ဆီးချိုသွေးချိုရောဂါ ဟူသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီးချိုသွေးချိုရောဂါ ဟူသည်


ကျော်လှ (ကျိုင်းတုံမြေ)
.

.
'အာရောဂျံ ပရဖံလာဘံ'ဟူသော ပညတ် ဆောင်ပုဒ်အတိုင်းပင် ကျန်းမာရေးသည် သက်ရှိလူသား တိုင်းအတွက် အရေးအပါဆုံးသော အရာပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့ လူသားတို့ သည် ကျန်းမားရေးဖြင့် ပြည့်စုံနေပါက ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဖြာဖြာတို့၌ ကြိုး ပမ်းစွမ်းဆောင် ပြည့်စုံနိုင်ကြရမည် ဖြစ်သကဲ့ သို့ အကယ်၍သာ ကျန်းမာရေးကဏ္ဍဘက်၌ တစ်ခုခုဖြင့် ချို့ယွင်းကြုံတွေ့လာကြရပါက အ ဆိုပါ ပြီးပြည့်စုံနေပြီးဖြစ်သော ပညာရေး၊ စီး ပွားရေး၊ လူမှုရေးအဖြာဖြာတို့သည်ကား နွေချိန် ခါ၌ စိမ့်စမ်းရေများ ခန်းခြောက်သွားသည့်ပမာ တဖြည်းဖြည်းဖြင့် ယုတ်လျော့ပျက်စီးလာတော့ မည်မှာ ဧကန်အမှန်ပင် ဖြစ်ပေတော့သည်။ ဤ သည်ကြောင့်ပင် ကျန်းမာခြင်းသည် မဟာ လာဘ်ကြီးတစ်ပါး''ဟူ၍ ပညတ်သမုဒ်ခဲ့လေ ခြင်းပင်။
.
ယခုစာရေးသူသည် ကျန်းမာရေးကဏ္ဍအ နေဖြင့် တင်ပြလိုသည်မှာ ကျွန်ုပ်တို့ မြန်မာပြည် နှင့်တကွ ကမ္ဘာတစ်လွှား တွင် အဖြစ်များ ကြုံ တွေ့လာကြရသည်။ ဆီးချိုသွေးချိုရောဂါ အ ကြောင်းပင် ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါကြီး တစ်ခုအဖြစ်ဖြင့ှ်ုံဠ။ဗှီု ရောဂါဆိုးကြီးအား ကမ္ဘာကြီးမှ ရင်ဆိုင်ကြုံတွေ့ခဲ့ကြ ရပြီး၊ ဆေးပညာရှင်များ၏ လုံးပမ်း ကြိုးစားဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် ကျန်းမာရေး အသိတရားများ ပိုမိုမြင့်မားမှု ရှိလာကြသော ကမ္ဘာသူကမ္ဘာ သားများတို့ အနေဖြင့် ဤရောဂါကပ်ဆိုးကြီးမှ တဖြည်းဖြည်း ယုတ်လျော့ပပျောက်သွားအောင် စွမ်းဆောင် နိုင်ခဲ့ကြပေပြီ ဖြစ်သော်လည်း ဤ ဆီးချိုသွေးချို ရောဂါ မှာကား ကမ္ဘာသူ ကမ္ဘာ သားများအဖို့ တစ်နေ့တစ်ခြား ဒီရေအလားကဲ့ သို့ တိုးပွားဖြစ်ပွားမှုဒဏ်ကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခံစားနေကြရပေသည်။ သတိပြုစရာ တစ်ခုမှာကား (HIV/AIDS)ရောဂါစုတို့မှာ လူသားများအချင်းချင်း တစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက် တတ်သော ရောဂါများဖြစ်ကြသော် လည်း ဆီးချိုသွေးချိုရောဂါမှာမူကား အချင်းချင်း ကူးစက် တတ်သော ရောဂါမဟုတ်ဘဲ မသင့်မ လျော်ကန်သော မိမိ၏စားသောက်နေထိုင်မှု ကြောင့်ပင် ဖြစ်ပေသည်။
.
အချိုအဆိမ့်၊ အဆီ၊ အငန် ဓာတ်ပါဝင် သော အစားအစာများတို့အား နှစ်ခြိုက်လွန်ကဲ စွာ စားသုံးခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုများ လွန်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းစ သည့် ဓလေ့စရိုက်တို့မှာ ဆီးချိုသွေးချိုရောဂါ ဖြစ်စေသော အဓိကအကြောင်းတရားများပင် ဖြစ်ကြသည်။ ဤတွင် စာရေးသူ ကိုယ်တွေ့တစ် ခု တင်ပြလိုသည်မှာ ဤရောဂါသည် မျိုးရိုး လိုက်၍ ဖြစ်ပွားမှုအချို့ ရှိတတ်သော်လည်း အကယ်၍ မိဘမျိုးရိုးတွင် ဤရောဂါရှိနေပါက ဖော်ပြပါ ဤရောဂါ ဖြစ်ပွားစေနိုင်သော အ ကြောင်းတရားများကို သေချာဂန သိရှိပြီးဆောင် သင့်ရှောင်သင့်သည် များကို စနစ်ကျစွာ လိုက် နာကျင့်သုံးသွားကြမည်ဆိုပါက အဆိုပါရောဂါ မကပ်ရောက် နိုင်အောင် လုံးဝကာကွယ်တားဆီး နိုင်ကြမည် ဖြစ်ပေသည်။ အခြားတစ်ဖက်တွင် လည်း မိဘမျိုးရိုးတွင် ဤရောဂါမရှိစေကာမူ ဖော်ပြပါ ရောဂါဖြစ်ပွားစေတတ်သည့် အ ကြောင်းတရားများကို အလေးမမူ၊ ဂရုမစိုက်ဘဲ အမှတ်မဲ့ စားသောက်နေထိုင်ပြုမူ သွားကြမည့် သူတို့အဖို့မူကား ဤရောဂါ ဝင်ရောက်ဖြစ်ပွား ဖို့ရာနှုန်းတော်တော်များများ ရှိလာနိုင်သည်ကို အထူးအလေးထား သတိချပ်ဖို့ လိုအပ်ပေသည်။
.
ဆီးချိုသွေးချို ရောဂါဖြစ်ပွားရာတွင် ကိုယ် ခန္ဓာကလပ် ဆဲလ်များအတွင်းရှိ ပန်ခရိယမှ ဆောင်ရွက်ထုတ်လွှတ်ပေးနေသော အိုင်ဆူလင် ဓာတ် ချို့ယွင်းမှုမှာ အဓိက အကြောင်းတရား ပင် ဖြစ်ပေသည်။ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ကျွန်ုပ်တို့၏ စားသောက်နေထိုင်မှု အ လေ့အကျင့်များ လွန်ကဲစွာ လွဲချော်မှားယွင်းမှု တို့ကြောင့်ပင် အဆိုပါ ပန်ခရိယကလပ် ဆဲလ် များချို့ယွင်းပျက်စီးလာပြီး ¤င်းမှ သဘာဝကျစွာ ဆောင်ရွက်ထုတ်လွှတ်ပေးနေသော အိုင်ဆူလင် ဓာတ်များကိုပါ ပုံမှန်ထုတ်ပေးနိုင်စွမ်း မရှိတော့ ပေ။ အဆိုပါ အိုင်ဆူလင်ဓာတ်များသည်ကား ကျွန်ုပ်တို့ စားသုံးလိုက်သော အာဟာရဓာတ်များ မှ အထူးသဖြင့် ဂလူကို့၏ (အချို)ဓာတ်များအား ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောကလပ်စည်း များ ဆီးချိုလိုအပ်သမျှ ရရှိရလေအောင် ထိန်း ညှိဆောင်ရွက်ပေးနိုင်သော သဘာဝပေးလက် ဆောင်မွန် ဓာတ်ကြီးတစ်ပါးပင် ဖြစ်ပေသည်။
.
သို့သော် အဆိုပါအိုင်ဆူလင် ဓာတ်ချို့ယွင်း ပျက်စီးသွားရသော အခါတွင် မူကား ကျွန်ုပ် တို့၏ ခန္ဓာကိုယ်သွေးကြော အစိတ်အပိုင်းများ ဆီသို့ ဘီတာမင်၊ ဂလူးကို့စ် အာဟာရဓာတ်များ အဖြစ် ဖန်တီးပို့ဆောင်နိုင်စွမ်း မရှိတော့ဘဲ အ ဆိုပါ ဗီတာမင် ဂလူးကိုစ့် အာဟာရဓာတ်များ တို့သည် ခန္ဓာကို သွေးထဲမှတစ်ဆင့် ကျောက် ကပ်ဆီသို့ ရောက်ရှိသွားကာ ဆီးအဖြစ်ဖြင့် ခန္ဓာ ကိုယ် ပြင်ပဆီသို့ စွန့်ထုတ်ဆုံးရှုံးသွားရခြင်းပင် ဖြစ်ပေသည်။ ဤသည်ကြောင့်ပင် ဤရောဂါ အား ကြုံတွေ့ဖြစ်ပွားနေရသူများ၌ ''သွေးချို ဆီးချို'' ယူသော ရောဂါလက္ခဏာရပ်များအား ကြုံတွေ့နေရခြင်းပင်တည်း။
.
ဤရောဂါ စတင်ဝင်ရောက် ဖြစ်ပွားသော အခါတွင် ဆီးများများသွားခြင်း၊ ရေငတ်လွန်ခြင်း၊ ကိုယ်ခန္ဓာအင်အားများ ချိနဲ့လာခြင်း၊ မျက်စိများ ပြာဝေလာခြင်း၊ ကိုယ်အင်္ဂါရပ်များ ယားယံခြင်း၊ ခြေဖျားလက်ဖျားများ ထုံကျဉ်လာခြင်း အနာ ဒဏ်ရာများ မကျက်တော့ခြင်း၊ စသည့်အစပျိုး လက္ခဏာ ရပ်တို့အား ခံစားကြရပြီး တဖြည်း ဖြည်း ရောဂါရင့်လာလျှင်မူကား နှလုံးရောဂါများ ရရှိလာခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်သွား ခြင်း၊ ကျောက်ကပ် ပျက်စီးသွားခြင်း၊ ခြေပုပ် လက်ပုပ် ဖြစ်ပွားရကာ ခြေလက်တို့အား ဖြတ် တောက်ပစ်ရခြင်း၊ အသက်အန္တရာယ် ဆုံးရှုံး ခြင်း စသည့်အဆုံးစွန်သော ဝေဒနာဆိုးကြီးတို့ အား ခံစားသွားကြရပေမည်။ ထို့ကြောင့်ပင် ဤရောဂါဆိုးကြီးအား ရောဂါတစ်ခုတည်းကို ဖြစ်ပွားစေသော (ီင်နေ်န )အဖြစ် မသတ်မှတ် ဘဲ နောက်ဆက်တွဲ ရောဂါအရပ်ရပ်တို့အား စု ပြုံခံစား ဖြစ်ပွားစေတတ်သော ရောဂါစုများ (ှပညိမသာန )အနေဖြင့်သာ သတ်မှတ်ပေးထား ခြင်းပင် ဖြစ်ပေသည်။
.
ထို့ကြောင့် ဤသို့ ဆိုးရွားလှသော ဤဆီး ချိုသွေးချိုရောဂါရပ်ကြီး မိမိ၏ ကိုယ်ခန္ဓာကိုယ် ထဲသို့ မဝင်ရောက် မစွဲကပ်ရလေအောင်အချို ဓာတ်များများပါသော အချိုရည်များ၊ လက်ဖက် ရည်များ၊ မုန့်မျိုးစုံ၊ ဟင်းချိုမှုန့်တို့အား လည်း ကောင်း၊ အဆီအဆိမ့်ဓာတ်လွန်ကဲစွာပါဝင်သော ဝက်သားအဆီနှင့် သားငါးအဆီများ၊စားအုန်းဆီ နှင့် အရည်အသွေးမပြည့်ဝသော ဆီများစသည့် ပြည့်ဝ ဆီတို့အား လည်းကောင်း၊ အငန်ဓာတ်များ လွန်ကဲစွာ ပါဝင်သည့် ငါးပိ၊ ငါးဆားနယ်၊ ငါး ခြောက် စသည့်အငန်လွန် အစာများတို့အား လည်းကောင်း၊ ''တန်ဆေးလွန်ဘေး''ဆိုသကဲ့ သို့ တော်သင့်ရုံသာစားသုံးသင့်ပြီး အကြိုက်လွန် ကဲစွာ စားသုံးခြင်းကိုမူကား လုံးဝရှောင်ရှားသင့် ပေသည်။ သဘာဝအလျောက် သီးမှည့်သော သစ်သီးများ ဟင်းသီးဟင်းရွက်များတို့မှာမူကား ကျွန်ုပ်တို့ကျန်းမာရေးအတွက် လွန်စွာအ ထောက်အကူပြုသော အစားအစာများပင် ဖြစ် ကြပေသည်။
.
ဤရောဂါ ဖြစ်ပွားမှု ရှိနေသူများအား စစ် တမ်းထောက်ခံလေ့လာကြည့်ပါက မြို့ပေါ်၌ဇိမ် ကျကျနေထိုင် စားသောက်လေ့ ရှိသူများ၊ ရ ဟန်း သံဃာများ၊ အချိုအဆီ အဆိမ့်နှင့် အငန် ဓာတ်များ ပါဝင်သောအစားအစာများအား နှစ် ခြိုက်လွန်ကဲစွာ စားသုံးပြီး ကိုယ်လက်လှုပ်ရှား မှု အားနည်းသူများနှင့် စိတ်ဖိစီးမှုများသူများ တို့၌သာ အဖြစ်များသောကြောင့် မိမိ၏ကိုယ် ခန္ဓာထဲသို့ ဤရောဂါမဝင်ရောက် မဖြစ်ပွားရ လေအောင် မည်ကဲ့သို့ ပြုမူနေထိုင် စားသောက် သင့်ကြောင်းကို ထိကျသေချာသော အဖြေမှန် တစ်ခုအား ကျွန်ုပ်တို့ ရရှိလိုက်ကြပါပြီ ''ဘယ် သူမပြု မိမိမှု'' ဆိုသကဲ့သို့ မိမိ၏ စားသောက် နေထိုင်မှု ပြုမူမှု ဓလေ့စရိုက်တို့သည် မိမိ၏ အကျိုးအကြောင်း အဆိုးအကောင်းဟူသောဘဝ ကံကြမ္မာဆီသို့ လမ်းညွှန် ပို့ဆောင်ပေးမည်သာ တည်း။
.
အကယ်၍ အကြောင်းရပ်တစ်ခုခုကြောင့် ဤရောဂါ လက္ခဏာရပ်များ ဝင်ရောက်ဖြစ်ပွားမှု ကို ခံစားခဲ့ကြရလျှင်လည်း ဆေးမြီးတိုများဖြင့် ရမ်းကုမနေသင့်ဘဲ ကျွမ်းကျင်သော ဆရာဝန် များဖြင့် ပြသ၍ စနစ်ကျသော ကုသမှုတို့ကို ခံ ယူခြင်း၊ ရောဂါဖြင့် မသင့်လျော်သော အစား အစာများတို့အား ရှောင်းရှား၍ လျော်ကန်သော အစားအစာများတို့ကို ရွေးချယ်မှီဝဲ စားသုံးခြင်း ဆေးလိပ်နှင့် အရက်တို့အား လုံးဝရှောင်ရှားကာ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု တို့ကို နေ့စဉ် အချိန်မှန်မှန် ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုများ သော လူနေမှုစရိုက်များအား ဥပေက္ခာပြုရှောင် ကြဉ်၍ အရာရာ၌ အပြုသဘောဖြင့် ရှုမြင်ကာ ပေါ့ပါးသာယာ နှစ်လိုဖွယ်ကောင်းသော အလေ့ အကျင့်များဆီသို့ ကူးပြောင်းကျင့်သုံးနေထိုင် ခြင်း၊ မေတ္တာပို့တရား ဘာဝနာများ ရှုမှတ်ခြင်း စသည့် မှန်ကန်သော အကြောင်းခြင်းရာများအား လည်းကောင်း၊ နောင်တွင် နောက်ဆက်တွဲဖြစ် ပေါ်လာနိုင်သည့် အကျိုးဆက်ရောဂါ လက္ခာ ဏာရပ်များအား လည်ကောင်း ရာနှုန်းပြည့်ကင်း ဝေးရှောင်ရှားနိုင်ကြပြီးလျှင် လူ့ဘဝသက်တမ်း တစ်လျှောက်လုံးတွင် အခြားကျန်းမာရေးဖြင့် ပြည့်စုံနေကြသူများ နည်းတူပင် သာယာပျော် ရွှင်ဖွယ် ကောင်းသောဘဝတစ်ခုကို မုချပိုင်ဆိုင် သွားနိုင်ကြရပေမည် ဖြစ်ပေသည်။
.
ဤရောဂါ ဖြစ်ပွား ခံစား နေကြရသူများ အဖို့မူကား ဆေးဝါးများကို စနစ်တကျ ပုံမှန် သောက်သုံးပြီး ဟင်းသီးဟင်းရွက်များ အချိုပါ ဝင်မှု ပမာဏ မများလွန်းသည့် သစ်သီးများ၊ အဆီပါဝင်မှု ပမာဏနည်းပါးသည့် ပဲအမျိုးမျိုး တို့နှင့် အဆီဓာတ် မပါရှိသည့် အသားငါးများ တို့ကိုသာ အဓိကစားသုံးသင့်ပေသည်။ ဤတွင် အခါးဓာတ် ပမာဏများသော ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ကင်းမုန်သီး၊ ဂွေးတောက်ရွက် ကဲ့သို့သော အစားအစာများတို့မှာ သွေးထဲရှိ အိုင်ဆူလင်ဓာတ်ကို ကောင်းစွာထိန်းညှိပေးနိုင် စွမ်း ရှိကြ၍ ဆီးချိုသွေးချို ဝေဒနာရှင်များအ တွက် အထူးသင့်လျော်သော အစားအစာများ ဖြစ်ကြသော်လည်း ဆီးချိုသွေးတိုး ဝေဒနာရှင် နှစ်ရပ်အခံ ရှိနေသူများအဖို့မူကား ထိုအစားအ စာများတို့မှာ သွေးတိုးကို ထစေတတ်သော ကြောင့် ချင့်ချိန်၍သာ စားသုံးသင့်ပေသည်။ ဆင်တုန်းမနွယ်ကို ကြိုချက်၍ သောက်သုံးခြင်း အခြောက်ခံ အမှုန့်ပြုလုပ်ကာ ရေနွေးဖြင့် စိမ် ၍ သောက်သုံးခြင်းတို့သည်လည်း ဤဝေဒနာ ရှင်များအား သက်သာစေနိုင်သည့် တိုင်းရင်း ဆေးကောင်းတစ်ခုပင် ဖြစ်ပေသည်။
.
ဤတွင် ကျွန်ုပ်တို့အဓိက မှီဝဲစားသုံးရာ ထမင်းစားသုံးရာ၌ပင် ဆီးချိုရှိသူများသည် ကစီဓာတ် ပါဝင်မှုများ၍ စေးပျောင်းလွန်းသည့် ဆန်ချောထမင်းများကို ရှောင်သင့်ပြီး ကစီဓာတ် ပါဝင်မှု ပမာဏနည်းပါးသော ဆန်ကြမ်းထမင်း များကိုသာ အဓိကထား၍ ရွေးချယ်စားသုံးသင့် ပေသည်။ ထို့အတူ ကစီဓာတ်ပါဝင်မှု ပမာဏ များတွင် ပါဝင်သော ကောက်ညှင်းဆန်ဖြင့် ပြု လုပ်ထားသော မုန့်အမျိုးမျိုးတို့ကိုပါ ရှောင်ရှား သင့်ပြီး ဆန်ကြမ်းမှုန့်၊ ဂျုံမှုန့်၊ ပဲမှုန့်တို့ဖြင့် ပြု လုပ်ထားသော မုန့်ပဲသွားရည်စာတို့ကို အထူး ရွေးချယ်စားသုံးသင့်ပေသည်။
.
ဤဆီးချိုသွေးချို ဝေဒနာရှင်များတွင် မိမိ ၏ ခန္ဓာကိုယ် သွေးကြောများထဲ၌ ဆီးချိုပမာ ဏ များလွန်းလျှင်လည်း ဖော်ပြခဲ့သည့်အတိုင်း ပင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သလို၊ ရှိသင့်သည့် အဆင့်ထက် ဆီးချိုပမာဏကျ ဆင်းလွန်းအားကြီးလျှင်လည်း ကျန်းမာရေးအား အန္တရာယ် ပြုနိုင်ပေသည်။ ဆီးချိုကျဆေး သောက်မှု ပမာဏများသွားခြင်း အစားသောက် နည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လွန်ကဲသွား ခြင်းတို့ကြောင့် ဆီးချို ပမာဏကို လွန်ကဲစွာ ကျ ဆင်းစေတတ်သည်။ ရောဂါခံရှိနေသူ၏သွေး ထဲတွင် ဆီးချိုပမာဏ ကျဆင်းမှု လွန်ကဲသွား ပါက မူးဝေမောပန်းခြင်း၊ နှလုံးတုန် ရင်ခုန်ဖြစ် ခြင်း၊ မျက်စိများ ပြာဝေသွားခြင်းတို့အပြင် အ သက်အန္တရာယ်ကိုပါ ဒုက္ခပေးလာနိုင်သော ကြောင့် ဤကဲ့သို့ အခြေအနေဖြင့် ကြုံတွေ့လာ ရပါက တတ်ကျွမ်းသော ဆရာဝန်များဖြင့် အ မြန်ဆုံးပြသခြင်း၊ ဂလူးကိုစ့်နှင့် အချိုဓာတ်ပါ သော ဓာတ်ဆားရည်၊ အချိုရည်၊ သကြားလုံး စသည့် စားသောက်စရာတစ်ခုခုအား အမြန်ဆုံး စားသောက်ပေးခြင်း စသည့်နည်းတို့ဖြင့် အ ရေးပေါ် ဆောင်ရွက်သင့်ပေသည်။
.
ထို့ကြောင့်ပင် ဤဆီးချိုသွေးချို ဝေဒနာ ရှင်များတို့သည် မိမိ၏ ခန္ဓကိုယ်တွင်း၌ ရှိနေ သော ဆီးချို ပမာဏနှင့် စားသောက်နေထိုင် ပြုမူနေသော အလေ့အကျင့်တို့ဖြင့် နေ့စဉ် သောက်သုံးသင့်သော ဆီးချိုကျဆေး သောက် သုံးမှု ပမာဏတို့ အားလည်း လျော်ကန်သင့်ညီ အောင် ချင့်ချိန်သောက်သုံးတတ်ဖို့ အထူးလို အပ်လှပေသည်။ ဤသည်ကြောင့်ပင် ဤဝေဒ နာရှင်များသည် မိမိ၏ ခန္ဓကိုယ်ရှိ ဆီးချိုသွေး ချို ပမာဏ အနည်းအများကို တိကျစွာချင့်ချိန် သိရှိရန် လိုအပ်လှသဖြင့် ဆေးဆိုင်များတွင် ဈေးနှုန်း ချိုသာစွာဖြင့် လွယ်ကူစွာ ဝယ်ယူရရှိ နိုင်သော ဆီးချိုသွေးချိုတိုင်း မီတာ (Blood Glucose Meter) အား ဝယ်ယူ၍ အဆောင် တစ်ခုအဖြစ် အမြဲဆောင်ထားသင့်ပေသည်။
.
ဆီးချိုသွေးချို အထူးကုဆရာဝန်ကြီး ပါ မောက္ခဒေါက်တာ တင့်ဆွေလတ်မှ ''မြန်မာ ပြည်တွင် ကျန်းမာရေး စစ်တမ်းပြုစုဆောင်ရွက် ခဲ့ရာ၌ ၂ဝဝ၈ ခုနှစ်တွင် ဆီးချိုသွေးချို ဝေဒနာ ရှင်ပေါင်း ၁၂ ရာခိုင်နှုန်းကျော်မျှ ရှိခဲ့သော်လည်း ၂ဝ၁၈ ခု စစ်တမ်းအရမူ ၁၈ရာနှုန်း ကျော်ထိ ခုန်တက်ဖြစ်ပွားလာကြောင်း ကျန်းမာရေးအသိ များ အားနည်းလျှက် ဤသို့သော ဆက်လက် ဖြစ်ပွားနေခဲ့လျှင် နောင်မကြာမီသော အချိန်ကာ လများဆီ၌ မြန်မာပြည်တွင် ဤဝေဒနာဖြစ်ပွား မှုနှုန်းများမှာ ကြောက်ခမန်းလိလိ မတွေးရဲစရာ ပင် မြင့်မားလာနိုင်ကြောင်း။ ထို့ကြောင်း မြန် မာပြည်သူပြည်သားများအဖို့ ကျန်းမာရေးအသိ တရားရှိကြဖို့ အထူးလိုအပ်နေကြောင်း''စသည် ဖြင့် ဤရောဂါနှင့် ပတ်သက်၍ အထူးအလေး ထား၍ ညွှန်ပြပြောဆိုထားပါသည်။ ဆက်၍ပင် ဆရာဝန်ကြီးမှ လက်ရှိမြန်မာပြည်တွင် ဖြစ်ပွား ခံစားနေကြရသော ဆီးချိုသွေးချို ဝေဒနာရှင် များအနက် ၂၅ ရာနှုန်းမျှသာ သက်ဆိုင်ရာ ဆရာဝန်များထံ၌ ပြသလျှက် စနစ်ကျသော ကု သမှုတို့ကို ခံယူနိုင်ကြသော်လည်း ကျန်သော ဝေဒနာရှင် ၇၅ ရာနှုန်းတို့မှာ အကြောင်းရပ် အမျိုးမျိုးတို့ကောင့် ဤရောဂါအား စနစ်တကျ ပြသကုသမှုတို့ကို မခံယူနိုင်ကြ၍ နောက်ဆက် တွဲ ဝေဒနာဆိုးကြီးများတို့ကို ခံစားကြရလျှက် ဘဝသောက အသက်ဆုံးရှုံးနေကြရကြောင်း စသည်ဖြင့် မြန်မာပြည်ကြီး၏ ဤရောဂါအား လက်တွေ့ ကြုံတွေ့နေရသည့် အခြေအနေနှင့် မည်ကဲ့သို့ အလေးထားဆောင်ရွက်သင့်သည်ကို ပါ မီးမောင်းထိုးညွှန်ပြထားခဲ့ပေသည်။
.
ဤတွင် စာရေးသူ အနေဖြင့် ဖြည့်စွက်တင် ပြလိုသည်မှာ ယခုပြဌာန်းပေးလိုက်သည့် ပညာ ရေးစနစ်သစ် သင်ရိုးညွှန်းတမ်းများတို့တွင် ကျန်းမာရေး အသိပညာရပ်များအား တတ်သိ နားလည်အောင် ပြဌာန်းပေးထားသည့် (ူင်နှုငူ) ဘာသာရပ်၌ ဤကဲ့သို့ အရေးပါ အရာ ရောက်လှသော ကျန်းမာရေး သင်ခန်းစာများ ပြဌာန်းပါရှိလာသောကြောင့် ပြသပေးကြမည့် ဆရာ/ဆရာမတို့အား အထူးသင့်လျော်သော သင်တန်းများပေးခြင်း၊ ဤကဲ့သို့ တက်သိနား လည်သော ဆရာ/ဆရာမများတို့မှ မြန်မာပြည် တစ်နံတစ်လျားလုံးရှိ စာသင်ခန်းထဲများမှ တ ပည့်ကျောင်းသား ကလေးများတို့အား ဤကျန်း မာရေး အသိပညာပေး သင်ခန်းစာတို့ကို ထိ ရောက်စွာ အလေးထား၍ သင်ကြားပို့ချပေး ခြင်း၊ ဒေသအနှံ့ ရပ်ရွာတိုင်းတွင် ဆရာဝန်များ မရှိကြသော်လည်း ရပ်ရွာတိုင်းတွင် ဆရာ/ဆရာ မ များ ရှိနေကြခြင်းကြောင့် ဆရာ/ဆရာမများ တို့သည် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတို့ ဖြင့် ပူးပေါင်းကာ ကျောင်းနှင့် ရပ်ရွာလူထုများ ကျန်းမာရေး အသိတရားများအား ဟောပြော ဆွေးနွေးဖြန့်ဝေ ပေးခြင်းတို့အား အလေးထား ဆောင်ရွက်သင့်ပေသည်။
.
အချုပ်အားဖြင့် ဆိုရပါလျှင် '' မရှိတာ ထက် မသိတာက ပိုခက်သည် '' ဟူသော ဆောင်ပုဒ်စကား ရပ်လို ကျွန်ုပ်တို့သည် သိရှိ သိသင့်အပ်သော ကျန်းမာရေး ဗဟု သုတ အဖြာဖြာတို့အား အစဉ်တစိုက် လေ့ လာ ရှာမှီးဟောပြော ဆွေးနွေးကြရင်း၊ ရရှိ အပ်သော ကျန်းမာရေး အသိတရားကောင်း တို့ဖြင့် မဖြစ်ပွား မဖြစ်သင့်အပ်သော ရောဂါ ရပ်များတို့အား ရှောင်ရှား ကင်းဝေးနိုင်ကြ စေလျှက် ကျန်းမာပျော်ရွှင်သော နိုင်ငံသား ကောင်း ဘဝများစွာတို့ဖြင့် ခေတ်မီဖွံ့ဖြိုးစည်ပင် ဝေဆာလာတော့မည့် အမိမြန်မာနိုင်ငံတော်ကြီး အား တည်ဆောက်ကြရာ၌ အုတ်တစ်ချပ် သဲ တစ်ပွင့်ပမာ အားမာန်အပြည့်ဖြင့် ဝိုင်းဝန်းတက်ြ<ွကစွာ ပါဝင်ဆောင်ရွက်သွားကြပါစို့ဟူ၍ ဆန္ဒ မွန်ပြုလျှက်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats