ကလောမြို့တွင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနှင့် ဖြူစင်မေတ္တာ ပရဟိတလူငယ်အဖွဲ့ တို့မှ ကျန်းမာရေး အသိပညာပေးခြင်းနှင့် အခမဲ့စစ်ဆေးပေးခြင်းတို့ကို ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့တွင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနှင့် ဖြူစင်မေတ္တာ ပရဟိတလူငယ်အဖွဲ့ တို့မှ ကျန်းမာရေး အသိပညာပေးခြင်းနှင့် အခမဲ့စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် အောက်တိုဘာလ ၁၃ ရက်က ရန်ကုန်မြို့အခြေစိုက်၊ ရွှေရောင်နှင်းဆီ ကင်ဆာ ဖောင်ဒေးရှင်း MEDI Myanmar Group Ltd နှင့် ကလောမြို့အခြေစိုက် ဖြူစင်မေတ္တာပရဟိတလူငယ်အဖွဲ့တို့ ပူးပေါင်းကာ ဒေသခံပြည်သူ ၇၅၀ အား ကင်ဆာနှင့် ဆီးချိုရောဂါ အပါအဝင် အခြားရောဂါများကို ကျန်းမာရေးအသိပညာပေးခြင်း၊ အခမဲ့စစ်ဆေး ပေးခြင်းတို့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
.
“ကျွန်တော်တို့ အခုလိုလာရောက်တာ ရှမ်းပြည်ကိုတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မနေ့က မိတ္ထီလာမှာ ခုလိုပဲ အသိပညာပေးဟောပြောတာတွေ၊ အခမဲ့စမ်းသပ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး ဒီကို ဆက်လာတာပါ၊ မနက်ဖြန်  အင်းလေးကိုသွားရောက်လုပ်ဆောင်ပါမယ်။ အခုဒီမှာ စမ်းသပ်သူ အားလုံး ၇၅၀ ကျော်စမ်းသပ်နိုင်ခဲ့ပါတယ်”ဟု ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အထူးကုဆရာဝန်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောသည်။
.
ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအနေဖြင့် ရန်ကုန်မြို့တွင်အခြေစိုက်ကာ တည်ထောင်ထားသည့် လူမှုကူညီရေး ဆေးပညာရှင်များစုပေါင်းထားသည့်အဖွဲ့ဖြစ်ပြီး သက်တမ်း ၇ နှစ်ရှိပြီဖြစ်ကာ လူထုအကျိုးပြုကျန်းမာရေးဆိုင်ရာအသိပညာ ပေးမှုနှင့် အခမဲ့ စမ်းသပ်ကုသပေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ၎င်းထံမှ သိရသည်။
.
“ကလော၊ အောင်ပန်း၊ အနီးအနားက ဒေသခံတွေ အခုလိုလာနိုင်ဖို့ ကားအခမဲ့စီစဉ်ပေးပါတယ်။ ဒီအစီအစဉ်အတွက် အသင်းက ကျပ်သိန်း ၂၀ ကို လမ်းစရိတ်၊ စားစရိတ်အနေနဲ့ ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်”ဟု ကလောအခြေစိုက် ဇြူစင်မေတ္တာ ပရဟိတလူငယ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးလှဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ၊ ရင်ခေါင်းကင်ဆာနှင့်ခံတွင်းကင်ဆာ၊ ဆီးချိုရောဂါနှင့် အသည်းရောင်အသားဝါ ဘီပိုး ရှိ/မရှိတို့ကို အခမဲ့စမ်းသပ်ပေးခြင်းနှင့် X-Rayဓာတ်မှန်ရိုက်ပေးခြင်း၊အသိပညာပေးဟောပြောခြင်းများကို လုပ်ဆောင် ပေးခဲ့ရာဒေသခံပြည်သူ ၇၅၀ ကို အောက်တိုဘာလ ၁၃ ရက် နံက် ၈နာရီမှ မွန်းလွဲ ၂ နာရီအထိ ပြုလုပ်ပေး နိုင်ခဲ့သည်ဟု ဦးလှဝင်းကဆိုသည်။
.
ကျန်းမာရေးဆေးပညာရှင် စုစုပေါင်း ၂၁ ဦးတို့မှ ပူးပေါင်းကာပြည်သူ့အကျိုးပြုလုပ်ဆောင်ပေးခြင်းကို ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးသီတာနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ ဌာနဆိုင်ရာများနှင့် NLD မြို့နယ်အမှုဆောင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အောင်ပန်းမြို့မှ အဖြူရောင်တွဲလက်များလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များက လာရောက်ကူညီ အားပေးခဲ့ကြကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats