သူတို့တွေ စားပွဲဝိုင်းတော့ တို့ပြည်သူ အကြွေးဝိုင်းတယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သူတို့တွေ စားပွဲဝိုင်းတော့ တို့ပြည်သူ အကြွေးဝိုင်းတယ်



အောင်ဆန်းဝင်း
.
အဆင်မပြေမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တချို့က သားကောင်ဖြစ်ကြတယ်။ တချို့တွေ က ဓားစာခံ၊ သားကောင်ဖြစ်ဖြစ်၊ ဓားစာခံဘဝ ကိုရောက်ရောက် ဘယ်အရာမှ ကောင်းလှ တယ်မဟုတ်။ သားကောင်ဆိုတာနဲ့ ချနင်းခံရဖို့ များတယ်။ ဓားစာခံကြပြန်တော့ကော သူတစ် ပါးဓားခုတ်ရာကို အစားထိုးလက်လျှိုခံရတဲ့ဘဝ။ ချအနင်းခံရမယ့်သားကောင်၊ အစားထိုးလက် ဝင်လျှိုတဲ့ ဓားစာခံဘဝမျိုး ဘယ်သူရောက်ချင် ပါ့မလဲ။ ဒါပေမဲ့ ညီမျှခြင်းဆိုတာ အားလုံးအ တွက် တစ်သမတ်တည်းမရှိဘူး။ ညီမျှတဲ့ မျှ ခြေမရှိတော့မထင်မှတ်ဘဲ ဓားစာခံနဲ့သားကောင် ဘဝရောက်သွားတာတွေအများကြီး။ တချို့က ပေါ်ပေါ်ထင်ထင်။ တချို့ကတိတ်တဆိတ်၊ တိတ်တိတ်ပုန်း၊ ဒီကြားထဲ အခြေအနေတစ်ခု ကို ဘာမသိညာမသိ၊ သောင်မှန်းကမ်းမှန်းမသိ သားရဲတွင်းထဲ မျက်လုံးစုံမှိတ်ဆင်းချင်တဲ့ မသိ သားနားလေးတွေက ရှိလိုက်သေး။ 
.
.
လက်ရှိအောက်ခြေပြည်သူအနေအထားက လူ့ပါးစပ်ဖျားခိုနှုတ်သီး တပ်ထားတယ် ပြောရမလား၊ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် မျက်လုံးချင်းဆုံတာနဲ့ ချလိုက်တဲ့ညည်းချင်းဆို တာ ကီးပျက်နေတဲ့ သြဂတ်စတြာတီးဝိုင်းနဲ့ စည်းဝါးလွတ်တီးခတ်တဲ့ ခေတ်ပေါ်ရော့ခ်ဂီတကို တစ်ပြိုင်တည်းခံစားနေရသလိုပါ။ ကြားရ တဲ့သူ့အသံက ပူစပ်ပူလောင်၊ ကိုယ့်အသံလည်း သူကမကြားချင်၊ တစ်ဦးစကား တစ်ဦးနားမှာ ပျားသကာလို ချိုမြချင်ပေမယ့် ခက်ခဲမှုအပေါင်း သရဖူအဆောင်းခံထားရတော့ စကားလုံးတွေ ချိုမြနိုင်စွမ်းမရှိ။ ကျပ်တည်းတဲ့လူ၊ ငတ်ဆဲဆဲ လူ၊ ပြတ်စဲသွားကာနီးလူ၊ မော့ကြည့်တိုင်းတွင်း ပေါက်နဲ့ဝေးတဲ့လူတွေ။ ကိုယ်စိတ်နှလုံးသာယာ ခြင်းကင်းမှတော့ စကားလုံးတွေ လောင်မီးကျ တာ သိပ်တော့မဆန်းဘူး။ လူတိုင်းကိုယ်စီကျပ် တည်းသည်။ ကူညီနိုင်ဖို့ ဝေးလှသည် ဆိုတာတွေ ချည်းပါ။
.
အခြေခံပြည်သူဘဝ ဘယ်လောက်အထိ  နွမ်းလျပါးကျလည်းဆိုတာနဲ့ ပတ်သက်ပြီး အရပ်ထဲက နေ့လွှတ်မီးပုံးပျံ လုပ်တဲ့လူတစ်ယောက်ပေးတဲ့ ဥပမာကို သတိရမိတယ်။ ငါတို့ဘဝတွေက နေ့လွှတ်အရုပ်လုပ်တဲ့ရေပါးစက္ကူလိုပဲ။ လေနည်းနည်းတိုးတာနဲ့ပြဲ။ ခပ်ဆတ်ဆတ် ထိမိခိုက်မိရင် ဟက်တက်။ မီးပုံးပျံလွှတ်တဲ့အချိန် လေကြမ်းကြမ်း ဆောင့်လိုက်ရင် တစ်စစီ ကိုဖြစ်ရော။ အခုလက်ရှိဖြစ်နေတဲ့ ငါတို့အနေ အထားက အဲဒီလို။ အလုပ်အကိုင်က ရှားပါး။ ရှားရှားပါးပါးအလုပ်ကရတဲ့ ပိုက်ဆံက မိသားစု စားလို့ဖြစ်တယ်ဆိုရုံလောက်။ ဖွယ်ဖွယ်ရာရာဆို တာ အလှူအတန်းဖိတ်စာအိမ်ကို ဆိုက်ဆိုက် မြိုက်မြိုက်လာမှ လက်ကုန်ဖွင့်ဆွဲရတာ။ အရေးအကြောင်းပြေးတောင်း စရာနေရာကမရှိ။ တစ်ခါတလေ အလုပ်နဲ့လက် ပြတ်တဲ့နေ့ကြုံလို့ ကတော့ ခေါင်းမီးတောက်နဲ့ရေဘုံဘိုင်မှာ တစ် နေကုန် ထိုင်ရမယ့်အတိုင်းပဲ။
.
မီးပုံးပျံလုပ်တဲ့လူဆိုတော့ သူနဲ့နီးစပ်ရာကို ဥပမာပေးသွားတာ ဟုတ်တော့လည်း ဟုတ်နေ တာပါပဲ။ နေ့လွှတ်မီးပုံးပျံ လုပ်တဲ့ ရေပါးစက္ကူ ကို ရှမ်းပြည်က အမျိုးတွေနဲ့ တောင်ကြီးက အမျိုးတွေ ကလေး၊ လူကြီးအားလုံးနီးပါးမြင်ဖူး တွေ့ဖူးကြပါလိမ့်မယ်။ ရေပါးစက္ကူလို့ခေါ်တဲ့အတိုင်း တကယ့်ကိုပါးပါးလျလျလေး။ စက္ကူဖြစ် တယ်ဆိုရုံပါပဲ။ ဇာပဝါနဲ့ နင်လားငါလားဖြစ်လို့ မင်းသမီးတချို့လက်ထဲရောက်ရင် အင်္ကျီချုပ် ဝတ်ကြဦးမယ်ထင်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ပါးချက်ကလန်ထွက်နေတယ်ပေါ့။ နေ့လွှတ်မီးပုံးပျံလုပ်တဲ့နေရာမှာ စက္ကူအမျိုးအ စားသုံးခုကို အသုံးပြုကြပါတယ်။ ပထမတန်း စားအနေနဲ့ မှိုင်းခံစက္ကူ အပါးစား။ ဒုတိယ တန်းစားက ဆီစိမ်စက္ကူ။ နောက်ဆုံးတတိယ တန်းစားအနေနဲ့ ရေပါးစက္ကူကိုအသုံးပြုတယ်လို့ ရိုးရာမီးပုံးပျံပညာရှင် ဆရာဦးသန်းဇော်ကပြော ပါတယ်။
.
နေ့လွှတ်အရုပ်မီးပုံးပျံလုပ်တဲ့လူပြောစကား အရ ပြည်သူလူထုကြုံတွေ့နေတဲ့ စီးပွားရေးအ ထူအပါးက ရေပါးစက္ကူလို လေတိုးမခံဖြစ်နေ တယ်ဆိုတာ အစိုးရမင်းများသိမှသိပါ့မလား။ မြင်ကောမြင်နိုင်စွမ်းရှိရဲ့လား။ စုပေါင်းစပ်ပေါင်း အသိခေါက်ခက်အဝင်နက်နေလားတော့ မပြော တတ်။ ညည်းတဲ့လူတွေသာတစ်နှစ်ပြီး တစ်နှစ် နစ်သထက်နစ်လာတယ်။ ပြည်သူ့အတွက် လက်ဗလာဆိုတဲ့အဆင့်က အခုချိန်ထိတက်ဖို့ လမ်းမမြင်ရသေးပါဘူး။ လုပ်ကောလုပ်ကြရဲ့ လားလို့တောင် သံသယဖြစ်ရမယ့်အနေအထား။ စားပွဲဝိုင်းတွေ ထိုင်လိုက်ကြတာအကြိမ်ကြိမ် အခါခါ။ ဖက်လှဲတစ်ကင်းလက်ဆွဲရင်းနှုတ် ဆက်ကာသာ ဓမ္မတာတိ။ လုပ်ငန်းစဉ်မှန်သမျှ ရှေ့မတိုးနောက်မဆုတ် ငုတ်တုတ်မေ့နေတဲ့ ကျောက်တုံးကြီးတွေလိုဆိုရင်ဖြင့် နှုတ်ဆက်ဖို့ လာရတဲ့ ကုန်ကျစရိတ်တွေ နှမြောဖို့ကောင်းလှ တာအမှန်။
.
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံနိုင်ကြပါစေတဲ့။ မနက်တိုင်း အိမ်ရှေ့ ဆွမ်းခံကြွတဲ့ဘုန်းဘုန်းက ဆုတွေပေးသွား တယ်။ ပေးမယ့်သာဆုတွေတစ်သီကြီးပေးလိုက် ရတာ။ ကိုယ့်ဆွမ်းဒကာ၊ ဒကာမတွေရဲ့ မြေ ပြင်အခြေအနေကိုသိတော့ ဘုန်းဘုန်းခမျာ လည်း ရင်ဘတ်ထဲကောင်းလှတယ်မဟုတ်ဘူး။ ဟုတ်တယ်လေ။ အရပ်ထဲ ဆွမ်းခံကြွရင်း ဆန် ဈေးတက်တဲ့အကြောင်းကြားရတယ်။ ဆီဈေး တက်တဲ့အကြောင်းသိရသည်။ ကျန်တဲ့မီးဖို ချောင်သုံးပစ္စည်းတွေက နေ့စဉ်လို တရိပ်ရိပ် တက်တဲ့အကြောင်း ပြောသံကြားရတယ်။ ရဟန်းတော် အရှင်မြတ်များဆိုတာလည်း ပြည်သူထဲက ပြည်သူဆိုတော့ ဒကာ၊ ဒကာမတွေ အပူက ကိုယ့်အပူလိုဖြစ်နေရတာပါ။ ထားတော့ အခြေခံပြည်သူရဲ့ စီးပွားရေးအကျပ်အတည်း အထူအပါးကနေ ဆွမ်းခြံ<ွကတဲ့ ဘုန်းဘုန်းတွေ ဘက်ပါ ရောက်ကုန်ပြီ။
.
ဆင်းရဲမွဲတေမှုကို လှတပတ ခံစားချင်ရင် မြန်မာရုပ်ရှင်ဇာတ်ကားများကြည့်ပါ။ လက်တွေ့ ကျကျသိချင်ရင် အပြင် လောကကြီးကိုလေ့လာ ပါတဲ့။ အရပ်ထဲက လူမသိ၊ သူမသိ မဟာပညာ ရှိကြီးပြောတဲ့စကား။ ပညာရှိစကားများ မိုးကြိုး သွားလိုထက်လှပါတယ်။ ဆင်းရဲမွဲတေမှု၊ ငတ် ပြတ်ကျပ်တည်းမှုဆိုတာ ရုပ်ရှင်နဲ့အပြင်လောက အတော်ကြီး ကွာခြားပါတယ်။ ရုပ်ရှင်ထဲကပန်း ရံနေ့စားကော့ပျံတဲ့ဆံပင်နဲ့အုတ်တုံးလေးသယ် တာကြည့်ကောင်းပေမယ့် ပြင်ပလောကပန်းရံ နေ့စားကျောကော့အောင်ရုန်းမှထမင်းတစ်နပ် စိတ်ဒုံးဒုံးချစားလို့ရတဲ့ဘဝ။ နေဝင်မိုးချုပ်ခါးချိ အောင် လုပ်လို့စားရတဲ့ ထမင်းဝိုင်းက သားငါး သီးနှံစိုပြေတယ်မထင်လိုက်ပါနဲ့။ ကန်စွန်းရွက် ကြက်ဥကြော်ပင်တိုင်။ အကောင်းဆုံးရက်က ငါးအမှီးပိုင်းနဲ့ ခေါင်းပိုင်းလေးဝယ်နိုင်တဲ့ရက်။ အလယ်ပိုင်းက ဈေးခေါင်ခိုက်လို့ အနားမကပ် နိုင်ကြပါဘူး။
.
