ကောင်လေး (မြန်မာစာ)
.
.
''နိုင်ငံတစ်နိုင်ငံတွင် ဘွဲ့အရေအတွက်ထက် အရည်အချင်းရှိသော လူတွေများဖို့
လိုသည်။
.
ကျွန်တော်သည် အဝေးသင်တက်ရင်း အဝေးသင် မြန်မာစာ ဘွဲ့ရရှိခဲ့ပါသည်။
ထိုသို့ ဘွဲ့ ရအောင် အချိန်တွေ၊ ငွေတွေ အများကြီးပေးဆပ်ခဲ့ရပါသည်။ အဖြူနဲ့ အစိမ်း ဝတ်ဆင်ခဲ့တဲ့
(၁ဝ)တန်း ကျောင်းသားဘဝက ဆရာတစ် ယောက်ပြောခဲ့သော စကားမှာ '' ၁ဝ တန်းမှာ စာတွေ အများကြီးကျက်ရပြီး
တက္ကသိုလ်တက် ရတဲ့အခါ စာတွေအများကြီး ကျက်စရာမလိုဘူး'' ဟု ပြောခဲ့သည်။ တကယ်တမ်းစဉ်းစား
ကြည့်တော့ နောက်တစ်ဆင့်ကို တက်လေ ပိုခက်လေ၊ စာတွေအဆင့်မြင့်လေ။ စာတွေပို ကျက်ရလေ ဖြစ်သည်။
''အတန်းချိန်မှန်မှန်တက် စာသင်နေတဲ့အချိန်အာရုံစိုက် စာကိုနားလည်အောင် ဖတ်ပြီး စာကျက်တဲ့အခါ
ကြက်တူရွေး နှုတ်တိုက် ကျက်နည်းကိုပယ်ပြီး စာကိုနားလည်အောင် ဖတ်ပြီးကျက်မှ စာပိုရမည်
ဖြစ်သည်။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့အခါ ၁ဝ တန်းတုန်းက ဆရာတစ်ယောက် ပြောခဲ့သော စကားကို
သေချာစဉ်းစားကြည့်လျှင် ''၁ဝ တန်း မှာက စာကိုအလွတ်ကျက်ပြီး ကြက်တူရွေးနှုတ်တိုက် ကျက်နည်းနဲ့
ကျက်ရတယ်။ တက္ကသိုလ် ရောက်တဲ့အခါ စာကျက်တဲ့အခါ စာကိုနားလည်အောင် ဖတ်ပြီး မှတ်စုထုတ်
စာကျက်ရတာဟာ ပိုရလွယ်၊ စာကျက်ရတာ ပိုနည်းလာသည်။''ဟု ထင်မြင်မိပါသည်။ ဒါကြောင့် တက္ကသိုလ်
ရောက်ရင် စာတွေပိုများပြီး စာကျက်ရတာများ တယ်လို့ ပြောရင် ကြက်တူရွေး နှုတ်တိုက်ကျက်
ပြီး စာကိုနားမလည်၊ စာဖတ်နည်းခြင်းကြောင့် ဖြစ်ပါသည်။ တချို့တွေက အဝေးသင်ပညာရေးကို
ဘွဲ့တစ်ခုရရုံဆိုပြီး တက်ကြတဲ့ လူတွေရှိသလို တချို့က အိမ်ရှေ့ဧည့်ခန်းနံရံတွင် ဘွဲ့ရ
ဓာတ်ပုံချိတ်ဆွဲလိုသော စိတ်ရှိတဲ့လူတွေ စသည် ဖြင့် အဝေးသင်တက်ရင်း ရည်ရွယ်ချက်မျိုးစုံဖြင့်
တက်ရောက်နေကြသည်။ သြဂုတ် ၂၄ ရက်က နေပြည်တော် MICC II ၌ ကျင်းပသည့် ပ ညာရေးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး
နှီး နှောဖလှယ်ပွဲ (အဆင့်မြင့် ပညာရေးကဏ္ဍ) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်
အောင်ဆန်းစုကြည် ပြောခဲ့သော အဖွင့်အမှာစ ကားတွင် ''မြန်မာနိုင်ငံ၏ အဝေးသင်ပညာရေး စနစ်သည်
အလွယ်တကူ ဘွဲ့ရရေးစနစ်ဖြစ်ပြီး ထိထိရောက်ရောက် ပညာပေးနိုင်သည့် အဝေး သင်ပညာရေးစနစ်အဖြစ်
စတင်ပြုပြင်မည်ဖြစ် ကြောင်း'' ပြောကြားခဲ့ပါသည်။ ဒါဟာ ကျွန် တော့်အဝေးသင် တက္ကသိုလ်အတွက်
မင်္ဂလာ ရှိသော မင်္ဂလာစကား ဖြစ်ပါသည်။ သို့မှသာ လျှင် အရေအတွက်ထက် အရည်အချင်းရှိတဲ့ လူတွေပို၍
များပြားလာမည် ဖြစ်ပါသည်။
၁ဝ တန်းအောင်တဲ့ ကလေးအများစုဟာ Day ထက် အဝေးသင်ကိုပို၍ လျှောက်ကြသည်။
ကျွန်တော် မေးကြည့်သောအခါ အဝေးသင် တက်ရင်း၊ အလုပ်လုပ်ချင်ကြောင်း သင်တန်း တွေ ပို၍
တက်ချင်ကြောင်း။ အစိုးရဝန်ထမ်းလုပ် ချင်ကြောင်း စသည်ဖြင့် အမျိုးမျိုးဖြေကြသည်။ တကယ်တော့
အဝေးသင်တက်ရင်း ပညာရှာ တတ်ဖို့ လိုပါသည်။ တက္ကသိုလ်ဆိုတာ အသိပ ညာ၊ အတတ်ပညာ ဆုံးစည်းရာ
နေရာဖြစ်ပါ သည်။ အဝေးသင် ပညာရေးစနစ်ကို မြှင့်တင့်ဖို့ အဝေးသင် ကျောင်းသား/သူတိုင်းမှာ
တာဝန် ကိုယ်စီရှိသလို အလွယ်တကူရသော အဝေးသင် ပညာဘွဲ့ရစနစ်ကို စွန့်လွှတ်နိုင်ဖို့ ပညာရေးဝန်
ကြီးဌာနတွင်လည်း တာဝန်ကိုယ်စီရှိပါသည်။
.
ဆရာမောင်လှမျိုး (ချင်းချောင်းခြံ)ရဲ့ ကဗျာ ကိုဖတ်ပြီး တွေးဆစဉ်းစားတတ်စေဖို့
လိုပါ သည်။ ထိုကဗျာကား
တက္ကသိုလ်
စီးပွားရှာဖို့
ဘွဲ့လက်မှတ်တစ်ခုအတွက်
တက္ကသိုလ် မတက်ပါနဲ့။
အပျော်ရှာဖို့
တက္ကသိုလ်မတက်ပါနဲ့။
ဉာဏ်ပညာဖွံ့ဖြိုးမှု
(အတွေ့အကြုံ)ရှိဖို့အ တွက်သာ
တက္ကသိုလ်တက်ပါ။
ဘွဲ့လက်မှတ်ကို
အလုပ်အကိုင် ရှာဖွေရေး
လက်မှတ်တစ်စောင်အဖြစ်
လုံးဝ (လုံးဝ)
မသတ်မှတ်ပါနဲ့
တက္ကသိုလ်ဆိုတာ
အလုပ်အကိုင် ရှာဖွေရေးဌာန
မဟုတ်ပါ။
.
