တာချီိတ်မြို့နယ်၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းမပေါ်၌ ကျပ် ၃၆ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျည်တောင့်များ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီိတ်မြို့နယ်၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းမပေါ်၌ ကျပ် ၃၆ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျည်တောင့်များ သိမ်းဆည်းရမိ


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းမပေါ်တွင် အောက်တိုဘာလ ၃ ရက်၊ ညပိုင်းက ကျပ် ၃၆ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ကျည်တောင့်များ သယ်ဆောင်လာသည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် (Joint Action Plan) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃ ရက်ညနေ ၆ နာရီကျော် အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု (၃ဝ)   တာချီလိတ်မှ ဒုရဲမှူး ကျော်စွာထွန်း ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင် ပိတ်ဆို့စစ်ဆေးနေစဉ် လွယ်စတုံရွာဘက်မှ ဖန်မင်ဘက်သို့ အားဟိုမောင်းနှင်ပြီး ယာဉ်နောက်တွင် ပီဆာ လိုက်ပါလာသော Revo Tayota Hilux မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း တူးဘောက်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွ ဆေးပြား ၃၆ဝဝ ပြား၊ အလေးချိန် ၃၆ဝ ဂရမ်ခန့် (ဒေသတန်ဖိုးကျပ် ၃၆ သိန်းခန့်)၊ ပွိုင့် ၄၅ ကျည် ၄၅ တောင့်၊ ထိုင်းဘတ်ငွေရောရာ ၃ဝ၁၅ဝ ဘတ်၊ မြန်မာကျပ်ငွေ ၁၃ဝဝဝ ကျပ်၊ ဖုန်း ၂ လုံးတို့အားလည်းကောင်း၊ မော်တော်ယာဉ်ပေါ်တွင် မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း တွေ့ရှိခဲ့သဖြင့် သက်သေများရှေ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ တရားခံ အားဟို (၃၅ နှစ်)နှင့် ပီဆာ (၃၆ နှစ်) ရန်ကုန်ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူ ၂ ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက် စုံးစမ်းဖော်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats