မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်
မြောက်ပိုင်းဘက်မှ သယ်ဆောင်လာသည့် ဘိန်းဖြူ ၈၇၉ ခွက်၊ အလေးချိန် ၁၀၀၀ ဂရမ်ကျော်ကို
မိုးကုတ်မြို့နယ်အတွင်း အောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းကဖမ်းဆီးရမိကြောင်း မိုးကုတ်မြို့မရဲစခန်းမှ
သိရှိရသည်။
.
.
အဆိုပါဘိန်းဖြူများကို
ဆပ်ပြာခွက်များအတွင်းထည့်သွင်းထားပြီး ဆိုင်ကယ်(၂)စီးတွင် ဘေး၌ ခြင်းတောင်းများဖြင့်
ဘယ်/ညာတစ်လုံးစီချိတ်ကာ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု မိုးကုတ်ရဲစခန်းမှတာဝန်ကျရဲအရာရှိ(ဂတ်စာရေး)က
ပြောသည်။
အောက်တိုဘာလ
၁၆ ရက်၊ နံနက် ၃ နာရီခန့်တွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းမှ အဆိုပါဆိုင်ကယ်နှစ်စီးကို
စစ်ဆေးစဉ် အစစ်ဆေးမခံဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးသည့်အခါ နံနက် ၇ နာရီခန့်တွင်
လယ်ကြီးနှင့် မိုးကုတ် အကြား ညောင်ကုန်းရွာ၏ လျှိုထဲတွင် ပုန်းအောင်းနေသည့် ဆိုင်ကယ်များကို
လူတစ်ဦးနှင့်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိမှ ပြောကြားသည်။
.
“တစ်ဦးကိုပဲမိတယ်။
တခြားသူတစ်ဦးကတော့ ဆိုင်ကယ်ထားပြီးထွက်ပြေးသွားတယ်။ သူ့ကိုဖမ်းဆီးရမိဖို့ ဆာင်ရွက်နေပါတယ်။
သူတို့က အခကြေးငွေနဲ့သယ်လာတာလို့ပြောတယ်။ မိုးကုတ်မှာဖြန့်ဖို့ ယူထာကြတာလို့ပြောတယ်။
ဈေး ရောင်းသူတွေလို ဟန်ဆောင်လာပြီးသယ်လာတာ၊ ခြင်းထဲမှာ ဆာလာအိတ်တွေနဲ့ထည့်ထားတယ်`ဟု
မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။
.
ဆိုင်ကယ်(၂)စီး
ဘိန်းဖြူထည့်ဆပ်ပြာခွက်များနှင့်အတူ ဖမ်းဆီးရမိသူမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊
ရပ်ကွက်(၃)နေ ကျော်စိုး ခေါ် အိုက်စိုင်း ဆိုသူဖြစ်ပြီး ထွက်ပြေးသွားသူတစ်ဦးမှာ သီပေါမြို့နေ
အားယုံ အမည်ရှိသူတစ်ဦး ဖြစ်သည်ဟု သိရှိရသည်။
.
ဖမ်းဆီးရမိသည့်
ဘိန်းဖြူစုစုပေါင်း အလေးချိန် ဂရမ် ၁၀၁၀၈ဒဿမ၅ ဂရမ်ရှိပြီး ဒေသပေါက်ဈေးအရ ကျပ်သိန်း
ပေါင်း တစ်သောင်းကျာ်ရှိကြောင်း၊မိုးကုတ်တွင် ဘိန်းဖြူဖမ်းဆီးရမိသည့်အမှုများအနက် အများဆုံးပမာဏဖြစ်ကြောင်း
မိုးကုတ် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံမှ သိရသည်။
.
မိုးကုတ်ရဲတပ်ဖွဲ့အနေဖြင့်
မကြာမီရက်ပိုင်းကပင် ဘိန်းမဲ ၅၀ ကီလိုကျော်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၄၀၀ ကို ဖမ်းဆီး
ရမိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan