သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလတွင် တောင်ကြီးမြို့ရှိ လူသုံးကုန်နှင့် အထည်ဆိုင်များ အရောင်းအဝယ် ကောင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလတွင် တောင်ကြီးမြို့ရှိ လူသုံးကုန်နှင့် အထည်ဆိုင်များ အရောင်းအဝယ် ကောင်းနေ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ဒေါ်လာဈေးမြင့်တက်မှု၊ ရွှေဈေး စံချိန်တင် မြင့်တက်မှု၊ စက်သုံးဆီဈေး မြင့်တက်မှု၊ အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့်အတူ ပြည်သူလူထု စီးပွားရေး ကြပ်တည်းမှုများကြောင့် အရောင်းအဝယ် အေးစက်နေခဲ့သည့် တောင်ကြီးမြို့ လူသုံးကုန်နှင့်အထည် အလိပ်ဈေးကွက်သည် ယခုအခါ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာ လသို့ ရောက်ရှိလာသည့် အတွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန် လာနေကြောင်း သိရသည်။
.
.
''ဒီလိုအချိန်ဆိုရင်တော့ နှစ်တိုင်း အရောင်းအဝယ်ကောင်းပါတယ်။ သီးတင်းကျွတ်ကာလ ဖြစ်တဲ့အတွက် ရုံးပိတ်ရက် အိမ်ပြန်မယ့်သူတွေ၊ နယ်ကလာဝယ်တဲ့သူတွေကြောင့် အရောင်းအဝယ် ကောင်းနေပါတယ်။ ဒီ လိုအချိန်တွေဆိုရင် အိမ်ကလူတွေ ပါ ကူရောင်းပေးရတယ်။ ထမင်းစားဖို့ အချိန်တောင် မရှိဘူး။ အရောင်းအ ဝယ် မကောင်းတာလည်း ကြာနေပြီ ဆိုတော့ အခုလိုရောင်းရတဲ့အချိန် မှာ ရင်းထားရတဲ့ ဆိုင်ခန်းခတွေ ပြန်ရတာပေါ့''ဟု တောင်ကြီးမြို့မဈေးအတွင်းရှိ အထည်ဆိုင်ပိုင်ရှင် ကိုအောင်သန်းထွဋ်က ကမ္ဘောဇတိုင်း သို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့တွင် မြို့မဈေး၊ အမှတ်(၅)ဈေး၊ ဘူတာဈေး၊ ရဲဘော် ဈေး၊ စဝ်စံထွန်းဈေးဟူ၍ အဓိက ဈေးကြီး ၅ ခုရှိသည့်အနက် မြို့မ ဈေးရှိ လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်များနှင့် အထည်ဆိုင်များမှာ အ ခြားဈေးများထက် ပိုမိုစည်ကားကာ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
.
ထိုကဲ့သို့ မြို့မဈေးတွင် အရောင်းအဝယ်ကောင်းပြီး လူစည်ကားမှုကြောင့် ဈေးအနီးတဝိုက်ရှိ အငှား ယာဉ်မောင်းများ၊ အငှားမော် တော်ဆိုင်ကယ် မောင်းနှင်သူများ အတွက်လည်း အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
.
''ဒီနှစ်မှာ ဒေါ်လာဈေးကတက်၊ ဆီဈေးကတက်၊ ကုန်ဈေးနှုန်းက တက်ဆိုတော့ အရောင်းအဝယ်က တော်တော် လေးကို ပါးသွားတယ်။ ဆိုင်ခန်းလစာလေးတောင်မနည်း ရှာရတာ။ အခုလိုသီတင်းကျွတ်ကာလမှာ ဈေးဝယ်တွေက နယ်ဘက်က တက်ဝယ်တဲ့လူတွေရော၊ရုံးပိတ်လို့ နယ်ပြန်မယ့်လူတွေရော၊ ဒေသခံတွေ နဲ့ရောဆိုတော့ အရောင်းအဝယ်က တော်တော်လေး ပြန်ကောင်းလာ တယ်''ဟု တောင်ကြီးမြို့မဈေးအ တွင်း လူသုံးကုန်ပစ္စည်း ရောင်းချသူ မမိုးမိုးက ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ယင်းကဲ့သို့ ဈေးအတွင်း လူစည် ကားနေမှုများကြောင့် ခါးပိုက်နှိုက် အန္တရာယ် သတိပြုနိုင်ရန် ဈေးတာဝန် ရှိသူများက ဆိုင်းဘုတ်များဖြင့် သ တိ ပေးခြင်း၊ အသံချဲ့စက်များဖြင့် လိုက်လံ သတိပေးခြင်းများကို ပြု လုပ်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats