ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက်ရောက်ခွင့်ရရှိသည့်
တက္ကသိုလ်ဝင်ခွင့်ရစာရင်း အားလုံးကို ပညာရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.moe.gov.mm
တွင် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ အထူးဘာသာရပ် ပထမနှစ်သင်တန်းများသို့
တက်ရောက် ခွင့် ရရှိသူများစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလလိပ်များ၌ ကြေညာထားရှိခြင်း၊
ဝင်ခွင့်ရသည့် ကျောင်း သား/ကျောင်းသူများအား စာတိုက်မှတဆင့် ပြန်လည်အကြောင်းကြားပေးခြင်း
နည်းလမ်းအပြင် ဝက်ဘ်ဆိုက် မှတဆင့် ချက်ချင်းသိရှိနိုင်စေရန် ယင်းကဲ့သို့ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က
တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရမှတ်၊ ကျောင်းသား/ကျောင်းသူများ၏
ဦးစားပေး လျှောက် ထားမှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ လက်ခံပေးနိုင်မည့်ကျောင်းသား/ကျောင်းသူဦးရေ
ကန့်သတ် ချက်တို့အပေါ် မူတည်၍ စိစစ်ရွေးချယ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုနှစ်တွင် ဝင်ခွင့်လက်ခံသည့်စနစ်သစ်အနေဖြင့် ရန်ကုန်တက္ကသိုလ်၊
ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊
ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊
မန္တလေး ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့မှ
ပထမနှစ် သင်တန်းသားသစ် ဝင်ခွင့်ကို တိုက်ရိုက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယခုနှစ်တွင် တက္ကသိုလ်ခွင့်လျှောက်ထားရာ၌ လျှောက်ထားသည့်
တက္ကသိုလ်များသို့ ဝင်ခွင့်မမီ၍ တက္ကသိုလ်တစ်ခုမှ ဝင်ခွင့်မရရှိသူများကိုလည်း ဝင်ခွင့်ပြန်လည်လျှောက်ထားရန်
အဆင့်မြင့်ဦးစီးဌာနမှ SMS ပေးပို့ ကာ အကြောင်းကြားပေးနေကြောင်း သိရသည်။
.
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်
၂၉ ခုနှင့် ကွန်ပျူတာ တက္ကသိုလ် ၂၄ ခုသို့ ဝင်ခွင့်ရရှိသူများ စာရင်းကို ပညာရေးဝန်ကြီးဌာန
ဝက်ဘ်ဆိုက်တွင် အောက်တိုဘာလ ၂ ရက်မှ စတင်ကြေညာပေးခဲ့ပြီး အခြားတက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်းများကို
ဆက်လက် ကြေညာပေးသွားမည် ဖြစ်ကြောင်းသိရသည်။
.
.
.
#KBZTai #Shan