ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ တိရစ္ဆာန်များနေ့အား
ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျိုင်းတုံမြို့နယ် အ တွင်းရှိ လက်မှတ်ရ သားသတ်လုပ် ငန်းများ၊
လက်လီအရောင်းဆိုင်များ၊ စားသောက်သူ ပြည်သူများမှ ယင်း နေ့တွင် အသားထုတ်လုပ်ရောင်းချ
ခြင်းနှင့် ဝယ်ယူစားသုံးခြင်း မပြုဘဲ တစ်ရက်တာ ယာယီရပ်နားခဲ့သည် ဟု သိရသည်။
.
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ ၂ဝ၁၈-၁၉ ဘဏ္ဍာ ရေးနှစ်အတွက်
သားသတ် ထုတ် လုပ်ရောင်းချခွင့် လိုင်စင်များကို ခွင့် ပြုထုတ်ပေးထားရာ အဆိုပါ လုပ်ငန်း
များမှ နှစ်စဉ်အခါကြီးရက်ကြီးများ၊ ဥပုသ်နေ့များနှင့် ကမ္ဘာ့တိရစ္ဆာန်များ နေ့တွင် သားသတ်
ထုတ်လုပ်ရောင်း ချခြင်း လုပ်ငန်းကို ယာယီရပ်နားထား ပြီး ယင်းနေ့များအတွက် ကျသင့် သည့်
အခွန်အခကိုလည်း စည်ပင် သာယာရေးဌာနမှ ကောက်ခံခြင်း မ ပြုကြောင်း သိရသည်။
''ကမ္ဘာလူသား အားလုံးကနေ သက်ရှိ သတ္တဝါထဲမှာ ပါဝင်တဲ့ တိရစ္ဆာန်တွေရဲ့
ဘေးကင်းအနာမဲ့ရေး အတွက် မေတ္တာထားပြီး ကျွန်တော် တို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့စည်
ပင်သာယာရေး ဌာနအနေနဲ့ အဲဒီနေ့ ကို သားသတ် ထုတ်လုပ်တာတွေ ရပ်နားပြီး ဂုဏ်ပြုကြိုဆိုခဲ့တာ
ဖြစ် ပါတယ်''ဟု ကျိုင်းတုံမြို့နယ် စည် ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးမနားရွှီးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် သားသတ်လုပ်ငန်း
ရပ်ထားသော နေ့ရက်တစ် ရက်အတွက် အခွန်ငွေ ကျပ် ၁ဝ သိန်းခန့် လျော့နည်းရရှိသည်ဟု သိရသည်။
.
ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်း အမှတ်အဖြစ် သားသတ်လုပ်ငန်း ရပ်နားသည့်
နေ့၌ ဈေးများတွင်ငါး ခြောက်နှင့် ဟင်းသီးဟင်းရွက်များ ရောင်းအားတက်လေ့ရှိကြောင်း သိ
ရသည်။
.
''ကုသိုလ်ရပါတယ်။ တစ်ရက် တစ်လေ သားသတ်လွတ် စားဖြစ် သွားပြီ အသားမပါရင်
ထမင်းစားမ ဝင်တဲ့ မိသားစုတွေကလည်း ငါး ခြောက်ကြော်နဲ့ ကြက်ဥလောက်စား လို့ရပါတယ်''ဟု
ကျိုင်းတုံမြို့နေ အိမ် ရှင်မတစ်ဦးဖြစ်သူ ဒေါ်နန်းလေက ¤င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ ကမ္ဘာ့တိရစ္ဆာန်များ နေ့တွင် သားသတ်ထုတ်လုပ်ရောင်း ချခြင်း
လုပ်ငန်း ယာယီရပ်ဆိုင်း၍ ကြိုဆိုဂုဏ်ပြုသည့် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာများ
အတွင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် အသိပညာပေး စည်းရုံးဟောပြောမှု များကို ကျင်းပပြုလုပ်ရာတွင်
အား နည်းသဖြင့် လူထုသိရှိမှု အားနည်း နေဆဲဖြစ်သည်ဟု သိရသည်။
.
.
.
#KBZTai #Shan