နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊၊ ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးလ်ဂိတ်အနီးတွင်
အောက်တိုဘာ ၇ ရက်၊ ညပိုင်းက သီပေါဘက်သို့ သွားမည့် ဆိုင်ကယ်အားစစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ
သယ်ဆောင်လာ သူကို ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှ သိရှိရသည်။
.
.
ကျောက်မဲမြို့ကွန်မန်ဒိုတပ်ဖွဲ့စု၊ စရဖ (ကျောက်မဲ)၊ ကျောက်မဲမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ သည် ကျောက်မဲအိုရီယန်တယ်တိုးလ်ဂီတ်အနီး လုံခြုံရေးဆောင်ရွက်နေစဉ်
ကျောက်မဲဘက်မှ သီပေါဘက်သို့ မောင်းလာသည့်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ပစ်ခတ်မှုဖြစ်ပြီနောက်ပိုင်း
လုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မှာ စစ်ဆေးမှုတွေပြုလုပ်နေတာကနေ ဖမ်းမိတာပါ”ဟု ကျောက်မဲမြို့မ
ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။
.
ဆိုင်ကယ်အား နမ့်ဆန်မြို့နေသူ အိုက်လမ်း မောင်းလာသော KENB0-CZI-125 ဆိုင်ကယ်အား စစ် ဆေးရာမှ ယာဉ်မောင်းလွယ်ထားသော
လွယ်အိတ်အတွင်းမှ WY နှင့် 88/1 စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၈၇ ပြားကို
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအားသုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ
နမ့်ဆန်မြို့၊ ပန်စရီကျေးရွာနေ အိုက်လမ်း (၄၆)နှစ်ကို ကျောက်မဲမြို့မရဲစခန်းမှ မယ(ပ)၂၉/၂၀၁၈၊
မူးစိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။
.
ထို့အပြင် အောက်တိုဘာ ၆ ရက်က ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းပေါ်တွင်လည်း
CZI ဆိုင်ကယ်တစ်စီး အားစစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
.
.
.
#KBZTai #Shan