အောင်ဆန်းဝင်း
.
.
ဒီရက်ပိုင်းဈေးရောင်းလို့ မကောင်းဘူး၊ အရောင်းအဝယ်ပါးချက်ဆိုတာ
ပြောမနေနဲ့။ တ ချို့ရက်ဆို နေ့တစ်ဝက်ရောက်တာတောင် ဈေး ဦးပေါက်မျှော်နေရတယ်။ ဒါတောင်မီးဖိုချောင်
အတွက် တကယ်လိုအပ်တဲ့ အခြေခံစားသောက် ကုန်ပစ္စည်းလေးတွေ ရောင်းနေတာ။ ရောင်း ရေးဝယ်တာအေးလွန်းလို့
ကိုယ်တစ်ယောက် တည်းလားမှတ်တယ်။ ဘေးဆိုင်တွေကြည့် တော့လည်း အကုန်လုံးထူးမခြားနား။ ဖုန်းတစ်
လုံးနဲ့ ငုတ်တုတ်မေ့တွေ။ ညနေဈေးသိမ်းလို့ ပုံး ထဲက ပိုက်ဆံကြည့်လိုက် အားရစရာတစ်ကွက်မှ
မရှိ။ တစ်ဆင့်ခံယူရောင်းတာဆိုတော့ အမြတ် ကလည်း ပြောလောက်အောင် မကျန်ဘူး။ ဒီ ကြားထဲယူရောင်းတဲ့ပစ္စည်းဈေးနှုန်းတွေတက်
တော့ ကိုယ့်အတွက် ခပ်ပါးပါး ကျန်အောင် တောင် မနည်းလုပ်နေရတယ်။ ရတာလေးနဲ့ လောက်ငအောင်
ကျစ်ကုတ်နေရတာရေရှည်ဆို မလွယ်ဘူးထင်ပါတယ်။
အသေးစားကုန်စုံဆိုင်ဖွင့်ထားတဲ့ ဘော်ဒါ တစ်ယောက်တည်း ညည်းချင်းမျိုးစုံနဲ့
ဆိုင်ပေါ် ရောက်လာတယ်။ ခိုလက်လန်အောင်ညည်းတဲ့ အညည်းဆိုတာ လေးပေါက်သံ၊ ခြောက်ပေါက် သံ
တစ်ဦးတည်းမူပိုင်ကန်ထရိုက်ဆွဲထားတဲ့အ တိုင်း။ တစ်ဈေးလုံးစာ တစ်ယောက်တည်းဒိုင် ခံညည်းတယ်ပြောရမလား။
လမ်းမဘေးထိုးရပ် ထားတဲ့ဆိုင်ကယ်ပေါ်မှာ ပစ္စည်းပစ္စယတွေက အပြည့်။ သူ့ဆိုင်မှာ တင်ရောင်းမည့်
ပစ္စည်းအ မယ်တွေ မြို့မဈေးကြီးနဲ့ လက်ကားဖြန့်ကုန်စုံ ဆိုင်တွေက ဝယ်ပြီးပြန်လာပုံရပါတယ်။
ပါးစပ် စက်သေနတ်ပစ်သလို ချတဲ့ညည်းချင်းက ဒီ လောက်နဲ့အတောမသတ်ဘူး။ ဒါတောင်လင် ကိုယ်မယားနှစ်ယောက်တည်းရှိလို့။
သားသမီး များရှိရင် ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး။ အရောင်းအဝယ်ပါးတော့ ကျပ်လိုက်တဲ့စီးပွား
ရေးဆိုတာ ဝါးလုံးခေါင်းထဲ ဆင်မောင်းသွင်းသ လိုဖြစ်နေတာဟ။
.
စုံပါတယ်။ စကားလုံးမကျန်အောင် ချတဲ့ ညည်းချင်းတွေက တော်တော့်ကိုစုံပါတယ်။
နောက်တော့ သူမဟုတ်သလို တယ်လီဖုန်းအ ပြားပွတ်နေလေရော။ ကြားရတဲ့လူက နားဝမှာ မသက်သာလှပေါ့။
သေချာတွေးကြည့်တော့ လက်ရှိအချိန်ခါ အရောင်းအဝယ်ပါး၊ စီးပွားရေး ကျပ်တည်းနေတာ သူတစ်ယောက်တည်းကွက်
ပြီး ကျပ်၊ ကွက်ပြီးကျနေတာတော့ မဟုတ်ဘူး။ ကြီးကြီးမားမား၊ သေးသေးမွှားမွှားလုပ်ငန်းမှန်
သမျှ အားလုံးနီးပါး ဘေးကျပ်နံကျပ်ဖြစ်နေကြ တာပါ။ အရင်တုန်းက လုပ်ငန်းလုပ်တဲ့လူအ ချင်းချင်းဆုံရင်
ပုံမှန်လေးဖြစ်နေပါတယ်။ မဆိုး ပါဘူး။ မိသားစုစားသောက်လို့ အဆင်ပြေရုံ တော့ရပါတယ်လို့
ပြောကြဆိုကြတယ်။ အခု ကျတော့ ကျတာရယ်၊ ကျပ်တာရယ်၊ ပါးတာ ရယ်နဲ့ ချလိုက်တဲ့ညည်းချင်းသံက
တစ်ဦးနဲ့တစ် ယောက် မျက်နှာချင်းဆိုင်တာနဲ့ လူစင်စစ်က ခိုတွေကိုဖြစ်လို့။
.
အခြေခံလူတန်းစားများ၊ လူစည်ကားတဲ့ ဈေးထဲမှာ မီးဖိုချောင်သုံးပစ္စည်းရောင်းတဲ့
ကုန် စုံဆိုင်ပိုင်ရှင်တောင် ဒီလောက်ညည်းမှတော့ ကျန်တဲ့အသေးစားလုပ်ငန်းတွေဆို ဘာပြော
ကောင်းမလဲ။ မြန်မာဗွီဒီယိုဇာတ်ကားငှားရမ်း ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတစ်ယောက်အခြေ
အနေဆို တော်တော်ကြီးဆိုးတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ တယ်လီဖုန်းဆင်းကတ် လမ်းဘေးမရောက်ခင်
သူ့ဆိုင်ငှားအားက တစ် ရက်တစ်ရက် အချပ်ရေ နှစ်ရာကျော်သုံးရာနီး ပါးရှိပါတယ်။ ဆယ့်နှစ်ရာသီနဖူးကချွေးခြေမ
ကျအောင် အလုပ်ကောင်းတယ် ပြောရမှာပေါ့။ နောက်ပိုင်း လမ်းဘေးက ကျောက်ခဲတစ်လုံး လောက်တောင်
တန်ဖိုးမရှိတဲ့ ဆင်းကတ်က နှိပ်စက်၊ အဆင့်အတန်းတစ်စက်မှမရှိတဲ့ မြန် မာရုပ်ရှင်ဗွီဒီယိုဇာတ်ကားကို
တန်းဝင်တဲ့လူတွေ က မကြည့်ချင်တာပေါင်းလိုက်တော့ သူ့လုပ် ငန်းကျသွားတာ ဇောက်ထိုးနဲ့ဇီးရိုး။
.
အခု ဘယ်လောက်ထိအခြေအနေဆိုး လည်းဆို သူ့ဆိုင်ငှားအား တစ်ရက်နှစ်ဆယ်
တောင်မပြည့်ချင်ဘူးလို့ ပြောပါတယ်။ နှစ်ရာ ကျော်သုံးရာနီးပါး ငှားရမ်းလည်ပတ်ခဲ့တယ်ဆို
တာ ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို ဖြစ်သွားတယ် ပြောရမှာပေါ့။ ဒါလည်း သူတစ်ယောက်တည်း တော့မဟုတ်ပြန်ဘူး။
တယ်လီဖုန်းလမ်းဘေး မ ရောက်ခင်က တောင်ကြီးမြို့ပေါ်မှာ မြန်မာဗွီဒီ ယိုဇာတ်ကားငှားရမ်းဆိုင်
တစ်ရာကျော်လောက် ရှိခဲ့ပါတယ်။ ဆိုင်တိုင်းလိုလို ထိုက်သင့်သ လောက်အလုပ်ဖြစ်ကြတယ်။ တဖြည်းဖြည်း
ထန်းလျက်ခဲခွေးယက်သလို လုံးပါးပါးလာလိုက် တာ အခု ဆယ့်ငါးဆိုင်တောင် မပြည့်ချင်တော့
ဘူး။ လက်ကျန်ဆယ့်ငါးဆိုင်မှာ ငါးဆိုင်လောက် က လိုင်စင်ပြန်အပ်ဖို့ စဉ်းစားနေကြတယ်။
ငါး ဆိုင်က တခြားလုပ်ငန်းနဲ့တွဲလုပ်။ နောက်ဆုံးငါး ဆိုင်က ဘာလုပ်လို့လုပ်ရမှန်းမသိလို့
ဝိုးတိုးဝါး တားလမ်းပျောက်နေတဲ့ဆိုင်တွေပါ။
.
ဒါတင်လားမှတ်တယ်။ ထုံးစံအတိုင်း အ ဖော်အပေါင်းနဲ့ပေါ့။ အလှမွေးငါးရောင်းတဲ့မိတ်
ဆွေတစ်ယောက် တစ်ရက်ငါးကောင်တောင် မ ရောင်းရလို့ညည်းတယ်။ ဈေးမြင့်တဲ့ အကောင် ကြီးသုံးကောင်လောက်
နေ့မစေ့ လမစေ့ အ သေစောလို့ညည်းတယ်။ ဖိနပ်ရောင်းတဲ့ဆိုင်က ဒီနေ့တစ်ရံရောင်းရတယ်။ မနေ့က
နှစ်ရံပဲ ရောင်းလိုက်ရတယ်။ ဈေးဦးမပေါက်တဲ့ရက် လည်းရှိတယ်။ ကွမ်းယာဆိုင်က ပိဿာချိန်
လျော့လို့အော်တယ်။ ဆိုလာတွေပြောင်းသုံးလို့ ဘထ္ထရီအားသွင်းဆိုင်စိတ်ညစ်တယ်။ ဆိုင်ကယ်
တက္ကစီသမားက အခေါက်ရေကျဲလို့ အိမ်ပြန် စောတယ်။ ဆံရှည်တွေများလာလို့ ဆံပင်ညှပ် ဆိုင်က
စက်ကပ်ကြေးတုံးချင်ချင်ဖြစ်။ နေရာစုံ ထောင့်စုံပါးလိုက်၊ ကျပ်လိုက်၊ ကျလိုက်၊ ခဏ ခဏချောင်လာတာက
ဗိုက်၊ ဒါတွေရဲ့အကျိုး ဆက်ကြောင့် ဖြစ်လာနိုင်တာက အိမ်တွေရဲ့ မီးဖိုချောင်ကို ဒုက္ခရောက်စေခြင်းပါ။
.
ဘယ်နေရာဖြစ်ဖြစ် ဘက်နှစ်ဖက်တော့ရှိ တတ်တယ်။ ရောင်းသူဘက်ကညည်းလွန်းလို့
ဝယ်သူတွေဘက်ကြည့်မိတယ်။ ဝယ်ချင်ခြမ်းချင် လိုက်တာမှ ဆတ်ဆလူးကိုထနေကြတာပါ။ ဒါပေမဲ့ စိတ်ထင်တိုင်းမဝယ်နိုင်ကြဘူး။
စိတ် ထင်တိုင်းဝယ်ခွင့်မရှိဘူး။ အဖြေက ရှင်းရှင်း လေးရယ်။ လက်ထဲမှာလုံလောက်တဲ့ ပိုက်ဆံမ
ရှိလို့။ နောက်ကြောင်း ပြန်ကောက်ရင် ဇာတ် ကြောင်းတစ်ပတ်လည်တာကို တွေ့ရပါလိမ့် မယ်။
အရောင်းပါးတယ်ဆိုတာ အဝယ်ပါး လို့။ အဝယ်ပါးတယ်ဆိုတာ လက်ထဲပိုက်ဆံ မရှိလို့။ ပိုက်ဆံမရှိရတဲ့
အကြောင်းရင်းက ပြည်သူတွေဆင်းရဲ ကျပ်တည်းလို့။ ဆင်းရဲ ကျပ်တည်းပြီဆိုမှတော့ အခြေခံပြည်သူတွေနဲ့
ဆက်စပ်နေတဲ့ အခြေခံအသေး စားလုပ်ငန်း မှန်သမျှ ကျပ်တာ၊ ကျတာ၊ အေးတာ ဂျာအေး သူ့အမေရိုက်သလို
လုံးချာလိုက်နေတာ နိယာ မတစ်ခုလိုပါ။
.
ဆင်းရဲကျပ်တည်းလို့ လုံးချာလိုက်နေတဲ့ အခြေခံပြည်သူတွေ ဘဝကို မီးလောင်ရာဓာတ်
ဆီပက်တာက စားသောက်ကုန်ဈေးနှုန်း၊ အောက်ခြေလူတန်းစား လက်တွေ့ကျကျဝယ်ယူ စားသောက်နေရတဲ့
အကြမ်းစားကုန်ဈေးနှုန်း ကို ဆိုလိုတာပါ။ အခုနည်းနည်းတက်တယ်။ ခဏနေ တက်ချင်သလိုတက်တယ်၊
မနက်ဖြန် စိတ်ထင်တိုင်းတက်မယ်။ လာမယ့်ရက်များစွာ ဂျက်ပါဝါနဲ့တက်မယ်ပေါ့။ ပစ်စလက်ခတ်တက်
ချင်သလိုတက်တဲ့ ကုန်ဈေးနှုန်းကိုကြည့်ကောင်း နေကြတယ်ထင်ပါတယ်။ အကျဘက်ရောက် အောင် တာဝန်ခံမယ့်
သူရဲကောင်းတစ်ဦးတစ် ယောက်မှ ရှေ့ထွက်လာတာ မတွေ့ရဘူး။ ဘယ်လွှတ်တော်အစည်းအဝေးမှာမှလည်း
ဟုတ်တိပတ်တိတင်ပြတယ်လို့ မကြားမိ။ ကုန် ဈေးနှုန်းနဲ့ပတ်သက်ရင် အစိုးရကလည်း ရှိလို့
ရှိမှန်းတောင်မသိရ။ ရေခဲသေတ္တာထဲက ရေခဲ တုံးကို ရေခဲတိုက်ထဲထည့်ထားတဲ့အတိုင်း။ အေးချက်ကကမ်းကိုကုန်ရော။
.
ထားတော့၊ ဆင်းရဲကျပ်တည်းမှုနဲ့ အတက် ကြမ်းတဲ့ ကုန်ဈေးနှုန်းအကြောင်း
ဆက်ရေးရင် အသက်ရှုပါကျပ်လာနိုင်လို့ ခဏလောက်တစ် ခန်းရပ်လိုက်မယ်။ နိုင်ငံရေးဆိုတာ တိုက်ပုံဝတ်
ပြီး လွှတ်တော်ထဲ ဝင်ထိုင်မှ နိုင်ငံရေးလုပ်တယ် လို့ ပြောလို့မရနိုင်ပါဘူး။ ထမင်းတစ်လုတ်အ
တွက် နေ့မီးညဆိုင်းရုန်းကန်နေရတဲ့ ပြည်သူ တွေလက်ထဲမှာ နိုင်ငံရေးဆိုတာရှိပါတယ်။ နေ့
ဖို့ညစာကြော်လှော်ချက်ပြုတ်နေတဲ့ အိမ်ထောင် ရှင်မတွေရဲ့ မီးဖိုချောင်ထဲမှာလည်း နိုင်ငံရေးရှိ
ပါတယ်။ ကုန်စုံရောင်းတဲ့ ဆိုင်ပိုင်ရှင်လက်ထဲ မှာလည်း နိုင်ငံရေးရှိတယ်။ ပန်းရံဆရာလက်၊
ကွမ်းယာသည်လက်၊ အားလုံးရဲ့လက်ထဲမှာ နိုင်ငံရေးရှိနေပါတယ်။ ဒီလက်ပိုင်ရှင်တွေအား လုံးက
လွှတ်တော်ပြင်ပနိုင်ငံရေးသမားအစစ် တွေပါ။ တိုင်းပြည်အတွက် အရေးအပါဆုံးအ ရာတစ်ခုဖြစ်တဲ့
မီးဖိုချောင်ဆိုတဲ့ နိုင်ငံရေးကဏ္ဍ ကို ထိန်းကြောင်းနေကြပါတယ်။
.
နိုင်ငံတစ်ခုရဲ့ အနိမ့်အမြင့်၊ အတက်အကျ ကို အဓိကပြောင်းလဲစေနိုင်တာ
မီးဖိုချောင်က လို့ မှတ်သားဖူးပါတယ်။ မီးဖိုချောင်ကျပ်တည်း ရင် တိုင်းပြည်အကျပ်အတည်းဆိုက်စေတတ်
ပါတယ်။ လက်ရှိအခြေခံ ပြည်သူတွေရဲ့ မီးဖို ချောင်အနေအထားကတော့ တာဝန်ရှိသူများ အားလုံးတီးခေါက်မိဖြစ်ကြပါလိမ့်မယ်။
အလုပ် အကိုင်အခွင့်အလမ်းရှားပါး၊ လုပ်ခလစာနည်း ပါး၊ ရသမျှက ဆင်ပါးစပ်နှမ်းပက်သလိုဖြစ်၊
မလောက်မငနဲ့ ကြောင့်ကျနေရချိန် အခြေခံ (အကြမ်းစား)စားသောက်ကုန်ဈေးနှုန်းက တစ် ပူပေါ်နှစ်ပူဆင့်။
နိုင်ငံရေးဆိုတာ မီးဖိုချောင်က အစပြုတာဖြစ်လို့ အခြေခံပြည်သူတွေရဲ့ မီးဖို ချောင်များ
ချောင်လည်လာအောင် အစိုးရတစ် ရပ်အနေနဲ့ သင့်တော်ကောင်းမွန်တဲ့ ထိန်း ကျောင်းမှုတချို့
လက်တွေ့ကျကျလုပ်ကိုင် နေဆာင်ရွက်ဖို့လိုအပ်ကြောင်း မီးမောင်းထိုး လိုက်ရပါတယ်။ ။
.
.
.
#KBZTai #Shan