ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ နိုင်ငံခြားသား ခရီးသွား မော်တော်ယာဉ်များအတွက် ဖြေလျှော့ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ နိုင်ငံခြားသား ခရီးသွား မော်တော်ယာဉ်များအတွက် ဖြေလျှော့ပေး



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန် ကြားမှု ဦးစီးဌာနမှ မြန်မာနိုင်ငံအ တွင်းရှိ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအတွက် စီးနင်းရန် သတ်မှတ်ထားသည့် မော်တော်ယာဉ်များအား ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ဖြေ လျှော့ပေးမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂ဝ၁၆ ခုနှစ်တွင် သတ်မှတ်ထားသည့် နှုန်း ထားများအရ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လည်ပတ်ရန်အတွက် အငှားယာဉ် လုပ်ငန်းများအား ယင်း ဌာန၏ လက်အောက်တွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ဖြေလျှော့မှုများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
''အရင်က နိုင်ငံခြားသား ခရီး သွားဧည့်သည်တွေ စီးနင်းလည်ပတ်ဖို့ အထက်ဌာနအနေနဲ့ ယာဉ်တွေ ကို စည်းကမ်းချက် မှတ်ပုံတင်နဲ့ ဆောင်ရွက်ပေးခဲ့ရာကနေ အခုတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှာ လူစီးနင်းခွင့် ရထား တဲ့ ယာဉ်အားလုံး အကြုံးဝင်မှာဖြစ် ပြီး ကျွန်တော်တို့ဌာနရဲ့ ကြီးကြပ်မှု ကို ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါ တယ်''ဟု ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဟိုတယ်နှင့် ခရီးသွား လာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစံလင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာန၏ ကြီးကြပ်မှုအောက် တွင် နိုင်ငံခြားသား ခရီးသွားဧည့် သည်များ လိုက်ပါစီးနင်း သွားလာ နိုင်ရန်အတွက် ယာဉ်ပိုင်ရှင်၏ တ ရားဝင် ပိုင်ဆိုင်ခြင်း ခိုင်လုံမှု၊ ယာဉ် မောင်းသူ၏ ဝတ်စားဆင်ယင်မှု သန့် ပြန့်ခြင်း၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်းယာစားသောက်ခြင်း ကင်းရှင်း မှု၊ ယာဉ်၏ ကြံ့ခိုင်မှုနှင့် ဘေးအန္တ ရာယ် ကင်းရှင်းစေရေး စီမံထားရှိမှု စသည့် စည်းကမ်းချက်များကို သတ် မှတ်ထားကြောင်း သိရသည်။
.
''သိပ်ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ကျွန်တော်မောင်းနေတဲ့ ကားဆိုရင် ကညနနဲ့ ပို့/ဆက်မှာ တရားဝင် ခရီးသည် တင်ဆောင်ခွင့် ရထားပြီးဖြစ်ပေမယ့် နိုင်ငံခြားသား ခရီးသည် တင်ဆောင်ခွင့် အတွက် ဟိုတယ်ခရီးဌာနရဲ့ သတ်မှတ်ချက် နဲ့ဆိုရင်တော့ ဘောင်မဝင်ပြန်ဘူး။ အခုလို ဖြေလျှော့ပေးလိုက်တော့ ကျွန်တော်တို့ ယာဉ်မောင်း တွေအ တွက် အခွင့်အလမ်း ပွင့်သွားတာ ပေါ့''ဟု ကျိုင်းတုံမြို့နေ အငှားယာဉ် မောင်း ကိုစိုင်းလုံက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
နိုင်ငံခြား ခရီးသွားဧည့်သည် များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များ သို့ ဝင်ရောက်ရန်အတွက် မန္တလေး၊ ဟဲဟိုးမှ လေကြောင်းခရီးဖြင့် လည်းကောင်း၊ တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတားမှလည်းကောင်း ဝင်ရောက် လေ့ရှိပြီး ဒေသတွင်းရှိ တိုင်းရင်း သားရိုးရာ ဓလေ့ယဉ်ကျေးမှု နေရာ များ၊ လက်မှုကုန်ထုတ် လုပ်ငန်းများ နှင့် ရှေးဟောင်းသမိုင်းဝင် နေရာများ သို့ သွားရောက် လည်ပတ်လေ့ရှိ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats