ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
၁၄ နှစ်ဆက်တိုက်နှင့် အထက် ခွင့်ရက်မပျက်သော ဆရာ၊ ဆရာမ များကို
ကမ္ဘာ့ဆရာများနေ့ဖြစ်သော အောက်တိုဘာ ၅ ရက်တွင် ဆုချီးမြှင့် သွားမည်ဖြစ်ပြီး ခွင့်ရက်
မပျက် သော ဆရာ၊ဆရာမများ စာရင်း ရွေး ချယ်ပြုစုပေးပို့ရန် အခြေခံပညာဦး စီးဌာနမှ တိုင်းဒေသကြီးနှင့်
ပြည် နယ် ပညာရေးမှူးရုံးများသို့ အ ကြောင်းကြားထားကြောင်း သိရ သည်။
.
.
''ကျွန်တော်တို့ ပြည်နယ်ရုံး ကိုတော့ အကြောင်းကြား ပေးပို့ထား ပါတယ်။
စက်တင်ဘာလ ၁၂ ရက်မှာ ပေးပို့ ထားတာပါ။ အောက်တိုဘာ လ ၅ ရက်မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဆရာများနေ့
အခမ်းအနား မှာ ၁၄ နှစ်ဆက်တိုက် ခွင့်ရက်မ ပျက်တဲ့ ဆရာ၊ ဆရာမတွေကို ဆု ချီးမြှင့်မှာ
ဖြစ်ပါတယ်''ဟု ရှမ်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ) ဦးသန်းအေး
က ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
၂ဝ၁၈ ခုနှစ်၊ ကမ္ဘာ့ဆရာများ နေ့တွင် ဆုချီးမြှင့်နိုင်ရန်အတွက် ယခင်နှစ်က
ပေးပို့ထားသော စာ ရင်းမှ အများဆုံး ခွင့်ရက်မပျက်သူ ၁၂ ဦးအား စက်တင်ဘာ ၁၇ ရက် အထိ
ခွင့်ယူမှုရှိ/မရှိ အခြေအနေ ကို အတည်ပြုနိုင်ရန် ခိုင်လုံသော အထောက်အထားများ၊ မှတ်တမ်း
များ၊ အမှုထမ်းစာအုပ်များ စသည်တို့ နှင့် တိုက်ဆိုင်စိစစ်ပြီး ချိတ်ပိတ်၍ သက်ဆိုင်ရာ
မြို့နယ်ပညာရေးမှူးရုံး မှ အရာထမ်းတစ်ဦး ကိုယ်တိုင် အ ခြေခံပညာဦးစီးဌာန၊ စီမံကိန်း၊
စာ ရင်းအင်း၊ မှတ်တမ်းဌာနခွဲသို့ ပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။
.
ခွင့်ယူခဲ့ခြင်း ရှိပါကလည်း ခွင့် ယူခဲ့သည့် အထောက်အထားများကို
တင်ပြရမည် ဖြစ်ကြောင်း၊ ပင်စင် ယူပါကလည်း အထောက်အထား များဖြင့် ဖော်ပြရန်ဖြစ်ကြောင်း၊
စက် တင်ဘာ ၁၇ ရက်အထိ ၁၄ နှစ် ဆက်တိုက်ခွင့်ရက် မပျက်သူ ၁၂ ဦးအပြင် အခြားဆရာ၊ ဆရာမထပ်
မံ ပေါ်ပေါက်လာပါကလည်း ဖြည့် စွက်နိုင်ရန် ထပ်မံ အဆိုပြုနိုင် ကြောင်း သိရသည်။
.
တိုင်းဒေသကြီးနှင့် ပြည်နယ်ပ ညာရေးမှူးရုံးများ အနေဖြင့် သက် ဆိုင်ရာ
မြို့နယ်များနှင့် ကျောင်း များသို့ အချိန်မီ သိရှိနိုင်ရေး၊ သတ် မှတ်ချက်နှင့် ပြည့်စုံသူများ
မကျန် ရှိစေရေးအတွက် ဂရုပြုဆောင်ရွက် နိုင်ရန်နှင့် သတ်မှတ်ချက်နှင့် ပြည့် စုံသူ မရှိပါကလည်း
မရှိကြောင်း ပြန်ကြားပေးရန် အဆိုပါ အကြောင်း ကြားစာတွင် ဖော်ပြထားသည်။
.
၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆ ရာများနေ့
အထိမ်းအမှတ် အခမ်း အနား၌ အများဆုံး ကျောင်းတက် ရက် မပျက်ဘဲ (ရှောင်တခင်ခွင့် အစရှိသည့်)
သင်ကြားရေး ဘာသာ ရပ်တွင် ထူးချွန် ကျွမ်းကျင်စွာ သင်ကြားနေသော အထက်တန်း၊ အလယ်တန်းနှင့်
မူလတန်း ဆရာ၊ ဆရာမများ အနက်မှ အချက်အလက်အထောက်အထားနှင့် ပြည့်စုံ သည့် ဆရာ၊ ဆရာမ ၆
ဦးအား ခွင့်ရက်မပျက်ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan