တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ ယမ်းမီးရှူး၊ မီးပန်းပစ်လွှတ်မှု ယခင်နှစ်ထက် အချိန်လျော့နည်း သည့်အတွက် ပွဲတော်၏ပုံရိပ်ကို ထိခိုက်စေနိုင် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ ယမ်းမီးရှူး၊ မီးပန်းပစ်လွှတ်မှု ယခင်နှစ်ထက် အချိန်လျော့နည်း သည့်အတွက် ပွဲတော်၏ပုံရိပ်ကို ထိခိုက်စေနိုင် ဟုဆို



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွက်သာမက မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော တောင်ကြီမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား၌ မီးရှူးမီးပန်း ပစ်လွှတ်အလှဆင်မှုအား ယခုနှစ်တွင် ယခင်နှစ်ထက် အချိန် လျော့နည်းမည်ဖြစ်သည့်အတွက် ပွဲတော်၏ပုံရိပ်ကို ထိခိုက်စေနိုင်မည်ဖြစ်သည်ဟု ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာသန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
.
ယခင်နှစ်များက တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် မီးရှူး၊ မီးပန်းပစ်လွှတ်မှု အချိန် ၂၀ မိနစ်ကျော်ခန့် ပစ်လွှတ်ခဲ့သော်လည်း ယခုနှစ်တွင် ၁၀ မိနစ်လျှော့ကာ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“မနှစ်ကတော့ သတ်မှတ်ချိန်က မိနစ် ၂၀ ပါ၊ ဒီနှစ်မှာတော့ ဖွင့်ပွဲ မီးရှူး၊ မီးပန်း ပစ်လွှတ်ချိန် ၁၀ မိနစ်ပဲ လွှတ်မယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားပါတယ်။ အချိန်လျှော့တာကတော့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ် ချက်ပါ။ ပြည်သူလူထုကတော့ ဝေဖန်နေကြပါတယ်။ အများစုကတော့ ဖွင့်ပွဲကို အချိန်ကြာကြာလေး ကြည့်ချင် တာပေါ့။ အခုလို အချိန်လျှော့ချလိုက်တဲ့အတွက် ပွဲတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်”ဟု ဒေါက်တာသန်းဝင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ မီးရှူး၊ မီးပန်း ပစ်လွှတ်မှု အချိန်လျှော့ချခြင်းနှင့် ပတ်သက်၍ တောင်ကြီးဒေသခံတစ်ဦးဖြစ်သူ မနန်း မှလည်း “အချိန်နည်းသွားတော့ ကြည့်ရတာ နည်းသွားတာပေါ့။ ဒါပေမဲ့ အခုလို ဒေါ်လာတွေ၊ တရုတ်ငွေတွေအကုန်  လုံး ဈေးတက်နေချိန်မှာ ပြည်ပကနေ အဲဒီမီးရှူး၊ မီးပန်းတွေဝယ်ပြီး လွှတ်ရတာဆိုတော့ နိုင်ငံခြားငွေ အပိုကုန်ကျမှု ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ အဲဒီ ၁၀ မိနစ်စာကို ထည့်မတွက်ဘဲ ပြည်နယ်အစိုးရအနေနဲ့ ဒီကနေ သက်သာ လာမယ့် ငွေတွေကို တခြားလိုအပ်တဲ့ နေရာတွေမှာ အကျိုးရှိရှိ အသုံးချနိုင်ရင်တော့ ပိုကောင်းတာပေါ့”ဟု ၎င်း၏ သဘောထားအမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၁၈ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို လာမည့် နိုဝင်ဘာလ ၁၅ ရက်တွင် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုအခါ ပြိုင်ပွဲဝင်မည့် မီးပုံးပျံအဖွဲ့များမှ ကြို တင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats