ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
မြန်မာ့ဓလေ့
.
![]() |
Photo - Internet |
.
ကျွန်တော်တို့ မြန်မာလူမျိုးသည် သမိုင်းအ ခိုင်အမာရှိသော၊ ဂုဏ်သိက္ခာကြီးမြင့်သော
လူမျိုးဖြစ်ပါသည်။ မြန်မာ့ဓလေ့၊ မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုများ ပြည့်ပြည့်စုံစုံရှိနေပါ၏။
နောက်ကြောင်းလိုက်ကြည့်ကြသောအခါ တကောင်းအဘိရာဇာမင်းဆက်များကို ခြေရာခံမိ ကြ၏။ ''မြန်မာအစ
တကောင်းက''ဟူသောအ ဆိုတစ်ရပ်ပင်လျှင် ကနဦးကျော်ကြားထင်ရှားပြီးလည်း ဖြစ်ပါသည်။ နောင်သောအခါ
သမိုင်းကို လေ့လာသုတေသနပြုကြသော သမိုင်းသုတေသီများ ကွဲပြားခြားနားသော အထောက်အထား များတွေ့ရှိခဲ့ကြဟန်တူ၏။
ယင်းတို့ကိုအခြေပြု ၍ တစ်မျိုးတစ်ဖုံ စဉ်းစားသုံးသပ်ဝေဖန်ကြပြီး နောက် ''မြန်မာအစ ကျောက်ဆည်က''ဟူ
သော အဆိုသစ်တစ်ရပ်ကို တင်ပြလာကြသည် ဆိုကြ၏။ မည်သို့ဆိုစေ ဟန်လင်းကြီး၊ ပိဿ နိုး၊ သရေခေတ္တရာနှင့်
ညောင်ရွှေ၊ ပေါရိသတ် ဘုရားအနီး ကော့ဆမ်ပီစသော နှစ်ထောင်ချီ ကြာမြင့်ခဲ့သော တစ်ခေတ်က
ရှေးမြို့ဟောင်း ကြီးများအကြွင်းအကျန်တို့က ဒဏ္ဍာန်ရီမဟုတ်၊ သမိုင်းအစစ်အမှန်များဖြစ်ကြောင်း
သက်သေခံ နေပါ၏။ ထို့ထက်ပို၍ နှစ်သန်းဂဏန်းပြဆိုနေ သော ပုံတောင်ပုံညာ၊ ပြဒါးလင်းဂူတို့ကလည်း
ကျောက်ခေတ်သစ်လူသားတို့ နေထိုင်ခဲ့ကြပြီ ဖြစ်ကြောင်း ပြဆိုနေကြ၏။ စာပေရေးသားမှုအ နေနှင့်ကား
ကျောက်စာချပ်များ ကြွင်းကျန်မှုများ ရှိနေပါသည်။
ဆိုလိုသည်မှာ ယဉ်ကျေးမှုနှစ်ပေါင်းထောင် ချီရှိခဲ့ပြီဖြစ်သော လူမျိုးနွယ်တို့၏
ဓလေ့ဘာ သာ၊ အစဉ်အလာ လက်ခံယုံကြည်မှု၊ စွဲမြဲစွာ ကျင့်သုံးမှတ်ယူ လက်ဆင့်ကမ်းလာမှုတို့ကြောင့်
ယဉ်ကျေးမှုအလွန်နောက်ကျစွာ ဖွံ့ဖြိုးလာသူ တို့ထက် အလွန်မတန်မှ ရှုပ်ထွေးများပြား ကြောင်းတို့
ဖော်ပြနေခြင်းကိုဖြစ်ပါသည်။ ကျွန် တော်ငယ်စဉ်ကလေးဘဝတုန်းက ကျန်းမာရေး ညံ့ဖျင်းခဲ့၏။
တောင်ကြီးမြို့ကလည်း လွန်ခဲ့ သော နှစ် ၇ဝ ဝန်းကျင်၌ အလွန်မတန်ကိုအေး စိမ့်သော ဆောင်းရာသီဥတု၊
မိုးအလွန်များသော မိုးရာသီဥတုနှင့် နွေလယ်ကောင်တောင်မှ အ နွေးထည်ပါးပါးတော့ ဝတ်ဆင်ဖို့လိုအပ်သည့်
နွေရာသီဥတုတို့ ကြီးစိုးခဲ့ဖူးရာ ကျွန်တော့်မှာအ မြဲလိုလိုပင် နှာစေး၊ ချောင်းဆိုးတို့ဖြင့်
ဒွန်တွဲန ပန်းလုံးနေရ၏။ ခေါင်းလျှော်ရေချိုးဖို့ ရွေးလိုက် ရသည့်ရက်၊ အောင်စံဖြိုးရေချိုးရက်တဲ့။
တနင်္ဂ နွေ၊ အင်္ဂါ၊ ကြာသပတေးပေါ့။ ငါ့သား ရွှေတောင် ရေကိုရှောင်တဲ့။ တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူး
နှင့် စနေတို့က ရေမချိုးရပါ။ အိုးစည်တီးပြီး အောင်လျှော်တဲ့။ တနင်္ဂနွေ၊ အင်္ဂါ၊ စနေတို့က
ခေါင်းလျှော်ရမည့်ရက်များပါ။ မွေးနေ့သော ကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်တဲ့။ ကိုယ့်မွေးနေ့ရယ်၊
သောကြာရယ်၊ တနင်္လာမှာ ဆံပင်မညှပ်ရပါ။ ထို့ကြောင့် ဆံသဆိုင်များ တနင်္လာနေ့တိုင်းဆိုင်ပိတ်သည်
ဆိုင်းဘုတ်ကပ် ထားခြင်းဖြစ်ပါသည်။
.
အတိုမှတ်နည်း
.
ဆောင်စရာ၊ ရှောင်စရာများကို အတိုမှတ် နည်းလင်္ကာစီကုံးလျက် ရှေးလူကြီးတို့
ထားရစ် ခဲ့ကြ၏။ အသံသာကာရန်ညီလင်္ကာတိုလေးများဖြစ်သဖြင့် ကျက်မှတ်ထားဖို့ လွယ်ကူလှသည်။
တစ်ခါ ကျက်မှတ်ထားလျှင် တစ်သက်မမေ့တော့ပေ။ ရှောင်ရမည့်ရက် သိထားပါက ဆောင်ရ မည့်ရက်ကိုလည်း
ဆင့်ပွားတွက်ယူနိုင်ပါပြီ။ ထို့ နည်းတူစွာပင် ဆောင်ရမည့်ရက်ကို ကျက်ထား သိထားပါက ရှောင်ရမည့်ရက်များကို
အော်တို မက်တစ်အလိုလို သိနိုင်ပါပြီ။ သို့သော် သူ့ရက်၊ သူ့နံ၊ သူ့ဗျည်းကိုတော့ ကျနသေချာသိထားဖို့
တော့ လိုပါ၏။ အ နှင့် ဥသည် တနင်္ဂနွေ၊ ဂဏန်း ၁ ဖြစ်၏။ ကကြီးမှ ငအထိသည် တန င်္လာ ဂဏန်း ၂၊
စလုံးမှ ည အထိသည် အင်္ဂါ ဂဏန်း ၃ ပါ။ တဝမ်းပူမှ နငယ်အထိ ၅ လုံး နှင့် ဋ မှ ဏကြီးအထိ ၅
လုံး၊ နှစ်ရပ်ပေါင်း ၁ဝ လုံးသော ဗျည်းတို့မှာစနေတဲ့။ ဂဏန်း ၇ ပေါ့။ သနှင့်ဟကတော့ သောကြာ
ဂဏန်း ၆ ပါ။ ပစောက်မှ မ အထိက ကြာသပတေး ဂ ဏန်း ၅ ဖြစ်၏။ ရွှေကို ဗုဒ္ဓဟူးနံပြော၍ ယ၊ လနှင့်
ဝ ကိုလည်း ဗုဒ္ဓဟူး နံပတ် ၄ ဆို၏။ မွန်းတည့် ၁၂ နာရီ၏ နောက်ပိုင်းမွေးသူကို ရာဟုဂြိုလ်ဖွား
ခွဲခြားထားပြန်၍ ရ နှင့်ဠ တို့ သည် ရာဟု ဖြစ်ပါသည်။ ရက်သတ္တပတ်တစ် ပတ် ၇ ရက်သာရှိပြီး
ဂြိုလ်ကြီးရှစ်လုံးရှိသဖြင့် ဗုဒ္ဓဟူးကို မနက်ပိုင်းနှင့်မွန်းလွဲပိုင်း နှစ်မျိုးခွဲထား
ခြင်းဖြစ်ပါသည်။ မနက်ပိုင်းမွေးက ဆင်ဖြူစွယ် စုံမို့ ဘဝမှာချမ်းသာအေးငြိမ်းပါသတဲ့။
ရာဟု ကား ဆင်မည်း ဟိုင်းဆင်ဆို၍စွယ်မရှိ၊ ပင်ပန်း ဆင်းရဲသည်ဟူသော အယူအဆရှိပါသည်။ ဤ
အခြေခံကို နားလည်လျှင် ကိုယ်စားပြုနေ့နံနှင့် ဂဏန်းကို အမှန်အတိုင်းသိပြီး မမှားနိုင်တော့ပါ။
ကျွန်တော့်လက်ကိုင်ဖုန်းနံပါတ်ကို မှတ်ရလွယ် အောင်''မမကက မမက''ဟု လင်္ကာစာချိုးထား ပါသည်။
ထားတော့ စကားဝေ့သွားရပြီ။
.
၁ ရက်ကိုရှောင်၊ ၂ ရက်ကိုဆောင်မှာ ခရီးထွက်လျှင် ဆန်းဆုတ် ၁ ရက်ကိုရှောင်စေပြီး
၂ ရက်နေ့မှ ခရီးထွက် ကောင်းသည်ဆို၏။ သောကြာရေကြောင်းမသွားောကာင်းကလည်း ရှိသေး၏။ ရှေ့
၆ နောက် ၄ မှာကား၊ အရှေ့ အရပ်ခရီးထွက်က ၆ ယောက်စုပြီးမသွားအပ်။ အနောက်အရပ်ကိုကား ၎
ယောက်ပေါင်းမသွား ကောင်းတဲ့။ ကျွန်တော်တို့ ရှမ်းပြည်နယ်ကို ကိုး မြို့ရှင်နတ်ကကြီးစိုးစောင့်ရှောက်၍
ခရီးထွက် က ၉ ယောက်မသွားကြပါ။ တစ်ယောက်ချန်ရစ် သို့မဟုတ် ၁ဝ ပြည့်အောင်ကျောက်ခဲတစ်တုံး
တင်၍ မောင်ကျောက်ခဲလိုက်ခဲ့ပါဟုပြောပြီး ယတြာချေသော အယူအလေ့အထရှိ၏။ ပြီး တော့ပြဿဒါးကိုရှောင်၊
ရက်ရာဇာကိုဆောင်ကြ ၏။ အလွယ်မှတ်မှာ တန်ခူးသာလှ၊ ထွန်းပက ဆုန်၊ နယုန်ညွန့်မြ၊ အောင်လှဝါဆို၊
သာလိုဝါ ခေါင်၊ မြတ်တောင်တော်သလင်း၊ သီတင်း ကျွတ်မြဆီ၊ သြရီတန်ဆောင်မုန်း၊ သံလုံးနတ်
တော်၊ မိနော်ပြာသို၊ ပန်းညိုတပို့တွဲ၊ အဲဝင်တ ပေါင်းပါတဲ့။ လတိုင်းရက်ရာဇာ ၂ ရက်စီရှိ
ကြောင်းပြ၏။
.
ရေချိုးခေါင်းလျှော်ကဲ့သို့ ဆောင်ရန်သိလျှင် အကျန်ရက်ကိုယူနိုင်သကဲ့သို့ပင်
ရက်ရာဇာကို သိလျှင် ကျန်ရက်များ ပြဿဒါးဟူ၍ ယူမှတ်လျှင် အလွဲကြီးလွဲမှားသွားပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ပြဿဒါးရက်များကား တစ် ပတ်တွင် နှစ်ရက်စီရှိနေကြ၍ပါ။ ထို့ကြောင့်
ရက်ရာဇာလည်းမဟုတ်၊ ပြဿဒါးလည်းမဟုတ်သော ကြွင်းကျန် ကြားနေ ၃ ရက်စီတော့ အပတ်တိုင်းမှာ
ရှိနေကြ၏။ ထူးခြားသည်မှာ''တမာ၊ သက်ယင်း၊ အင်ကြင်း၊ဆူးရစ်၊ လေးလရစ်'' ဆိုသော အလွယ်မှတ်လင်္ကာကြောင့် တစ်နှစ်အတွက် သုံးကျော့ပတ်လည်သွားခြင်းကိုပါ။
သို့ဆိုလျှင် မည်သည့်လမှစတင်ကြပါမည်နည်း။ မြန်မာနှစ်ကို စတင်ရေတွက်သည်မှာ တန်ခူးလမှ
အစပြုပါ၏။ ထို့ကြောင့် တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆိုရှေ့လေးလ တန်းစီနေ၏။ ဆက်၍ အလယ်လေးလ၊
အဆုံးလေးလရှိမည်။ နောက်ဆုံးလမှာ တပေါင်းဖြစ်၏။ထို့ကြောင့် တန်ခူး၊ ဝါခေါင်နှင့် နတ်တော်သုံးလတို့၌
ပြ ဿဒါးရက်မှာ တမာစာချိုးအတိုင်း စနေနှင့် ကြာသပတေးဟုသိနိုင်ပါပြီ။ ဤနည်းအတိုင်း ကဆုန်၊
တော်သလင်းနှင့် ပြာသိုသုံးလအတွက် သက်ယင်းဆိုထား၍ သောကြာနှင့်ဗုဒ္ဓဟူးဖြစ် ၏။ နယုန်၊
သီတင်းကျွတ်နှင့် တပို့တွဲသုံးလကား အင်ကြင်းမို့ တနင်္ဂနွေနှင့် တနင်္လာဖြစ်သည်။ ဝါဆို၊
တန်ဆောင်မုန်းနှင့် တပေါင်းတို့အဖို့ ဆူး ရစ်အရ၊ အင်္ဂါနှင့်ရာဟု ပြဿဒါးရက်ဖြစ်နေ၏။ ဤကား
အကျဉ်းသာရှိသေး၏။ အကျယ်နှင့်အ သေးစိတ်ရလျှင်ကား ဝါရမိတ္တူကြီး၊ ဝါရမိတ္တူ ငယ်၊ သမားဖြူ၊
သမားညို၊ မဟာရက်ကြမ်း၊ ရက်ယုတ်မာ၊ ရှမ်းရက်၊ နဂါးပေါ်၊ အမြိတ္တစုတ် တို့ဆိုတာရှိသေး၏။
နာရီနှင့် ပိုင်းခြားကာ မုဆိုး ရွှေအိုးရကိန်းစသည်များစွာရှိရာ ဆောင်းပါး ရှည်စိုး၍
တော်သင့်ပြီ။
.
အိမ်အပြောင်းအရွှေ့ သင့်မသင့်ကိုလည်း နဂါးဦးခေါင်းလှည့်အယူဖြင့်
တွက်ချက်ဆောင် ရှောင်ကြသည်ကိုမူ ဖော်ပြလိုပါသေးသည်။ တတန်ကနောက်၊ နဝါဝါမြောက်၊ တော်ကျွတ်မုန်း
ရှေ့၊ နတ်ပြာတွဲတောင်ဟူ၍ မှတ်သားကြ၏။ တပေါင်းတန်ခူးကဆုန်အနောက်အရပ်နဂါးခေါင်း လှည့်ရာ
အနောက်ရပ်မှ အရှေ့ရပ်သို့ မပြောင်း ရွှေ့ကောင်းပါ။ နဂါးပါးစပ်တွင်းသို့ ဝင်ရောက် နေ၍
ပြန်မထွက်နိုင်တော့ပြီ။ ဒုက္ခသောကကြုံ ရတတ်သည်ဟု အယူရှိကြ၏။ နယုန်ဝါဆိုဝါ ခေါင်နဂါးခေါင်းမြောက်သို့
လှည့်နေရာ မြောက် မှတောင်သို့ မပြောင်းကောင်း၊ တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်းအရှေ့သို့လှည့်
နေ၍ အနောက်သို့မရွှေ့ကောင်း၊ နတ်တော်ပြာ သို တပို့တွဲတောင်သို့လှည့်၍ မြောက်သို့မ ပြောင်းကောင်းပါတဲ့။
အမြီးမှ ခေါင်းသို့၊ ခါး လယ်မှ ဖြတ်၍စသည်ကား ပြုဆောင်ကောင်း သည်။ တပေါင်းမှရေတွက်သုံးလအနောက်
လှည့်တစ်ချက်အသေမှတ်ထားပါလျှင် ကျန်သုံး လစီကို လက်ယာရစ်၊ မြောက်ပြီး၊ အရှေ့နှင့် တောင်အစဉ်အတိုင်းဖြစ်ရာ
မမှားနိုင်တော့ပေ။ ပရိယာယ်အားဖြင့် မဖြစ်မနေရွှေ့ရသော် တူရူထွက်ပြီး လက်ယာချိုး၊ အမြီးမှပြန်ဝင်တဲ့။
.
မင်္ဂလာဖိတ်စာ
.
ကျွန်တော့်ဆောင်းပါးခေါင်းစဉ်၊ သီတင်း ကျွတ်တော့မည်တပ်ထားကာ စကားအချီရှည်
နေ၍ ယခုမှ အလှည့်ကျပါတော့၏။ သီတင်း ကျွတ်လပြည့်နေ့ ကုန်ဆုံးသည်နှင့် ဝါလကင်း လွတ်ပါပြီ။
အိမ်ပြောင်းရွှေ့လိုသူတို့ မင်္ဂလာရက် မြတ်ရွေး၍ လက်ထပ်မည့်အရေး၊ ဝါတွင်းသုံး လလုံးလုံးစောင့်ဆိုင်းနေရသူ
မင်္ဂလာမောင်မယ် တို့ ကျွတ်လွတ်စွာဆောင်ရွက်နိုင်ကြပါပြီ။ အ ဆင်ပြေသူတို့ဟုလို့တော့ြ>ွခင်းချက်ပြောရပါ
မည်။ ''ဆီမီးရောင်ရှိန် ထိန်ထိန်ဝင်း၊ သီတင်း ကျွတ်တော့မည်။ မောင်မလာ တာရက်လကြာ ရှည်၊
ခြောက်လရာသီရှိပြီ မောင်ရဲ့သနားမညှာ ရက်အားသည်''စသည့်သီချင်းစာသားမှာ စစ် ကြိုခေတ်ဘိုင်စကုတ်(ရုပ်ရှင်)မင်းသမီး
မေမေ ဝင်းသီဆိုသော အမျှော်စိုက်အလွမ်းသီချင်းထဲ က ဖြစ်ပါ၏။ ဝေးရပ်ဆီသို့ ငွေရှာထွက်လေသူပြန်
အလာကို နေ့စဉ်ရက်ဆက်မျှော်နေသူအဖြစ် ကား နီးဖို့ရာဘယ်မမြင်သေးအခြေပါ။ အလား တူပင် မျှော်တော်ယောင်
မျှော်တော်ယောင်ဘဝ က လွတ်ချင်ပြီဆိုလား၊ ကျွတ်ချင်ပြီဆိုလား၊ ခေတ်လည်းသိပ်မနှောင်း၊
ခေတ်ရှေ့ပြေးလည်း မဟုတ်သေးသော တေးတစ်ပုဒ်ထဲကဖြစ်၏။ လူငယ်ချင်းလည်း စိတ်တူကိုယ်တူ၊ လူကြီးချင်း
လည်းသဘောတူကြိုက်ညီထားကြသည့် မင်္ဂလာ မောင်မယ်လောင်းလျာတို့က ဝါတွင်းမှာ ကတည်းက မင်္ဂလာရက်ရွေးမှတ်၊
ခန်းမအ တွက် စရန်သတ်၊ ဖိတ်စာကြိုရိုက်၊ မင်္ဂလာ ဝတ်စုံကြိုချုပ်၊ အလုပ်တွေကို ရှုပ်နေပြီဖြစ်ပါ
မည်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ စလိုက်သည့် မင်္ဂလာပွဲများအတွက် ဖိတ်စာတွေ က ဝါမကျွတ်မီတစ်ပတ်အလိုကတည်းကပင်
ပလူပျံနေပါပြီ။ လွယ်လှချည့်လား၊ အောက်မေ့ ကြပါလိမ့်မည်။ မြန်မာ့ဓလေ့ထုံးစံအတိုင်း ရှေး
မူရှေးဟန်မပျက် တွက်ချက်တာတွေ၊ ဇာတာ စစ်တာတွေလုပ်လျှင် လူငယ်ချင်းမည်မျှ သ ဘောမျှမျှ
အဟောဖျက်၍ ပျက်တတ်၏။
.
''တပေါင်းဝါဝါတော်နတ်ပြာရှောင်ပါဤ ခြောက်လ''ဆိုတာက နောက်မှပါ။ နေ့သား
ရက်သားကိုက်မကိုက် ဥဿစိန်ပန်းဒန်းလှကို ရှာတဲ့။ အိမ်ထောင်ဖက်သင့်၏။ ဓမ္မာသောက အင်းဝရာဇာ
အိမ်ထောင်ဖက်အသက်မရှည်ရာ တဲ့။ သေကွဲမကွဲတောင် ရှင်ကွဲကွဲတတ်၏တဲ့။ နီးဖို့ရာဆို ရင်
ဝါဆိုတောင်မှ ပြာသိုနားတွင် ထားလိုက်ချင်ဟု သီချင်းရေးဆရာက ၆ လ ပိုနီးအောင်စပ်ခဲ့ သော်လည်း
ပြာသိုသည်ရှောင် ရမည့်လဖြစ်နေ ၏။ ကာရန်ကိုယူထားဟန်တူ ပါ၏။ ပြာသိုပြီးမှ တပို့တွဲဖြစ်ရာ
ဆောင် ကောင်းသောလဖြစ်၏။ နီးဖို့ရာဆို၍ ပြာသို ရောက်လျှင် ကြိုတင်ပြင်ဆင်ချိန်တစ်လရ၍
နီးလည်းဝါတွင်းထက်အများကြီးနီးလာပြီ မ ဟုတ်လား။ ဝါကျွတ်ပြီနှင့် တန်ဆောင်မုန်း မှာ
အဆင်မသင့်က နတ်တော်ပြာသိုမဆောင် ကောင်း၊ တပို့တွဲကောင်း၊ တပေါင်း မဆောင် ကောင်းပြန်ပါ။
တန်ခူးကဆုန်နယုန် ဆောင် ကောင်း၏။ ကောင်း ၆ လရှိ၍ ၆ လ ရှောင်ရ သည့် ဓလေ့အယူရှိသည်ကိုလည်း
ဂရုပြုကြရ လိမ့်မည်။ ခရီးလွန်ထားကျွံထားကြ၍ ဝါမဝင်မီ ဝါဆိုလပြည့်နေ့ကြီး ကတိုက်ကရိုက်
အမြန်ယူ လိုက်သည့်အဖြစ်တို့သည်ကား။ ။
.
.
.
#KBZTai #Shan