ကျိုင်းတုံမြို့ရှိ မြေထည် လက်မှုရိုးရာလုပ်ငန်းများ အောင်မြင်နေဆဲဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့ရှိ မြေထည် လက်မှုရိုးရာလုပ်ငန်းများ အောင်မြင်နေဆဲဖြစ်



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ ရိုးရာလက်မှု အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော မြေထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချသ့် လုပ်ငန်းမှာ ဈေးကွက် ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး အဆင်ပြေ အောင်မြင်နေဆဲဖြစ်ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ယန်းကုန်းရပ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသားများသည် မြေထည် လက်မှုလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ကျိုင်းတုံတွင် စော်ဘွားများ အုပ်ချုပ်ခဲ့ချိန်မှ စ၍ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသည့် မြန်မာ့ရိုးရာ မြေထည်လက်မှုလုပ်ငန်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်မရဲ့ အဖေဆိုရင်လည်း အခု အသက် ၆၀ ကျော်တဲ့အထိ အိမ်မှာ မြေထည်ပစ္စည်းတွေကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ပစ္စည်းတစ်မျိုးချင်းစီက သူ့တန်ဖိုးနဲ့သူ သုံးပျော်နေတော့လည်း ရောင်းနေရပါတယ်” ဟု မြေထည်အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ဒေါ်နန်းစံတစ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရိုးရာလက်မှု မြေထည်ပစ္စည်းလုပ်ငန်းတွင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ရေစစ်အိုး၊ မီးသွေးမီးဖို၊ ငွေစုဘူး၊ မီးဖိုမီးခံပြား၊ ဂျီး (ကြေး) တွန်းမြေကျောက်၊ ဆီမီးခွက် စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ထုတ်လုပ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။]
.
ယခုအခါ သီတင်းကျွတ်မီးထွန်းပွဲတော်ကာလ နီးကပ်လာပြီဖြစ်သောကြောင့် ဆီနှင့် မီးစာထည့်၍ ဆီမီး ပူဇော်ရသည့် မြေဆီမီးခွက်များ၊ ဖယောင်းနှင့် မီးစာအဆင်သင့် ထည့်ထားသည့် မြေမီးခွက်များမှာ ရောင်းအား ကောင်းနေပြီး ဖယောင်းနှင့် မီးစာအသင့်ထည့်ထားသည့် မြေမီးခွက်များအား ၁၀ လုံးလျှင် ၆၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats