ဆက်သွယ်ရေးဥပဒေသည် လူကြိုက်များသည့် ဆေးခါးကြီး ဖြစ်လာသည်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆက်သွယ်ရေးဥပဒေသည် လူကြိုက်များသည့် ဆေးခါးကြီး ဖြစ်လာသည်ဟု ဆို



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့် ''အသံ''အဖွဲ့မှ ဒီမိုကရေစီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဝေ ဖန်ဆန်းစစ်ချက် အစိုးရသက်တမ်း တစ်ဝက်အစီရင်ခံစာကို အောက် တိုဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့ရာ အဆိုပါ အစီရင်ခံစာတွင် ဆန်းစစ် ချက် တစ်ခုအနေဖြင့် ဆက်သွယ်ရေး ဥပဒေသည် လူကြိုက်များသည့် ဆေး ခါးကြီးတစ်ခွက် ဖြစ်လာသည်ဟု ဖော်ပြပါရှိခဲ့သည်။
.
.
''ပြီးခဲ့တဲ့ အစိုးရ ၂ နှစ် သက်တမ်းမှာ တစ်ခါထုတ်ပါတယ်။ အခု က အဲဒီအစီရင်ခံစာထက် အခု အ စီရင်ခံစာက ၂ ဆ ပိုထူလာတယ် ဆိုတာ ဘယ်လောက်အထိ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံ အုတ်မြစ်တွေ ထိခိုက်နေတယ်ဆို တာကို ဖော်ပြလာနေပါတယ်။ အရင် ကမသုံးခဲ့တဲ့ ဥပဒေအဟောင်းတွေ၊ အခုအသစ်ပေါ်ထွက်အတည်ပြု လာတဲ့ ဥပဒေအသစ်တွေဟာ ဖိနှိပ် ရေး ကိရိယာအဖြစ် အသွင်ဆောင် လာနေတယ်။ ဒါတွေကို အစိုးရသိ အောင် စုစည်းသုတေသနလုပ်ပြီး ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အ ကူဖြစ်အောင် ဖော်ပြနေခြင်းဖြစ်ပါ တယ်''ဟု အသံအဖွဲ့မှ သုတေသနမန်နေဂျာ ဦးရဲဝင့်ဖြိုးအောင်က အောက် တိုဘာလ ၁၉ ရက်တွင် ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ယင်းအစီရင်ခံစာတွင် အရပ် သားအစိုးရ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အပေါ် ချိုးဖောက်မှုများ အဖြစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို မပယ်ဖျက်ခြင်း၊ နိုင်ငံ သားတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အမှန်တကယ်အကာအကွယ် မပေး နိုင်သည့် ဥပဒေစသည်ဖြင့် အပိုင်း (၁)တွင် ခေါင်းစဉ် ၁၁ ခုဖြင့် သုံးသပ် ဖော်ပြထားပြီး အပိုင်း(၂)တွင် လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် တပ်မတော်၏ ကန့်သတ်ချိုးဖောက် မှုများအား ဖော်ပြထားသည်ကို တွေ့ ရှိရသည်။
.
နောက်ဆုံးဖော်ပြထားသည့် အကြံပြုချက်များတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မများ ဖျက်သိမ်းရန်၊ ပြင် ဆင်ရန်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအ ကာကွယ်ပေးရေးဥပဒေပါ ပုဒ်မ ၈ (စ)ကို လုံးဝဖျက်သိမ်းရန်၊ ငြိမ်းချမ်း စွာ စုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကိုဒီမိုကရေ စီနှင့် လူ့အခွင့်အရေးစံချိန်စံညွှန်း တို့နှင့်အညီ  ပြန်လည်ပြင်ဆင်ရန်၊ ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅(က) (ခ)နှင့်၁၂၄(က)တို့ကို ဖျက်သိမ်းရန် စ သည့်အချက် ၁၁ ချက်ကို ဖော်ပြထား ပြီး အစိုးရနှင့် တပ်မတော်သို့ အကြံ ပြုချက် ၇ ချက်တွင် နိုင်ငံပိုင်သတင်း စာများကို အချိန်ကာလတစ်ခုအ တွင်း ဖျက်သိမ်းရန် ကြိုးစားသင့် ကြောင်းနှင့် တပ်မတော်အနေဖြင့် ပြည်သူတို့၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အ လက် ရယူပိုင်ခွင့်ကို လေးစားလိုက်နာ သင့်ကြောင်း ဖော်ပြထားသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats