ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်မှ ၃၁ ရက် အထိ
.
တနင်္ဂနွေ
.
ကောင်းသောသတင်းကြားသိရမည်။ အကြံကောင်းများပေါ်ထွက်လာမည်။ လှပသောပစ္စည်းများဝင်
မည်။ စီးပွားရေးကံနည်းနည်းကောင်းလာမည်။ အလုပ်အကိုင်သစ်များ ထပ်မံတွေ့လိမ့်မည်။ အဝေးမှကွဲ
ကွာနေသူပြန်ဆုံမည်။ စာချုပ်များ ပြုလုပ်ရမည်။ ကိစ္စဟောင်း ပြဿနာဟောင်း ဖြေရှင်းရမည်။
ကုန်သည် များမှာ အရောင်းအဝယ် အောင်မြင်နေမည်။ ဝန်ထမ်းများမှာ အလုပ်နည်းနည်းရှုပ်ထွေးလိမ့်မည်။
ပွဲစား များမှာ မြေအပေါင်တည့်လိမ့်မည်။ ငယ်သူများအချစ်ရေးကိစ္စတွင်ချစ်သူအတွက်ကူညီဆောင်ရွက်ပေးရမည်။
ကျန်းမာရေးကိစ္စများတွင်နားနာမည်။ နားပြည်ယိုမည်။ သတိပြုပါ။ ကံကောင်းစေသောဂဏန်းမှာ
(၂/၆/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် နာနတ်သီးလှူပါ။
တနင်္လာ
.
ဆိုင်ကယ်ပြင်ရမည်။ ဆိုင်ကယ်အသစ်ဝင်မည်။ စက်ပစ္စည်းလည်းအသစ်ဝင်မည်။
အစားကောင်းစား ရမည်။ မိတ်ဆွေကောင်းတွေ့လိမ့်မည်။ နေအိမ်အတွင်းသို့ သူခိုးကပ်လိမ့်မည်
သတိထားပါ။ စီးပွားရေး ကိစ္စကောင်းမွန်စ ပြုလာမည်။ စိုက်ပျိုးရေးသမားများ နစ်နာဆုံးရှုံးလိမ့်မည်။
ကုန်သည်များမှာ ကြွေးဟောင်း ပြန်ရမည်။ ဖောက်သည်ဟောင်းများ ရောက်လာမည်။ ဝန်ထမ်းများမှာ
ကြီးသူအထင်လွဲလိမ့်မည်။ သတိ ဖြင့်နေပါ။ ပွဲစားများမှာ ချေးငွေကြောင့် ပွဲခရလိမ့်မည်။
ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ ပြန်တွေ့မည်။ ပြန်ခေါ်မည်။ ပျော်ရွှင်ရလိမ့်မည်။
ကျန်းမာရေးကိစ္စများတွင် ဖျားမည်။ အအေးမိတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၅/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် ပန်းအဖြူရောင်
၅ ပွင့်လှူပါ။
.
အင်္ဂါ
.
ကားသစ်ဝင်မည်။ ကားလဲလှယ်ရမည်။ ကားရောင်းလိုသူများ အရောင်းထွက်မည်။
ကားနဲ့ပတ်သက် ပြီး အကျိုးခံစားခွင့်ရလိမ့်မည်။ စီးပွားရေးအခွင့်အလမ်းသစ်ပေါ်မည်။ စီးပွားပြန်ကောင်းမွန်လာတော့မည်။
အလုပ်အကိုင်ချဲ့ရမည်။ ရှယ်ယာပေါ်မည်။ မရောက်ဖူးသောနေရာသွားလာရမည်။ အဝတ်အထည်ဝင်မည်။ ကုန်သည်များမှာ
ဖောက်သည်ကိစ္စ၊ တပည့်ကိစ္စကြောင့် စိတ်နည်းနည်းရှုပ်ရမည်။ ဝန်ထမ်းများမှာ အလုပ် ပိနေလိမ့်မည်။
ပွဲစားများ ဘာမှ အလုပ်မဖြစ်သောအချိန်ကြုံနေရမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူ ပေးသော
လက်ဆောင်ကောင်းကို ပြန်လည်ရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ဝမ်းကိုက်မည်။ လေ အောင့်လေနာဖြစ်မည်။
ကံကောင်းစေသော ဂဏန်းမှာ(၁/၄/၆)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သကြားဆွမ်းလှူပါ။
.
ဗုဒ္ဓဟူး
.
အိမ်မြေအရောင်းထွက်မည်။ အပေါင်ကိစ္စလုပ်ထားသူများ အပေါင်ကျမည်။ ၁ဝ၅
လုပ်ထားသူများ ပြီးစီးအောင်မြင်မည်။ ငွေကြေးလိုအပ် ချက်ကြောင့် ချေးငွေယူ ရခြင်း၊ ရွှေပြန်လည်ရောင်းချရခြင်းကြုံမည်။
စီးပွားရေးကြောင့် စိတ်မောရမည်။ အခက်အခဲနည်းနည်းများနေသော် လည်း ငွေမှာလည်ပတ်လာမည်။
ကုန်သည်များမှာ ပစ္စည်းအချို့နစ်နာဆုံးရှုံးမည်။ ဝန်ထမ်းများမှာ ခွင့်ယူခြင်းခရီးသွားခြင်းကြုံမည်။
ပွဲစားများ အိမ်အပေါင်တည့်လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူက သစ္စာဖောက်လိမ့်မည်။ စကား
အပိုရှင်းရမည်။ စိတ်ကောက်ပြီး မခေါ်ခြင်းကြုံမည်။ ကျန်းမာရေးတွင် သွားကိုက်မည်၊ သွားနာမည်။
ကံကောင်း စေသော ဂဏန်းမှာ (၃/၆/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆပ်ပြာလှူပါ။
.
ကြာသပတေး
.
အစုရှယ်ယာအလုပ်များ ပေါ်ပေါက်လာမည်။ မစမည့် မိတ်ဆွေကောင်းလည်းတွေ့လာလိမ့်မည်။
ထူးခြားသော ဆန်းသစ်သော ပစ္စည်းများလည်းဝင်လာမည်။ မိမိလိုချင်သော ပစ္စည်းများလည်း ဝင်လာ
နိုင်ပါသည်။ စီးပွားရေးလမ်းစများတွေ့မည်။ အလုပ်မရှိသေးသူများ အလုပ်လျှောက်ရမည်။ အလုပ်တွေ့
မည်။ ဆိုင်ဖွင့်ထားသူများ အဆင်ပြေလာမည်။ ကုန်သည်များမှာ ငွေကြေးကွာဟချက်ဖြစ်ခြင်း၊
ငွေ ပျောက်ဆုံးခြင်း စသည့်အရာတို့ကြုံမည်။ ဝန်ထမ်းများမှာ အလုပ်ကြောင့် နာမည်ကောင်းရမည်။
အလုပ် အဆင်ပြေပါမည်။ ပွဲစားများမှာ မြေအရောင်းနည်းနည်းတည့်ပါမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင်
ချစ်သူနှစ်ယောက်ကြား ဗျာများရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အကြောတင်မည်။ ကံကောင်းစေသော
ဂဏန်းမှာ(ဝ/၄/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ပေါက်စီလှူပါ။
.
သောကြာ
.
အလုပ်နည်းနည်းအဆင်ပြေမည်။ ငွေအသင့်သင့်ဝင်လာမည်။ အိမ်သို့အဝေးဧည့်သည်လာမည်။
စီးပွား ရေး မိမိမှန်းသလို ဖြစ်လာလိမ့်မည်။ မိမိအပေါ် ခေါင်းပုံဖြတ်မည့်သူများ ပေါ်လာတတ်သည်။
စီးပွားရေး ကောင်းများဖြစ်ပေါ်လာမည်။ လူအများ အထင်ကြီးလေးစားခံရမည်။ ပစ္စည်းကောင်းများဝင်လာမည်။
သူငယ်ချင်းကို နည်းနည်းကူညီနိုင်မည်။ ကုန်သည်များအရောင်းအားတက်လာမည်။ ဝန်ထမ်းများ အလုပ်
သက်သာခွင့်ရမည်။ ပွဲစားများ အလုပ်နည်းနည်းဖြစ်လာမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူပြောသော
စကားလုံးများကြောင့် ဝမ်းနည်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အုံးလွဲတတ်သည်။ ခေါင်းကိုက်
လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် နှင်းဆီနီ
၈ ပွင့်လှူပါ။
.
စနေ
.
ကားအသေးစား ပွတ်မိမည်။ တိုက်မိတတ်သည်။ ကားပြုပြင်လဲလှယ်ရမည်။ ခရီးသွားရင်း
လမ်းမှာ ကားဒုက္ခပေးလိမ့်မည်။ စီးပွားရေး ငွေအထွက်များအံ့။ ကြွေးရှိသူများ ပြန်ဆပ် ရသဖြင့်
ငွေခက်လိမ့်မည်။ အဝတ်အထည်ကောင်းဝင်မည်။ ဘာသာရေးကိစ္စဆောင်ရွက်နိုင်မည်။ ငွေချေးငှားရလိမ့်မည်။
သူတစ်ပါး ကိစ္စပါဝင်ဖြေရှင်းပေးရမည်။ ကုန်သည်များ အရောင်းသိပ်မသွက်ဘဲ နှေးနေမည်။ ဝန်ထမ်းများ
စိတ်ပျက်စ ရာ များနေမည်။း ပွဲစားများ ပြဿနာတက်လိမ့်မည်။ ဖြေရှင်းရမည်။ ငယ်သူများမှာ
အချစ်ရေးတွင် ချစ် သူက ကတိဖျက်လိမ့်မည်။ ချိန်းထားပြီး မလာဘဲနေအံ့။ ကျန်းမာရေးကိစ္စတွင်
ဆီးပူမည်။ မိန်းကလေးများ ဆီးပိုးဝင်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၄/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မလိုင်မုန့်လှူပါ။
.
.
.
#KBZTai #Shan