''ဘာကြောင့် Day မတက်ကြဘဲ အဝေးသင် တက်ကြတာလဲ''ဟူသော မေးခွန်းကို
ဖတ်ခဲ့ဖူးသည်။ အဖြေကိုလည်း မှတ်သားခဲ့ဖူး သည်။ ထိုအဖြေကား -
၁။ တချို့က နိုင်ငံတကာနှင့် ချိတ်ဆက်ထား သော ကျောင်းများမှာ တက်နေသည်။
၂။ တချို့က အစိုးရဝန်ထမ်းလုပ်ကာ ကျောင်း ပြီးဘွဲ့ရချိန်၌ ရာထူးလည်း
ရလာသည်။
၃။ တချို့က ဒီနိုင်ငံက ဘွဲ့တစ်ခုခုရအောင် အ ဝေးသင်တက်ခြင်း ဖြစ်ပါသည်။
၎။ တချို့က ဘဝဝမ်းစာအတွက် လုံးပမ်းရင်း ဘွဲ့ရအောင် ကြိုးစားရသည်။
၅။ တချို့က ဘွဲ့တစ်ခုရလျှင်ပြီးရော စိတ်နှင့် တက်ကြသည်။ စသည်ဖြင့်
နည်းလမ်းအမျိုးမျိုး ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဘွဲ့တစ်ခုရဖို့အ တွက် အချိန်နဲ့
ငွေကုန်ဆုံးကာ ပေးဆပ်ခဲ့ရသည်။
.
နှစ်စဉ် မြန်မာနိုင်ငံမှ ဘွဲ့ရပညာတတ် လူ ငယ်များစွာကို မွေးထုတ်ပေးလျက်ရှိရာ
နိုင်ငံတော်အတွက် အလွန်တန်ဖိုးထားရတဲ့ လူသား အရင်းအမြစ်များ ဖြစ်ပါသည်။ လူတစ်ယောက်
တက္ကသိုလ် ဘွဲ့တစ်ခုရဖို့ နှစ်ပေါင်းများစွာ ပညာ သင်ယူရသလို တစ်ဖက်မှာလည်းမိဘများက ထောက်ပံ့မှုများစွာ
ပေးခဲ့ရသည်။ အဝေးသင် တက္ကသိုလ်ကို တက်မည်ဟု ရွေးချယ်ပါက ကျောင်းသား/သူများအနေဖြင့် Self-Study
ကို အခြေခံသော စိတ်ဆန္ဒရှိဖို့ လိုပါသည်။ အ စိုးရအားကိုးဖြင့် တစ်ပွဲတိုးအောင်ရန် မသမာ
သောနည်းဖြင့် ကြိုးပမ်းလာကြသည်။ ကျောင်း အပ်သည့်အခါ Text and Study Guide စသည့် ဖြေဆိုနည်း
လမ်းညွှန်ပို့ချချက်၊ အနီး ကပ် ပို့ချချက်၊ စာစဉ်မေးခွန်း တို့ကို တစ်ပါ တည်း ထုတ်ပေးသည်။
ထိုသို့ထုတ်ပေးသော သင်ထောက်ကူ ပစ္စည်းများကို အခြေခံ၍ Self-Study လုပ်ကာ Assignment မေးခွန်များ ဖတ်ကာ ကိုယ်တိုင်ကိုယ်ကျ လေ့လာဖြေဆိုကြ
ရသည်။ သို့သော် Self-Study ကိုပယ်ကာ ကြို တင်ဖြေထားပေးသော အဖြေစာအုပ်များဝယ် ယူကာ Assignment
များ ဖြေဆိုကြရသည်။ အဝေးသင် စာမေးပွဲ မဖြေမီ အနီးကပ် ၁ဝ ရက် တက်ခွင့်ရသည်။ အဝေးသင်ပညာရေးစ
နစ်သည် Self-Study ပေါ် အခြေခံသောကြောင့် ယင်းအနီးကပ် ၁ဝ ရက်တွင် မသိနားမလည် မကျေမလည်
ဖြစ်နေတာကို ဆရာ/မများနှင့် တိုက်ရိုက်ဆွေးနွေးခွင့်ပေးသော အချိန်ဖြစ်ပါ သည်။ အဝေးသင်
ပညာရေးသည် ကိုယ်တိုင် ကိုယ်ကျ လေ့လာပြီး Assignment များ ရေး တင်ပြီး အမှန်တကယ် ၂ လ
ကျော်သာတက် ခွင့်ရသည်။ ထိုသို့ တက်ခွင့်ရသော်လည်း ကျူ ရှင်များနဲ့ နပန်းလုံးနေကြရပါသည်။
.
အဝေးသင်တက်ရင်းနဲ့ မိမိသင်ကြားလို သော ကွန်ပျူတာ၊ ပန်းချီပညာ၊ အလှပြုပြင်ဖန်
တီးမှု ပညာစသည်ဖြင့် ပညာရှာနိုင်သလို အ သက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းများကိုလည်း
လုပ်ခွင့်ရမည် ဖြစ်ပါသည်။ သို့မှသာလျှင် အ ဝေးသင် ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်တဲ့အခါ
အ ထောက်အကူ ဖြစ်ပါသည်။ ကျွန်တော်အဝေးသင် ပထနှစ်တွင် အခြေခံကွန်ပျူတာ သင်တန်းတက် ရောက်ပြီး
ယခုအခါ လုပ်ငန်းခွင်တွင်ပို၍ အ ထောက်အကူ ပြုလာပါသည်။ တစ်ဖန် အဝေး သင် ဒုတိယနှစ်တွင်
Basic English သင်တန်း တက်ရောက်ခဲ့သောကြောင့် ယခုအခါလုပ်ငန်း ခွင်တွင် ပို၍ အထောက်အကူပြုလာကြပါသည်။
အဝေးသင် တက္ကသိုလ် ကျောင်းသား/သူများ အနေဖြင့် အဝေးသင်တက်ရင်း အသိပညာအ တတ်ပညာများများရှာဖို့
အကြံပြုပါသည်။ မိမိ သည် အဝေးသင်တက်ရင်း ပညာမရှာခဲ့ပါက မိမိလုပ်ငန်းခွင် ဝင်တဲ့အခါပို၍
အခက်တွေ့မည် ဖြစ်ပါသည်။ ယနေ့ခေတ်လို နည်းပညာခေတ် ကြီးတွင် ကွန်ပျူတာ မတတ်ထားပါက ခေတ်
နောက်ကျသလို သူများထက် နောက်ကျပါမည်။ အဝေးသင်တက်ရင်း ကွန်ပျူတာ သင်တန်းများ တက်ထားရန်
လိုအပ်ကြောင်း အကြံပြုအပ်ပါ သည်။
.
တစ်ဖန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်
''အလွယ်တကူ ဘွဲ့ရရေး စနစ် ဖြစ်နေ သည့် အဝေးသင်ပညာရေး စနစ်ကို စတင် ပြုပြင်တော့မည်''ဟု
ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ''နှစ်ပေါင်းများစွာ ကျွန်မနိုင်ငံရဲ့ အဝေးသင် ပညာရေးစနစ်ဆိုတာ
အလွယ် တကူ ဘွဲ့ရရေးစနစ်လို ဖြစ်ခဲ့ပါတယ်။ တော် တော်များများကနေပြီးတော့ အဝေးသင် ပ ညာရေး
စနစ်ကနေ ဘွဲ့ယူတာကို ကျွန်မအပြစ် ဆိုတာဟာ ကျွန်မတို့နိုင်ငံသူ/သားတွေ ပညာ ကို တန်ဖိုးထားမှုကို
ပြတာပါပဲ။ ဒါပေမဲ့ အဝေး သင် ပညာရေးစနစ်ဟာ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့ စနစ်မဖြစ်ခဲ့ပါဘူး''ဟု
နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုခဲ့ပါသည်။ ထို့ကြောင့် အဝေးသင် ပညာရေးစနစ်ကို
ထိထိ ရောက်ရောက် ပညာပေး နိုင်သည့် စနစ်အဖြစ် ကြိုးစားဆောင်ရွက်နေပြီဟု ၄င်းကအသိပေး
ပြောကြားခဲ့ပါသည်။ အဝေးသင်စနစ်ကို ပြောင်းမည်ဆိုပါက ပညာရေးဝန်ကြီး၊ ဆရာ၊ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများ တာဝန်ကိုယ်စီဖြင့် အထူးတာဝန် ကိုယ်စီဖြင့် ရှိပါသည်။ သို့မှသာလျှင်
နိုင်ငံတကာ လို Online ပညာရေးမျိုး အဝေးသင် တက္ကသိုလ်တွင် အကောင်အထည် ဖော်နိုင်မည် ဖြစ်
ပါသည်။ ''အိမ်တစ်အိမ်၏ ဧည့်ခန်းနံရံတွင် ချိတ်ဖို့ ဘွဲ့ဓာတ်ပုံတစ်ပုံအတွက် ပညာရှာသော
ခေတ်၊ ငွေကြေးနှင့် အချိန်ပေးနိုင်သော ခေတ် ပြောင်းလဲချိန်တန်ပြီနှင့်အတူ ပြောင်းလဲသင့်
ကုန်ဆုံးသင့်ပြီဟု ထင်မြင်မိပါသည်။
.
''မမှားသော ရှေ့နေ၊ မသေသော ဆေး သမား''ဆိုသည့်အတိုင်း လောကကြီးမှာ
အမှားကင်းသူဟူ၍ မရှိသေးပါ။ အရေး ကြီးသည်က မိမိအမှားကို အမြန်သိရှိပြီး အမှန်ရောက်သည်
အထိ ပြင်ကြည့်ကြရန် လိုအပ်ပါသည်။ မှားမှန်း သိလျက် ပြင်ရန် ခက်နေပါကလည်း ဘဝအတွက် ရတက်
မအေးစရာ ဖြစ်လာတာ အမှန်ပါ။ အဝေးသင် ပညာရေး စနစ်သည် Self-Study ပေါ် အ ခြေခံသောကြောင့်
အားလပ်ချိန်များတွင် အသိပညာ၊ အတတ်ပညာများ ရှာထားကြရန် လိုအပ်ပါသည်။ ၂ လ ကျော်ကျော်
တက်ရ သော အဝေးသင်တက်ချိန်တွင်လည်း အဝေး သင်တက္ကသိုလ်အနီး ပတ်ဝန်းကျင်တွင် အသိပညာ၊ အတတ်ပညာများ
ရှာထားရန် လိုအပ်ပါသည်။ ပညာရေး ဆင်းရဲနေချိန်မှာ အဝေးသင် ပညာရေးစနစ်သည် ပညာရနံ့ကင်းနေသည်ဟု
ထင်မြင်မိပါသည်။ အဝေးသင် တက်ရင်း အသိပညာ၊ အတတ်ပညာများ ရှာဖွေစုဆောင်းပြီး မိမိလုပ်ငန်းခွင်တွင်း
ပိုမိုကျွမ်းကျင်နိုင်မည်ဖြစ်ပါ သည်။ ပြောင်းလဲနေသည့် သမိုင်းအကြောင်း တွင် မိမိ၏သမိုင်း
ရှင်းသန့်နေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှနှင့် ပြောင်းလဲကြရသည်။ အဝေး သင်တက်ရင်း
အဝေးကို မြင်နိုင်ပြီး အဝေးသင်ဘွဲ့နှင့်အတူ အမြင့်ဆုံးကို ပျံသန်း နိုင်ကြပါစေ။
.
.
.
#KBZTai #Shan