ကမ္ဘောဇတိုင်း
.
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ၂၀၁၈ ခုနှစ်၊
အောက်တိုဘာလ ၁၅ ရက်၊ ညနေပိုင်းက အချုပ် တရားခံ ၂ ဦးသည် တရားရုံး အချုပ်ခန်း ခေါင်မိုးအားဖောက်၍
ထွက်ပြေးခဲ့ရာ နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ၁ ဦးမှာ ရဲတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်မှုကြောင့်
ရရှိဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်တရားရုံးတွင် အမှုစစ်ဆေးခံရန် ရောက်ရှိနေသည့် အဆိုပါ
အချုပ်သားများမှာ ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ ညနေ ၃ နာရီခန့်က တရားရုံး ယာယီအချုပ်ခန်း
အမိုးအား လှန်၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့မစခန်းမှူးအား ဆက်သွယ်မေးမြန်းရာ
အစည်းအဝေး ရှိနေသဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။
.
.
.
#KBZTai #Shan