အခြေခံလူတန်းစားတွေ ဘဝစားဝတ်နေ ရေးချောင်လည်မှု ကင်းမဲ့ရင် နောက်ဆက်တွဲ ပါလာတဲ့အကျိုးဆက်က အတော်ကြောက်စရာ ကောင်းပါတယ်။ မဖြစ်သင့်တာဖြစ်ကုန်ကြ တယ်။ မလုပ်သင့်တဲ့အလုပ်ကိုလုပ်မိကြတယ်။ ကျန်ခဲ့တဲ့ရက်ပိုင်းက မိတ်ဆွေတစ်ယောက် ရဲ့ ကားဂိတ်ကိုတိုင်းရင်းသူအမျိုးငယ်လေး နှစ်ယောက် ရောက်လာ ပါတယ်။ ရွာမှာလုပ် ကိုင်စားသောက်ရ အဆင်မပြေလို့ မြန်မာ နိုင်ငံအလယ်ပိုင်းက မြို့ကြီးတစ်ခုမှာသွားအ လုပ်လုပ်ဖို့အတွက် လက်မှတ်လာဖြတ်တာ လို့ ပြောပါတယ်။ တစ်ယောက်က ဗမာစကား ပြောဆိုတတ်ပြီး ကျန်တဲ့တစ်ယောက်က မပြောတတ်သလို နားလည်းမလည်ပါဘူး။ ခရီးစဉ်အကြောင်းမေး ကြည့်တော့ဘာတစ် ခုမှ ရေရေရာရာမရှိ။ သူတို့ကိုယ်တိုင်လည်း သေချာသိပုံမရဘူး။ တယ်လီဖုန်းနဲ့ ဆက်သွယ် မိရင်း အလုပ်ရမယ်ဆိုလို့ ထွက်လာကြတာတဲ့။     
.
လက်ရှိခေတ်ကာလက အားလုံးသိတဲ့အ တိုင်းပါ။ ကိုယ့်အိမ်ထဲနေတာတောင် စိတ်ချ လက်ချနေလို့မရပါဘူး။ မလည်မဝယ် တိုင်းရင်း သူလေးနှစ်ယောက်တည်း သေချာရေရာမှုမရှိ တဲ့ တစ်ရပ်တစ်ကျေး အလုပ် သွားလုပ်မယ် ဆို တဲ့ ခရီးက အတော့်ကို အန္တရာယ်များပါတယ်။ ကောင်းခြင်းထက်၊ အဆိုးဖက်ကို ဦးတည်တဲ့ အကြောင်းအရာ တွေ ဖြစ်သွားနိုင်ပါတယ်။ ရမယ့်အလုပ်က ဘယ်လိုအလုပ်မျိုးလဲ။ ထမင်း ဆိုင်မှာ အလုပ်ရမယ်ပြောပြီး တည်းခိုခန်းမှာ ညငှက်ဖြစ်သွားတာတွေ တစ်ပုံကြီး။ တစ်ဖက် နိုင်ငံမှာ လစာကောင်းတယ်ဆိုတဲ့ မက်လုံးယုံ လိုက်တာ သားယူတဲ့မိန်းမက သားရဲ့အဖေအ တွက် ဖျော်ဖြေရေးမယားဖြစ်ရပ်တွေက လူကြား လို့မှမတော်။ ဖုန်းနဲ့ဆက်သွယ်မှုပြောဆိုမှုတစ်ခု တည်း ယုံစားပြီးသွားရမယ့် ခရီးဖြစ်တာကြောင့် လက်မှတ်မဖြတ်ခင် သေချာစဉ်းစားဖို့ ရှမ်းမော မြေဂိတ်ပိုင်ရှင် ကိုသိန်းထွန်းက ရှင်းပြပါတယ်။
.
ကလေးမနှစ်ယောက် သူတို့ဘာသာစကား နဲ့ အချိန်အတော်ကြာ ခေါင်းချင်းဆိုင်။ ဂိတ်ပိုင်ရှင်ကိုသိန်းထွန်းက ကြားဝင်ဖြောင်းဖြ။ ဘာလုပ်ရမှန်း၊ ဘာဖြစ်မယ်မှန်းမသိတဲ့ သူတို့အနာဂတ် ကို တွေးမိသွားပုံရပါတယ်။ ကိုသိန်းထွန်း ကမကထပြုတဲ့ နေ့လယ်စာ စားသောက်ပြီး လာရာ လမ်းအတိုင်း ရွာပြန်သွားကြပါတယ်။ ဘာ တစ်ခုမှ ရေရာ သေချာမှု မရှိတဲ့ခရီးက အရွယ်ကောင်း မိန်းမငယ် နှစ်ယောက်အတွက် တွေး ကြည့်ရင် ရင်လေးစရာတွေချည်းပါ။ အလုပ် ကောင်းဆိုတာထက်၊ ခေတ်ပျက်မုဆိုးတွေရဲ့ သားကောင်ဖြစ်ဖို့က ရာခိုင်နှုန်းများလှပါတယ်။ ယုံမှတ်လို့ ပုံအပ်လိုက်မှ တစ်ဖက်နိုင်ငံများ ရောက်သွားရင် ယူတာတစ်ယောက်ပေါင်းရတာ အိမ်ရှိလူကုန်ဆိုသလို ကိုယ့်လင် အစစ်ဘယ် ဟာမှန်းမသိရတဲ့အဖြစ်။ ကိုယ့်ရပ်ကိုယ့်ရွာရေ ကြည်မြက်နုရှိရင် တစ်ခြားနေရာရှာကြမှာတော့ မဟုတ်။
.
ကျန်ခဲ့တဲ့လေးငါးနှစ်အရပ်ထဲ ကြားခဲ့ဖူးတဲ့ ဖြစ်ရပ်က အတော်လေးဆိုးဝါးပါတယ်။ ရပ် ကွက်ထဲ မိသားတစ်စု ပြောင်းလာတယ်။ ရရစား စားထက်ဆိုးတဲ့ အခြေအနေမျိုးပါ။ နေ့ပူညပူ နဲ့ အချိန်ပြည့် လောင်မီးကျနေတဲ့ မိသားစုလို့ ပြောရမှာပေါ့။ မိသားစုဝင်ငါးယောက်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ အလုပ်ရှိပါတယ်။ အဲဒီအလုပ်ကလည်း မလုပ်တစ်ရက်၊ နားတစ် ရက်ဆိုတော့ အဆင်မပြေမှုဆိုတာ စာဖွဲ့ပြနေ စရာတောင်မလိုပါဘူး။ အလုပ်အကိုင် မယ်မယ် ရရမရှိတဲ့ မိသားစုကလေး ငါးလကြာတော့ ရွှေ တွဲလွဲငွေတန်းလန်းဖြစ်လာပါတယ်။ အကြောင်းရင်း သိလိုက်ရတဲ့အချိန်ကျတော့ အရပ်ထဲက လူတွေရင်နာမဆုံးဖြစ်ရပါလေရော။ ကျောင်းစာ တစ်ခန်းရပ်ထားတဲ့ ကိုးတန်းအရွယ် သမီးငယ် ကို မိဘများကိုယ်တိုင် အကြိမ်ကြိမ်အခါခါ လူ လေလံပစ်လိုက်ကြတယ်တဲ့။ ဆင်းရဲခြင်းကြောင့် ပေးဆပ်လိုက်ရတဲ့ဓားစာခံလို့ ပြောရမလား။
.
အဆင်မပြေမှုကြောင့် အောက်ခြေပြည်သူ ကြားထဲမှာ အခုလို ဖြစ်ရပ်ဆိုးတွေ ဘယ် လောက်ရှိခဲ့လဲဆိုတာ မပြောတတ်။ အလုပ် ရှာရင်း လှုပ်ခါသွားရတဲ့ ပန်းကောင်းလေးတွေအ ကြောင်းက မကြားချင်အဆုံး ကြားနေရတုန်းပါ။ တစ်နေ့တစ်ခြား နက်သထက်နက်၊ နစ်ပြီးရင်း နစ်တဲ့ ဆင်းရဲတွင်းကြောင့် တိတ်တဆိတ်ပစ် တဲ့ လူလေလံ သတင်းကလည်း ခပ်တိုးတိုးကြား ရတတ်တယ်။ မနေသာတဲ့ ဝမ်းတစ်ထွာကြောင့် တချို့တွေ သားကောင်ဖြစ်ကြ၊ တချို့က ဓားစာ ခံ၊ လုပ်ရင်းမြှုပ်လို့ တချို့ကြေ<ွကးဝိုင်း၊ ရေပါး စက္ကူထက်ပါးလျနွမ်းကျတဲ့ အခြေခံပြည်သူရဲ့ ဘဝကို စာနာတတ်ရင်၊ ကိုယ်ချင်းစာစိတ်ရှိရင်၊  မြင်အောင်ကြည့်နိုင်ရင်၊ ကြည့်တတ်မယ်ဆိုရင် မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ အဓိက သက်ဆိုင်သူ အားလုံး စားပွဲပေါ်မှာ အချိန်ကုန်မနေသင့်တော့ ဘူးလို့ ထင်မြင်ယူဆမိကြောင်းပါ။ ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats