ကျောက်မဲမြို့၊ ရွှေကျင်ကျောင်းတိုက်တွင် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့၊ ရွှေကျင်ကျောင်းတိုက်တွင် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတွင် အောက်တိုဘာလ ၅ ရက်၊ ညနေပိုင်းက အမည်မသိ လက်နက်ကိုင်များမှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းထိုင်ဆရာတော်တွင် သေနတ်ဒဏ်ရာ ၇ ချက်ရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - အင်တာနက်
.
“သက်တော် (၄၆)နှစ်၊ ဝါတော် (၂၇)နှစ်ရှိတဲ့ ဆရာတော်ကို အမည်မသိ လက်နက်ကိုင်တွေက ပစ်သွားခဲ့တာပါ။ ရပ်ကွက် (၇)က ရွှေကျင်ကျောင်းဝင်းထဲမှာဖြစ်တာပါ။ ဆရာတော်ကတော့ ပျံလွန်တော်မူသွားပါပြီ။ ရဲတပ်ဖွဲ့ကတော့ အခု စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
အဆိုပါ လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သော ကျောင်းထိုင်ဆရာတော်၏ ဘွဲတော်မှာ ဆရာတော်မှာ ဦးကလျာဏဝံသဖြစ်ပြီး ကျောင်းတွင် စာသင်သား ကိုရင်ငယ် ၂၀၀ ခန့်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats