ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် စက်တင်ဘာလခန့် မှစတင်၍ တရိပ်ရိပ်မြင့်တက်လာ လျက်ရှိသော
စက်သုံးဆီ ဈေးနှုန်း သည် အမြင့်ပိုင်း၌ ဆက်လက်ရပ် တည်နေသော်လည်း ကုန်စည်ရှား ပါးမှုကြောင့်
မန္တလေး-မူဆယ်ကုန် တင် တွဲကားများမှာ ကုန်စည်ရှားပါး မှုကြောင့် ပို့ဆောင်ခ တစ်ပိဿာ လျှင်
၆ဝ ကျပ် ဝန်းကျင်အထိ လျှော့ချ ကာ ပြေးဆွဲပေးနေရကြောင်း အဆိုပါ လမ်းပိုင်းရှိ ကုန်တင်ယာဉ်မောင်း
များထံမှ သိရသည်။
.
.
''တချို့ကတော့ ကုန်မရှိလို့ နားနေကြရတယ်။ ပွင့်လင်းရာသီ ဆိုရင်
တစ်ရက်ကို မူဆယ်-မန္တ လေး အဆင်း/အတက် အစီးရေ ၂ဝဝဝ လောက်ရှိရင် အခုက ၁ဝဝဝ တောင် မရှိဘူး။
ဆီဈေးက တက်သွားတဲ့အပြင် ဒေါ်လာဈေးက ပါ တက်သွားတဲ့အတွက် အရောင်းအ ဝယ်မကောင်းတော့ ပို့ဆောင်ရေးက
ပါ မကောင်းတော့ဘူး။ ကားပိုင်ရှင် တွေကတော့ ယာဉ်မောင်းနဲ့ စပါယ်ယာတွေ ထိန်းထားဖို့အတွက်
အလုပ်ရှိရင် ပြီးရောဆိုတဲ့ သဘောနဲ့ ရတဲ့ဈေးနဲ့ သွားနေကြရတယ်''ဟု မူဆယ်မြို့မှ ယာဉ်မောင်းတစ်ဦးက
ပြောသည်။
လွန်ခဲ့သည့် ၁ လခွဲ အချိန်ခန့် က ကုန်စည်ပို့ဆောင်ခ တစ်ပိဿာ လျှင်
ကျပ် ၇ဝ မှ ၈ဝ အထိ ရှိခဲ့ပြီး လက်ရှိ အချိန်တွင် ၅၅ ကျပ်မှ ၆၅ ကျပ်ဖြင့် ပြေးဆွဲပေးလျက်ရှိရာ
စက်သုံးဆီ၊ အင်ဂျင်ဝိုင်၊ ကားတာ ယာဖိုး ကုန်ကျစရိတ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ပေးချေငွေများ
ဖြင့် တွက်ချက်ပါက တွက်ချေမ ကိုက်ဘဲ အရှုံးဖြင့်သာ ပြေးဆွဲပေး နေရခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်
များထံမှ သိရသည်။
.
''ကားခ ဈေးကောင်းချိန်မှာ တော့ ဆီဈေးက ဒီလောက်ပဲရှိတာ ကို ကားခ
ဒီလောက်ယူရသလားဆို ပြီး ပြောကြတယ်။ ကားနည်းသွား ချိန်မှာတော့ ကုန်သည်တွေက သူ ရောင်းချင်တဲ့နေရာအထိ
ကုန်ပစ္စည်း တွေ ရောက်ဖို့ ကားခဈေးတွေကို တိုးပေးရင်တော့ အဆင်ပြေတယ်။ အခုချိန်ကတော့
ပို့ဆောင်ရတဲ့ ပစ္စည်းကလည်း နည်းနေသလို ဆီဈေးကလည်း မြင့်နေတဲ့အတွက် သိပ်အဆင်မပြေဘူး''ဟု
အဆိုပါ ယာဉ်မောင်းမှ ဆက်လက်ပြောကြား ခဲ့သည်။
.
ကုန်တင်ကားကြီးများ ထွက် ခွာမှုများပြီး မူဆယ် (သို့မဟုတ်) မန္တလေးမြို့၌
ကုန်တင်ကားနည်း နေချိန်၊ ကုန်သည်များက ¤င်းတို့ ကုန်ပစ္စည်းများ အရေးတကြီး တင် ပို့လိုချိန်များနှင့်
ကား ရှားပါးချိန် များတွင် ကုန်သည်များ ဘက်မှ ကုန်တင်ခ တိုးပေးတတ်ပြီး သင်္ကြန် မတိုင်မီ
ကုန်စည်စီးဆင်းမှု ကောင်းချိန်များတွင် ကုန်တင်ကားကြီးများ၊ တွဲကားများ အဆင်ပြေကာ ကုန်စည်
ပို့ဆောင်ခ ပိုမိုရရှိတတ်ကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan