် ဝမ် တိန်တံတား နှစ် ၈ဝ ပြည့် အထိမ်းအ
မှတ် အခမ်းအနားတွင် မြန်မာနိုင် ငံမှ စာရေးဆရာ၊ သမိုင်းဆရာ ကြီးများ ဖြစ်သည့် ဦးအုန်းမောင်
(ရွှေညာသားမြတ်မင်း)၊ ဦးညွန့်ကြည် (ဉာဏ်မင်း-မူဆယ်)နှင့် ဦးသန်းတင် (သန်းတင်-၁ဝ၅ မိုင်)တို့က
လမ်း မကြီးနှင့် တံတားဆိုင်ရာ သမိုင်းမှတ် တမ်း စာတမ်းများကို ဖတ်ကြား ရှင်း လင်းခဲ့ကြောင်း
သိရသည်။
.
အဆိုပါ အခမ်းအနားသို့ တ ရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထယ် ဟုန်ပြည်နယ်မှ
တာဝန်ရှိသူများ၊ ရွှေလီမြို့တော်ဝန် နှင့် တာဝန်ရှိသူ များ၊ တရုတ်-မြန်မာနှစ်နိုင်ငံ
စီးပွား ရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ နှစ်နိုင်ငံ
ချစ်ကြည်ရေးအဖွဲ့များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သည် အသင်း တာဝန်ရှိသူများ တက်
ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan