မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်



ညွန့် (တောင်ကြီး)
.
.
သီတင်းကျွတ် ပွဲတော်ကြီးပြီးလို့ တန်ဆောင် မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင်ဆိုတဲ့ TV က နေ လွင့်လာတဲ့ အဆိုတော်ကိုမြကြီးရဲ့ ခန့်ညား တည်ကြည်ကျက်သရေရှိတဲ့ သီချင်းသံကိုကြား လိုက်ရတော့ အော် တန်ဆောင်တိုင်ပွဲတောင် ရောက်တော့မှာကို သိလိုက်ရတာနှင့် ၁၉၄၅ ကုန်လောက်မှာ စစ်ပြေးဘဝကနေ ပြေးနေ ကြပြီး မြို့တွင်းကို ပြန်လည်ရောက်လာတဲ့ မြို့ မိမြို့ဖများကလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုး ပီပီ အလှူရေစက်လက်နှင့် မကွာ တမူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တုနိုင်ရိုးလားဆို သည့်အတိုင်း ၁၉၄၆ ခုနှစ် တန်ဆေင်တိုင် မီး ထွန်းပွဲနှင့် မီးပုံးပျံပွဲတော်ကြီးကို တန်ဆောင် တိုင်ပွဲအစ ဂါတ်တဲက ဆိုပြီး သမိုင်းအဖြစ် စတင် ဖြစ်လာခဲ့ရာက ယခုလို နှစ်စဉ်ကမ္ဘာအနှံ့ သိအောင် ကြီးကျယ်လာခဲ့ပါသည်။
.
ယခုက သူဟာ ဒီတန်ဆောင်တိုင်အကြောင်းကို ဘာကြောင့် ရေးတာလဲဆိုတာ စာရေးသူရဲ့ အဖေဟာ ဦးချစ်စု-ခရိုင်ရဲဝန်- ဦးရွှေအုန်းမောင်ရဲ့ တပည့်ဖြစ်ပြီး ၄င်းရဲ့ ညွှန်ကြားကြီးကြပ်မှု နှင့် အဖေကလည်း ဂါတ်စာရေးကြီး တာဝန် ထမ်းဆောင်သူ ဖြစ်သည်။ မိသားစုအားလုံးလည်း ၄င်းဌာနမှာပဲ နေကြတာမို့ ပွဲအကြောင်း ကို စမှဆုံး သိရှိနေခဲ့တာကြောင့် ယခုလို ရေး ဖြစ်ခဲ့တာပါ။
.
အဖေကလည်း မီးပုံးပျံကို အလွန် ဝါသနာ ပါပြီး ပွဲတစ်ပွဲလုံး အောင်မြင်ဖြစ်မြောက်အောင် ရပ်ကွက်၊ မြို့မိမြို့ဖ များနှင့် တိုင်ပင်ဆွေးနွေးပြီး ရဲဝန်ထမ်းတွေ မိသားစုတွေပါ ဝိုင်းဝန်းဆောင် ရွက်ကြရပါတယ်။ ယခုခေတ်လို့ အလွယ်တကူ ပစ္စည်းတွေ စုံလင်တဲ့ ခေတ်မဟုတ်တော့ ကော် မုံဝယ်ကြိုပေးရ၊ မီးကြာကပ် ဆင်ချေထောက် မီးပုံးစတာတွေ ဝိုင်းပြီး တတ်နိုင်သမျှ လုပ်ကူရ ပါတယ်။ ရပ်ကွက်တွေကလည်း ယခုလို မများ သေးပါ တောင်ပိုင်းရပ်၊ အလယ်ပိုင်း၊ တူညီ ကုန်း၊ ကံသာရပ်၊ ဟော်ကုန်းပိုင်း၊ ဈေးပိုင်း၊ သစ်တောရပ်၊ ကံအရှေ့၊ ကံအောက်ရပ်၊ ညောင်ရွှေဟော်ကုန်းနှင့် ဌာနဆိုင်ရာရုံးတွေသာ ရှိသေးသည်။
.
ရပ်ကွက်တွေမှာလည်း သူကြီးဆယ်အိမ် မှူး စတာတွေကို ဖိတ်စာနှင့် ဖိတ်ပြီး ပွဲဖြစ် မြောက်ရေးအတွက် စည်းဝေးလုပ်ဆွေးနွေးကြ ကထိန်ပဒေသာလှည့်ရန်၊ ညမီးပဒေသာများ လှည့်ရန် မီးပုံးပျံပြိုင်ပွဲ နေ့လွှတ်ညလွှတ်ရန် စတာ တွေ စာရင်းတောင်းပို့ပြီး ပြိုင်ပွဲဝင်မည့် အချိန် များ သတ်မှတ်ရွေးပေးပြီး ပြိုင်စေခဲ့ရပါတယ်။ ကထိန်ပဒေသာ အလှူပင်များကို အဖိတ်နေ့မှာ မြို့တွင်း မင်းလမ်းအလယ်ြဥဃ ကနေ မြို့ လယ် ဓမ္မာရုံထိ အတီးအမှုတ်များဖြင့် ထမ်း၍ လှည့်ကာ ပို့ကြရပါတယ်။ ယခုခေတ်လို ကား များ၊ ပေါသည် မဟုတ်၍ ရပ်ကွက်လူငယ်များ က ထမ်း၍သာ လှည့်ကြပါတယ်။
.
အဖိတ်နေ့ ကထိန်လှည့်ရာမှာလည်း ဈေး သူဈေးသား လုပ်သားများကလည်း ကိုယ့်မှာရှိ တဲ့ တွန်းလည်းများပေါ် အလှူပဒေသာပင်များ ဝါးပဒေသာပင်များ အလှဆင်ရန် မမောနိုင် မ ပန်းနိုင် ကခုန်မြူးထူးစွာ ချွေးတစ်လုံးလုံးဖြင့် မြို့လယ် ဓမာရုံထိ ပို့ကြပါသည်။ လပြည့်ည မှာ (၅) နာရီခွဲ (၆) နာရီလောက် ရပ်ကွက်မှာ မီးပဒေ ဝင်သူများကလည်း သက်ဆိုင်ရာစုရပ် ကနေ မီးပုံးမီးကြာကတ်များ အလှဆင်ကိုင်ဆောင်ကြ ပြီး မိမိတို့ ကြိုက်နှစ်သက်ရာ ရိုးရာအဝတ်များ ဆင်တူဝတ်ဆင်ကြ၊ အတီးအမှုတ်အကများဖြင့် ပွဲခင်းရှိရာသို့ ပျော်ပျော်ပါးပါး ပို့ကြပါတယ်။ လမ်းဘေးနှစ်ဖက်မှာလည်း ဝါးလုံးကြီးတွေကို စိုက်ထူပြီး သံကြိုးများဖြင့် မီးပုံးငယ်များ ကြယ် တံခွန်မီးများကို ဖရောင်းတိုင်များဖြင့် ထွန်းညှိ ပြီး မီးငြိမ်းရင် ဖရောင်းတိုင် အသစ်ထပ်စိုက် ထွန်းကြရပါတယ်။ ယနေ့ခေတ်လို လျှပ်စစ်မ ထွန်းကားသေးတော့ ဆီမီးခွက် ဆီထည့်မီးအိမ် များဖြင့်လည်း အလှဆင်ကြ ထွန်းကြသည်။
.
ဂါတ်တဲရဲ့ ပွဲခင်းကလည်း ပါဝင်ဆင်နွှဲနိုင် ရန် ပြင်ဆင်ထားသည်။ ယခု အမှတ်(၁)ရဲစခန်း ဝင်ပေါက်ကြီး ရှေ့တည့်တည့်မှာ ကွက်လပ် ကြီးမှာ ဝါးများကို ရာဇမတ် ယက်လုပ်ပြီး ငှက်ပျောပင်ငယ် ကြံပင်ကိုင်းများ စိုက်ထူရန်အလယ်မှာ မြတ်စွာဘုရားပုံထားရှိပြီး အထဲကိုဝင် ရောက်သူများက အကွက်မှားပြီး ဘုရားရှိရာ တော်တော်နှင့် မရောက်ပဲနေတာကို အပြင်က ရပ်ကြည့်နေကြတဲ့ ပရိသတ်တွေကလည်း သ ဘောကျကာ လက်ခုပ်သီးပြီး ရယ်ကြတာလည်း ပျော်စရာ တစ်မျိုးပါ။ နိုင်ငံတော်အစိုးရ ပြန် ကြားရေးဌာနကလည်း သတင်းများနှင့် ရုပ်ရှင် ကားများကို ပိတ်ကားဖြူကြီး ထောင်၍ အဖိုးအ ခ မယူဘဲ ည (၁၂) နာရီထိ ပြသပေးပါသည်။
.
နေ့လွှတ် ညလွှတ်မီးပုံးပျံ ပြိုင်ပွဲများကို ယခုညဈေးတန်း ကွက်လပ်ကြီးမှာ ပြိုင်ကြရ ပါသည်။ ဧရှားလိုက်နှင့် မျက်နှာခြင်းဆိုင်မှာ အရင်က တရုတ်စတိုးဆိုင်ကြီး ရှိတယ်။ အဲဒ တိုက်အပေါ်မှာ အနားယူလေညင်းခံရာ နေ ရာ ပြုလုပ်ထား၍ မီးပုံးပျံ မီးပဒေသာပင် ကထိန်များ ပွဲခင်းသို့ လာရောက်ကြစဉ် အဲဒီ တိုက်ပေါ်ကနေ ဒိုင်လူကြီးများက အကဲဖြတ် အမှတ်များ ပေးကြရပါသည်။
.
ယခုလို ရက်မရှည်တော့ ပြိုင်ပွဲရရှိတဲ့ ဆုများကို လပြည့်ကျော် ၁ ရက်ညမှာ ¤င်းဂါတ်  တဲပွဲခင်းမှာသာ ခေါ်ယူဆုပေးခဲ့ပါသည်။ တန် ဆောင်တိုင် ပွဲကြီးကို မှတ်မိသလောက် (၁၉၄၆- ၁၉၄၇) ၅၂-၅၃ ခုလောက်ထိ လုပ်ခဲ့သည်။ ပွဲ တွေကိုတော့ မမှတ်မိတော့ပါ။ စာရေးသူရဲ့ အ ဖေလညှ်း.ြ မှာ တာဝန်ဖြင့် ကနိုင်ထုံကို သွားချိန် နောက်ပိုင်း နှစ်တွေ မသိတော့ပါ။ ကျောက်တိုင်ကွင်း အနီးကွင်း စူဠာမုနိဘုရား ချေရင်းမှာ လုပ်ကြပြီး အဝေရာ မီးပုံးပျံကွင်းသို့ ရွှေ့သွားတာတော့ ယခုအချိန်ထိပါ။
.
လပြည့်နေ့၌ သံဃာများကို နေ့ဆွမ်းကပ် ရေစက်ချ တရားနာပြီး ကထိန် အာနိသင်ရ ဘုန်းကြီးကျောင်းများကို မဲနှိုက်လှူဒါန်းကာ လူ ငယ်မောင်မယ်များက တစ်ပျော်တပါးကခုန်တီး မှုတ်၍ ကျောင်းသို့ ထမ်းပိုးကာ ပို့ဆောင်ခဲ့ကြ သည်။ ယနေ့ခေတ်လို့ ကားများ မပေါ်ချိန်မှာ လူငယ်မောင်မယ်များဟာ မောရမှန်းမသိ မညီး မညူ အလှူကိစ္စကို ဆောင်ရွက်ကြသည်မှာ ဝမ်းသာကြည်နူးစရာပါ။
.
အဲဒီအချိန်က မင်းလမ်း အလယ်မှာ ဘယ်ညာ၊ ပလက်ဖောင်းစင်္ကြန် ရှိပါတယ်။ အစားအသောက် အရောင်းဈေးသည်များဟာ မုန့်ပဲသွားရေစာများ ရောင်းကြရာမှ အထူးသဖြင့် ရိုးရာရှမ်းပြည် အစာများဖြစ်တဲ့ ငါးထမင်းနယ်၊ ဝက်သချဉ်၊ ဟင်းထုပ်၊ တိုဖူးသုပ်၊ အင်းမုန့်ဟင်း ခါးနှင့် ပေါက်ဆိုးပေါက်ဥ၊ အမဲချဉ်၊ စတာတွေ တရုတ်ခေါက်ဆွဲ ဖက်ထုပ်စတာကို ပွဲလာသူများ က ဝယ်စားကြ၊ အိမ်ဝယ်ပြန်ကြနှင့် ပျော်စရာ ပါ။ ပွဲခင်းရဲ့ အစကလည်း အလယ်ြ.ဥ.ဃ  ကနေ မင်းလမ်းမှ အစိုးရဘဏ်လောက်သာ အ ဝင်အထွက် ရှိခဲ့တယ်။ လူဦးရေလည်းနည်းသေး တော့ ပွဲခင်းသိပ်မရှည်ပါ။
.
စာရေးသူဟာ ယခုဆောင်းပါးကို ရေးဖြစ် တာက ကိုယ့်အဖေဦးဆောင်လုပ်ခဲ့တာ သိတာ ရယ်၊ ကိုယ်ကလည်း အသက် ၁၅ နှစ်လောက် ဆိုတော့ တွေ့ခဲ့ မြင်သိခဲ့တာတွေကြောင့် ရေး ဖြစ်တာပါ။ ကိုယ်နှင့်ရွယ်တူထဲကလည်း ယခုလို သိပြီး၊ ရေးမယ့်သူတွေ ကြည့်တော့ ကွယ်လွန် သွားကြပြီ ဆိုတာရယ်၊ တောင်ကြီးမြို့ တန် ဆောင်တိုင်ပွဲတော်တွင်း စာပေပြိုင်ပွဲများထည့် သွင်းကျင်းပမည်ဆို သတင်းကို ကမ္ဘောဇတိုင်း ဂျာနယ်မှာ ဖတ်လိုက်ရတာကြောင့် ကိုယ်တိုင် ကလည်း ဖခင်ဦးဆောင်လုပ်ခဲ့တာကို အဖေ့ အား ဂုဏ်ပြုအမှတ်ရတာတွေကြောင့် ရေးဖြစ် တာပါ။
.
တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ တန်ဆောင် တိုင်ပွဲကြီးဟာ နယ်နယ်ရရ မဟုတ်ပါ။ မြန်မာ ပြည်ပါမက တိုင်းတစ်ပါး နိုင်ငံတွေထိအောင် ပျံ့နှံ့ကျော်ကြားခဲ့တာကိုက မြန်မာလူမျိုးများအ နေနှင့် ဂုဏ်ယူဝင့်ကြွားစရာပါ။ သမိုင်းတစ်ခု အနေနှင့် ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ဂုဏ်ယူနိုင်တဲ့ အစဉ်အလာကောင်း တစ်ခုကို နောင်လာမယ့် မျိုးဆက်သစ်တွေက တည်တံ့ အ ဓွန့်ရှည်အောင် မပျောက်မပျက် ရအောင် ထိန်း သိမ်းစောင့်ရှောက်ဖို့ကိုလည်း စာရေးသူက အ လေးအနက် တိုက်တွန်းချင်ပါသည်။ စာရေးသူ ဟာ ယခုအသက် ၈၈ နှစ်ပါ၊ ယခုဆောင်းပါး ကို ကိုယ်တိုင်ရေးခဲ့တာပါ။ မြန်မာမှာ သမိုင်း တစ်ခုအနေနှင့် ကျန်ခဲ့ပါစေဆိုတဲ့ စေတနာ နောက်လူငယ်တွေ အစဉ်အလာ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းသွားနိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ယခုစာကို မှတ်မိသမျှ ရေးသား လိုက်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats